ပြည်သူတွေအတွက် ကပ်ရောဂါဆိုးကြီးကို မကြောက်မဝံ့တိုက်ထုတ်နေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦး ရေးတဲ့စာ





unicode

ကျွန်တော်တို့ရောဂါပိုး မကူးသရွေ့ကမ္ဘာကြီးကိုကယ်တင်ပေးနေဦးမှာပါ ကျွန်တော်တို့ ကူးခဲ့ရင်လဲဘာဆေးမှမကုပါနဲ့ကျွန်တော်တို့ပေးဆပ်သွားပါမယ်အခန်းလေးတစ်ခန်းထဲမှာတစ်ယောက်ထဲထားပေးပါခင်ဗျားတို့ကလဲကျွန်တော်တို့အားရှိအောင် အစားအစာတွေပေးမဲ့အစားဘယ်သွားသွား Mask တပ်ပေးပါ ဘယ်သွားသွားလက်ဆေးပေးပါ ဒီရောဂါပိုးကြီးကိုတိုက်ထုတ်ဖို့ဆိုတာကျွန်တော်တို့ တင်မကဘူး ခင်ဗျားတို့တစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်ကျွန်တော်တို့လဲအိမ်မှာနေပြီးအေးဆေးနေလို့ရတာပေါ့ဗျာ ပူပြင်းလှတဲ့နေကိုအန်တုပြီးကြောက်စရာကောင်းတဲ့ရောဂါပိုးကို

ဂရုမစိုက်ကိုယ့်ရဲ့ဝါသနာကြေင့်လူတွေရဲ့ အသက်ကိုကယ်တင်ချင်လို့ကျွန်တော်တို့မှာ စေတနာရယ်ဝါသနာရယ်အနစ်နာရယ်အဲ့ဒီ နာသုံးနာနဲ့ဒီရောဂါပိုးကြီကိုတိုက်ထုတ်နေတာပါပြီး တော့ကျန်မာရေးဝန်ထမ်းတွေကိုတချို့တချို့တွေက အော်လားဆဲလားမလုပ်ပါနဲ့ခင်ဗျားတို့ကိုကုသပေးနေတာခင်ဗျား တို့အနေအထိုင်မဆင်ခြင်လို့ကူးစပ်ခံရတာကိုကျန်းမာရေးဝန်ထမ်းတွေကကုသပေးနေရတာ အဲ့တာကိုနားလည်ပါခင်ဗျားတို့ရောဂါပိုးမရှိအောင် ပရဟိတလူမူကယ်ဆယ်ရေးအသင်းတွေကဆေးဖျန်းခြင်း တွေလုပ်ပေးနေတာကျွန်တော်ခံစားခဲ့ရတဲ့အဖြစ်အပျက်လေး တစ်ခုပြောပြမယ်ပရဟိတသမားတိုင်းလဲခံစားရမယ်ထင်တယ်ကျွန်တော်တို့ရောဂါပိုးတွေလို့

PPEတွေဝတ်ပြီးကားပေါ်တက်ခဲ့တယ်လမ်းတစ်နေရာမှာကားကိုပြန်ကွေ့တဲ့အချိန်လူ4ရောက်5ရောက်လောက်ထိုင်နေတဲ့သူတေရပ်ကွက်လုံခြုံရေးအဖွဲ့လို့ထင်တယ်ချက်ချင်းထလာတယ်ကားကိုဝိုင်းပြီးကြည့်ပေးတာပေါ့အဲ့တာနဲ့ကျွန်တော်လဲလက်အုပ်လေးချီပြီးကျေးဇူးတင်လိုက်တယ်အဲ့ချိန်မှာလူတစ်ယောက်ကလက်ခုတ်လေးတီးပေးနေတယ်ကျွန်တော်သူတီးနေတာကြည့်ပီးကို့ကိုယ်ကိုပီတိလဲဖစ်တယ်ဗျာကို့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲမသိဘူးအဲ့တာနဲ့အဲ့ကလူတွေအကုန်လုံးဝိုင်း​ပြီးလက်ခုတ်တီးကြတော့အတိုင်မသိဝမ်းသာမိသွားတယ်ကျွန်တော်လဲလက်မလေးထောင်လက်အုပ်လေးချီပြီး ကျေးဇူးပါလို

့ပြောခဲ့လိုက်တယ် ဒါပရဟိတသမားတစ်ယောက်ရဲ့ခံစားချက်ခွန်အားလဲဖြစ်ပါတယ် တစ်ချို့တွေရှိသေးတယ်ကျွန်တော်တို့ကားတွေလာပြီဆိုအိမ်တခါးပိတ်ပြေးရတာနဲ့Maskကောက်တပ်ရတာနဲ့ဓာတ်ပုံတွေရိုက်ရတာနဲ့အဲ့လိုတွေမလုပ်ပါနဲ့ တက်နိုင်သလောက် ပါဝင်ကူညီပေးပါကျန်မားရေးကားတွေလာရင်အတတ်နိုင်ဆုံးဝိုင်းဝန်းကူညီးပေးကြပါလက်ခုတ်တီးဂုဏ်ပြုပေးကြပါရန်တောင်ဆိုချင်ပါတယ်ခဗျအိမ်မှာပဲနေပါမလိုအပ်ရင်အပြင်မထွက်နဲ့ အပြင်ထွက်ကMaskတပ်၊ပါလက်ဆေးပါကမ္ဘာကြီးကိုကယ်တင်ကြမယ် Fighting

Add a Comment

Your email address will not be published. Required fields are marked *

15 − 13 =