အားလုံး ကို ပိတ္ပစ္ လိုက္တာမ်ိဳး ထက္စာရင္ အားလုံး အဆင္ေျပေစမယ့္ ေလာ့ေဒါင္းျပဳလုပ္နည္း

စဥ္းစား ဖို႔ေကာင္းၿပီး လက္ေတြ႕က်တယ္ ။ ျဖစ္သင့္တယ္ ။ ကိုဗစ္ ကူးစက္ႏုန္း နဲ႔ ေသေပ်ာက္ ႏူန္း ေတြ မ်ားလာလို႔ အခုခ်ိန္မွာ လူေတာ္ေတာ္မ်ားမ်ားက စက္႐ုံ အလုပ္႐ုံ ေတြ ႐ုံးေတြ ကို ၁၁ ရက္ေလာက္ ပိတ္ၿပီး ေလာ့ေဒါင္းခ်ဖို႔ အႀကံေပးေနၾကတာ ေတြ႕ ရပါတယ္။ အဲသည္မွာ ဘာသြားေတြ႕လည္း ဆိုေတာ့ ျပကၡဒိန္ အရ ေအာက္တိုဘာ ႏိုဝင္ဘာလေတြ ရဲ႕ ပိတ္ရက္ေတြဟာ ၁၀ ရက္ေလာက္ ပိတ္ရက္ရွည္ေတြ ရွိတာကို ေတြ႕ရပါတယ္။

အဲသည္ ပိတ္ရက္ရွည္ေတြကို အခုလိုခ်ိန္မွာ သည္ စက္တာဘာ လ ကို ယူၿပီး အစား ထိုး ပိတ္ေပး လိုက္မယ္။ ၁၀ ရက္ေလာက္ အရင္ပိတ္ေပးလို႔ ေရာဂါ ကူးစက္ တဲ့ ႏူန္းက် သြားၿပီးမွ ေအာက္တိုဘာ ႏိုဝင္ဘာ ပိတ္ရက္ေတြမွာ ျပန္အစားထိုးၿပီး အလုပ္ျပန္ဆင္း ေပးရင္ အလုပ္ရွင္ေရာ အလုပ္သမားပါ အဆင္ေျပႏိုင္မယ္ ထင္ပါတယ္။

သည္လိုသာဆို အခုအရင္ ပိတ္ေပးတဲ့ ၁၀ ရက္ကို အလုပ္ရွင္က လစာ အျပည့္ ေပးႏိုင္မွာျဖစ္ၿပီး အစားထိုးျပန္ဆင္းေပးရင္လည္း လုပ္ခလစာ ရဦးမွာ ျဖစ္ပါတယ္။ လိုအပ္ခ်က္ရွိ ႏိုင္ပါတယ္။ ဝိုင္းေဆြးေႏြး အေျဖရွာရင္ ရလဒ္ေကာင္းတခု ရႏိုင္မယ္ထင္ပါတယ္။

MyintOo

unicode

စဉ်းစား ဖို့ကောင်းပြီး လက်တွေ့ကျတယ် ။ ဖြစ်သင့်တယ် ။ ကိုဗစ် ကူးစက်နုန်း နဲ့ သေပျောက် နူန်း တွေ များလာလို့ အခုချိန်မှာ လူတော်တော်များများက စက်ရုံ အလုပ်ရုံ တွေ ရုံးတွေ ကို ၁၁ ရက်လောက် ပိတ်ပြီး လော့ဒေါင်းချဖို့ အကြံပေးနေကြတာ တွေ့ ရပါတယ်။ အဲသည်မှာ ဘာသွားတွေ့လည်း ဆိုတော့ ပြက္ခဒိန် အရ အောက်တိုဘာ နိုဝင်ဘာလတွေ ရဲ့ ပိတ်ရက်တွေဟာ ၁၀ ရက်လောက် ပိတ်ရက်ရှည်တွေ ရှိတာကို တွေ့ရပါတယ်။

အဲသည် ပိတ်ရက်ရှည်တွေကို အခုလိုချိန်မှာ သည် စက်တာဘာ လ ကို ယူပြီး အစား ထိုး ပိတ်ပေး လိုက်မယ်။ ၁၀ ရက်လောက် အရင်ပိတ်ပေးလို့ ရောဂါ ကူးစက် တဲ့ နူန်းကျ သွားပြီးမှ အောက်တိုဘာ နိုဝင်ဘာ ပိတ်ရက်တွေမှာ ပြန်အစားထိုးပြီး အလုပ်ပြန်ဆင်း ပေးရင် အလုပ်ရှင်ရော အလုပ်သမားပါ အဆင်ပြေနိုင်မယ် ထင်ပါတယ်။

သည်လိုသာဆို အခုအရင် ပိတ်ပေးတဲ့ ၁၀ ရက်ကို အလုပ်ရှင်က လစာ အပြည့် ပေးနိုင်မှာဖြစ်ပြီး အစားထိုးပြန်ဆင်းပေးရင်လည်း လုပ်ခလစာ ရဦးမှာ ဖြစ်ပါတယ်။ လိုအပ်ချက်ရှိ နိုင်ပါတယ်။ ဝိုင်းဆွေးနွေး အဖြေရှာရင် ရလဒ်ကောင်းတခု ရနိုင်မယ်ထင်ပါတယ်။

MyintOo

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 12 =