ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ် ခဲ့ပြီးနောက် ကျောင်းထိုင် ဆရာတော် လိုအပ်နေ လို့ တောင်းဆို ခဲ့တဲ့ရွာလေး

ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ် ခဲ့ပြီးနောက် ကျောင်းထိုင် ဆရာတော် လိုအပ်နေ လို့ တောင်းဆို ခဲ့တဲ့ရွာလေး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ မြို့နယ်က အိမ်ခြေ ၃၀ ကျော် ရှိတဲ့ လီဆူ တိုင်းရင်းသားတွေနေထိုင်တဲ့ လွယ် ခွန်ကျေးရွာမှာ သာသနာ့အကျိုးကိုအမှန်တကယ်သယ်ပိုးလကျောင်းထိုင်ဆရာတော် လိုအပ်နေပါတယ်။

Covid -19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် တွေကို ရွာစဉ်အလိုက် ဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးရင်း အဲဒီရွာကို ရောက်ရှိခဲ့တဲ့ ဆရာတော် သောဘိသကို ဒေသခံ ရွာသားတွေက တရားပြပေးနိုင်မယ့် ဆရာတော် တစ်ပါး လိုအပ်နေတဲ့အကြောင်း တောင်းပန်လျှောက် ထားခဲ့တာ ဖြစ်ပါတယ်။

လွယ်ခွန်ကျေးရွာက လီဆူတိုင်းရင်းသားတွေက အရင်က ဆို ဗုဒ္ဓဘာသာကိုးကွယ်သူအနည်းငယ်သာ ရှိခဲ့ တာပါ။ အများအားဖြင့် နှစ်ချင်းခရစ်ယာန်ဘာသာနဲ့ ကက်သလစ်ဘာသာ ကိုးကွယ်သူတွေ ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကူးပြောင်းကိုးကွယ်နေတဲ့ အိမ်ခြေ ၂၁ အိမ်ထောင်စု မိသားစုဝင် တွေအတွက် တရားပြပေးနိုင်မယ့် ကျောင်းထိုင်ဆရာတော် တစ်ပါး လိုအပ်နေတာပါ။

လောလောဆယ်မှာတော့ ဗုဒ္ဓဘာသာကို ကူးပြောင်း ကိုးကွယ် နေသူတွေအတွဘုန်းကြီးကျောင်းဆောင်သစ် မှာ ဘုရားဆင်းတုတော်တွေ ပင့်ဆောင်ထားရှိပေးတာတွေကို လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာ သတိပဌာန်ကျောင်းတိ ကျောင်းထိုင်ဆရာတော် သောဘိတက အခုမှဗုဒ္ဓဘာသာကိုဝင်တယ် ကျောင်းစဆောက်တယ် ၊ ဦးဇင်းတို့သံဃာတော်တွေအစည်းအဝေးလုပ်ပြီး တစ်ပါးပို့ပေးမယ်လို့တော့ စဉ်းစားထားတယ် ၊ဘာသာရေးကနည်းနည်းအားနည်းသေးတော့ ဦးဇင်းတို့က ဦးဆောင်ပြီး ကျောင်းဆောက်ပေးတာတွေလည်း ရှိပါတယ်” လို့ မိန့်ဆိုခဲ့ပါတယ်။

ကျောင်းထိုင်ဆရာတော် တစ်ပါး ပို့ပေးပြီးရင် ဘာသာတရားနဲ့ ပတ်သက် တဲ့ ဆိုဆုံးမမှုတွေ တရားပြတာတွေ လုပ်ပေးသွာမယ့်အပြင် ကျေးရွာက ကလေးတွေကိုလည်း ကျောင်းပညာသင်ကြားပေးဖို့ စီစဉ်ထားရှိနေတယ် လို့လည်း သိရပါတယ်။လွယ်ခွန်ကျေးရွာဟာ နမ္မတူမြို့နယ်ထဲမှာ ရှိပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ အနေအထားမှာ ရှိနေပြီး နမ္မတူမြို့ နဲ့ နမ့်ဆန်မြို့နယ်ဆက်သွယ်ထားတဲ့ကြားမှာ ရှိနေတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

1 + 13 =