ကိုဗစ္ ကပ္ေရာဂါ ရဲ႕ ဝမ္းနည္းစရာ ျမင္ကြင္း တခု ကာရန္မဲ့ ၾကေလၿပီ

ကာ ရန္မဲ့ၾကေလၿပီ … မန က္ေစာေစာ က် တဲ့မ်က္ရည္စက္ေတြ မေန႔က Duty ေရာက္ေရာက္ခ်င္း ရတဲ့ over အရ Ward ထဲမွာရွိတဲ့အသက္ ၆၀ ေက်ာ္အဖိုးအိုတေယာက္ လူနာေစာင့္ကမရွိ သားျဖစ္သူက ကိုဗစ္ positive နဲ႔ဆုံးသြားၿပီတဲ့ ။ ေသခ်ာေလးထပ္ေမးေတာ့မွ အဘသားက ကြၽန္မကိုယ္တိုင္ ေဝဘာဂီေဆး႐ုံပို႔ေပးခဲ့တဲ့ လူနာျဖစ္ေနတယ္ ရင္ထဲမွာ မေကာင္းေတာ့ဘူး။ တိုက္ဆိုင္မႈတခုက သူ႔သားေနသြားတဲ့အခန္းမွာ အဖိုးကို ထားထားတယ္ အေျခအေန ေလးက ေကာင္းလိုက္ မေကာင္းလိုက္ တခ်ိန္လုံးေစာင့္ၾကည့္ေနရတယ္ အျပင္ကေနေယာက္ဖဆိုသူက ဆန္ျပဳတ္ေလးေတြပို႔ေပး လိုအပ္တဲ့ေဆးေလးေတြဝယ္ပို႔ေပးတယ္ လူနာေစာင့္ေပးဖို႔ေတာ့အဆင္အေျပပါဘူးတဲ့။ အဖိုးကိုျမင္ရတာရင္ထဲမခံစားႏိုင္လို႔ တေနကုန္ CCTV ေရွ႕ေတာင္ ကြၽန္မ မထိုင္မိဘူးညက သိလိုက္ရတဲ့ အေျဖက positive တဲ့ ရင္ထဲမွာမခ်ိလိုက္တာ။ ဒီမနက္ အဖိုးကိုေဆးထိုးဖို႔ဝင္ရင္း မနက္စာ အိုဗာတင္း ေလးပါေဖ်ာ္ၿပီးယူသြားေပးလိုက္တယ္။

ကြၽန္မအခန္းထဲဝင္လာတာျမင္တဲ့အခ်ိန္ လွမ္းၾကည့္လိုက္တဲ့အၾကည့္ကို မေမ့ႏိုင္ဘူး အားကိုးတႀကီးနဲ႔ၾကည့္ေနတဲ့မ်က္ဝန္းေတြ ေအာက္စီဂ်င္ ၂ လိုင္းေပးထားေတာ့ လိုအပ္သလိုေလးျပဳျပင္ခ်ိန္ဆေပးေနတဲ့အခ်ိန္ ‘အဘေျပာတဲ့စကားတခြန္း အဘ မေက်ာ္ႏိုင္ေတာ့ဘူးနဲ႔တူပါတယ္တဲ့ အဘကိုႏိုင္သြားၿပီနဲ႔တူပါတယ္ သမီးရယ္တဲ့’ ဝဲတက္လာတဲ့မ်က္ရည္ကိုသိမ္း တုန္ရီေနတဲ့အသံကိုထိမ္းၿပီး အဘကလည္း အားမေလွ်ာ့ပါနဲ႔ ဘာလို႔လက္ေလွ်ာ့ရမွာလဲ ဆရာဝန္ဆရာမေတြ အမ်ားႀကီးရွိတယ္ေလ။ အဘလိုတာေျပာေနာ္ သမီးတို႔ရွိတယ္သိလားလို႔ လက္ေလးကိုင္ အားေပးလိုက္မိတယ္

ေဆးေလး ထိုးၿပီး ယူလာတဲ့ အိုဗာတင္း ေလးက္ုပိုက္ေလးတပ္ၿပီးတိုက္လိုက္တဲ့အခ်ိန္ ဗိုက္အရမ္းဆာေနၿပီး အျမန္မ်ိဳခ်လိုက္လို႔ သီးသြားၿပီး ေခ်ာင္းဆိုးလာလို႔ ခနနားခိုင္းၿပီး ေက်ာေလးပုတ္ေပး က်သြားတဲ့ ေအာက္ဆီဂ်င္လယ္ဗယ္ ကိုေစာင့္ၾကည့္ရင္း ရင္ထိတ္ေနမိတယ္။ ခနေနေတာ့ ေအာက္ဆီဂ်င္ ေလးျပန္ေကာင္းလာေတာ့ ပိုက္ေလးကိုတပ္ေပးၿပီး အဘေျဖးေျဖးခ်င္းေသာက္ေနာ္ ေျဖးေျဖးခ်င္းမ်ိဳခ် သမီးေစာင့္ေပးမယ္ သမီးရွိတယ္ေနာ္ဆိုၿပီး လက္ေလးကိုင္ထားေတာ့ ေျဖးေျဖးခ်င္းေသာက္ရွာတယ္ၿပီးေတာ့ ‘အဘက ေသာက္လို႔ ေကာင္းလိုက္တာသမီးရယ္ အရသာ ရွိလိုက္တာတဲ့’

Positive မွန္းသိေပမဲ့ အဖိုး လက္ေလးကိုင္ ေက်ာေလးသပ္ၿပီး အားေပးစကားေတြေျပာ အနားမွာေနလို႔ရသေလာက္ေလးေနေပးခဲ့တယ္။ စကားေတြေျပာရင္းသိခဲ့ရတာကအဖိုးအမ်ိဳးသမီးကလည္း ဂ်ပန္ေဆး႐ုံမွာ အဆုတ္မေကာင္းလို႔ေဆး႐ုံတက္ေနရတယ္တဲ့ သားဆုံးတာကိုလည္း အဖိုးကမသိ ေခြၽးမေလး Q ဝင္ေနရတာကိုလည္း မသိသူကိုယ္တိုင္ positive ျဖစ္ေနတာကို လည္းမသိ(ကြၽန္မတို႔က အဘကိုသနားလို႔မေျပာေသးတာပါ အိမ္သားကို ေတာ့ေျပာျပထားတယ္) အဆုတ္မေကာင္းလို႔ ေဆး႐ုံတက္ေနရတယ္ပဲ သိထားတာေလ။

ကိုယ္တကယ္ကို ခံႏိုင္ရည္ မရွိေတာ့ပါဘူး အဘအတြက္ စိတ္မေကာင္းေတြျဖစ္လြန္းလို႔ပါ ။ အရမ္းကိုစိတ္ဓာတ္က် အားငယ္ေနရွာတဲ့အဘ လူနာေစာင့္မရွိလို႔စိတ္မေကာင္းျဖစ္ေနေပမဲ့ သူ႔ရဲ႕ အညစ္အေၾကးေတြကို သူကိုယ္တိုင္ အိုးေလးထဲသြားရွာတယ္။ အိပ္ယာေပၚမသြားဘူး သူ႔အတြက္ လုပ္ေပးတဲ့သူေတြကို အားနာေနရွာတယ္ အရမ္းကိုသတိေကာင္းတဲ့အဘ ကိတ္မုန႔္ေလးေကြၽးတာကို စားခ်င္ေပမဲ့ အဘမစားႏိုင္ဘူးသမီး ေမာတယ္ သီးတယ္တဲ့ အိုဗာတင္းေလးပဲ တဝက္ေလာက္ေသာက္ရွာတယ္။ အဘေသာက္ေနာ္ သမီးထပ္ေဖ်ာ္ၿပီး ထည့္ေပးခဲ့မယ္ အားမနာနဲ႔ေနာ္လို႔ေျပာေတာ့ သမီးတို႔အလုပ္ပိုပါတယ္ အဘကရပါတယ္တဲ့ စကားလမ္းေၾကာင္းေျပာင္းၿပီး အဘဖုန္းေကာအားရွိရဲ႕လားလို႔ ေမးမိတာ အဘစကားၾကားမွ ကိုယ္မွားသြားမွန္းသိလိုက္ရတယ္။ အဘက ဖုန္းအားရွိပါတယ္ သမီးရယ္တဲ့ မလိုေတာ့ပါဘူးတဲ့ အဘဆီကို ဘယ္သူမွ ဖုန္းမဆက္ၾကေတာ့ဘူးေလတဲ့ အားအင္ခ်ိနဲ႔ေနတဲ့ အဖိုးအိုတေယာက္ရဲ႕ ၿပိဳလဲက်ခ်င္ေနတဲ့ အားငယ္စိတ္ေတြနဲ႔အသံ တကယ္ပါ ကိုယ္ဆက္ၿပီးနားေထာင္ႏိုင္စြမ္းမရွိေတာ့လို႔

အဘနဲ႔အနီးဆုံးမွာ ဖုန္းေလးကိုထား လိုအပ္ရင္သမီးတို႔ဆီ ဖုန္းဆက္လိုက္ေနာ္ ခ်က္ခ်င္းလာခဲ့ေပးမယ္ေနာ္။ သမီးသြားေတာ့မယ္ေနာ္ လို႔ အဘကိုႏႈတ္ဆက္ၿပီး ေျပးထြက္ခဲ့မိတယ္။ PPE ခြၽတ္တဲ့အခန္းမွာ PPE ခြၽတ္ၿပီး ခ်ဳံးပြဲခ်ငိုေႂကြးမိတယ္။ အဘကိုသနားလိုက္တာ ကြၽန္မတို႔ သာမန္ေနမေကာင္းျဖစ္ခ်ိန္မွာေတာင္ အနားမွာ ျပဳစုဖို႔ လူရွိေစခ်င္ေနတာ ခုလိုေရာဂါဆိုးႀကီးကို တိုက္ထုတ္ေနရတဲ့အခ်ိန္ အနားမွာျပဳစုမဲ့သူတေယာက္ရွိေစခ်င္မွာေပါ့ ခုေတာ့အိမ္သားတေယာက္မွမရွိေတာ့လို႔အားငယ္ေနေပမဲ့ ႏိုင္သေလာက္အားတင္းထားရွာတဲ့ ဒီအဖိုးအိုကို အရမ္းကို သနားမိလို႔။

ကြၽန္မduty မဟုတ္ေပမဲ့ အဘကို ေဆး႐ုံေျပာင္းတဲ့အခ်ိန္ကြၽန္မလိုက္ပို႔ေပးပါရေစ ကြၽန္မကိုဖုန္းဆက္ေပးပါလို႔ အမေတြကိုမွာခဲ့တယ္ကိုယ္တတ္ႏိုင္သေလာက္ အဘ အတြက္အားေလးျဖစ္ပါေစေတာ့ ဒီစာကို ကြၽန္မတကယ္မ်က္ရည္ေတြ နဲ႔ရင္းၿပီး ႏွလုံးသားနဲ႔ခံစားေရးဖြဲ႕မိပါတတယ္။ စာေရးဆရာမ မဟုတ္လို႔ အမွားပါရင္ခြင့္လႊတ္ေပးပါ။

Wint Wint Aye
Banyar Zaw

unicode

ကာ ရန်မဲ့ကြလေပြီ … မန က်စောစော ကျ တဲ့မျက်ရည်စက်တွေ မနေ့က Duty ရောက်ရောက်ချင်း ရတဲ့ over အရ Ward ထဲမှာရှိတဲ့အသက် ၆၀ ကျော်အဖိုးအိုတယောက် လူနာစောင့်ကမရှိ သားဖြစ်သူက ကိုဗစ် positive နဲ့ဆုံးသွားပြီတဲ့ ။ သေချာလေးထပ်မေးတော့မှ အဘသားက ကျွန်မကိုယ်တိုင် ဝေဘာဂီဆေးရုံပို့ပေးခဲ့တဲ့ လူနာဖြစ်နေတယ် ရင်ထဲမှာ မကောင်းတော့ဘူး။ တိုက်ဆိုင်မှုတခုက သူ့သားနေသွားတဲ့အခန်းမှာ အဖိုးကိုထား ထားတယ် အခြေအနေ လေးက ကောင်းလိုက် မကောင်းလိုက် တချိန်လုံးစောင့်ကြည့်နေရတယ် အပြင်ကနေယောက်ဖဆိုသူက ဆန်ပြုတ်လေးတွေပို့ပေး လိုအပ်တဲ့ဆေးလေးတွေဝယ်ပို့ပေးတယ် လူနာစောင့်ပေးဖို့တော့အဆင်အပြေပါဘူးတဲ့။ အဖိုးကိုမြင်ရတာရင်ထဲမခံစားနိုင်လို့ တနေကုန် CCTV ရှေ့တောင် ကျွန်မ မထိုင်မိဘူးညက သိလိုက်ရတဲ့ အဖြေက positive တဲ့ ရင်ထဲမှာမချိလိုက်တာ။ ဒီမနက် အဖိုးကိုဆေးထိုးဖို့ဝင်ရင်း မနက်စာ အိုဗာတင်း လေးပါဖျော်ပြီးယူသွားပေးလိုက်တယ်။

ကျွန်မအခန်းထဲဝင်လာတာမြင်တဲ့အချိန် လှမ်းကြည့်လိုက်တဲ့အကြည့်ကို မမေ့နိုင်ဘူး အားကိုးတကြီးနဲ့ကြည့်နေတဲ့မျက်ဝန်းတွေ အောက်စီဂျင် ၂ လိုင်းပေးထားတော့ လိုအပ်သလိုလေးပြုပြင်ချိန်ဆပေးနေတဲ့အချိန် ‘အဘပြောတဲ့စကားတခွန်း အဘ မကျော်နိုင်တော့ဘူးနဲ့တူပါတယ်တဲ့ အဘကိုနိုင်သွားပြီနဲ့တူပါတယ် သမီးရယ်တဲ့’ ဝဲတက်လာတဲ့မျက်ရည်ကိုသိမ်း တုန်ရီနေတဲ့အသံကိုထိမ်းပြီး အဘကလည်း အားမလျှော့ပါနဲ့ ဘာလို့လက်လျှော့ရမှာလဲ ဆရာဝန်ဆရာမတွေ အများကြီးရှိတယ်လေ။ အဘလိုတာပြောနော် သမီးတို့ရှိတယ်သိလားလို့ လက်လေးကိုင် အားပေးလိုက်မိတယ်

ဆေးလေး ထိုးပြီး ယူလာတဲ့ အိုဗာတင်း လေးက်ုပိုက်လေးတပ်ပြီးတိုက်လိုက်တဲ့ အချိန် ဗိုက်အရမ်းဆာနေပြီး အမြန်မျိုချလိုက်လို့ သီးသွားပြီး ချောင်းဆိုးလာလို့ ခနနားခိုင်းပြီး ကျောလေးပုတ်ပေး ကျသွားတဲ့ အောက်ဆီဂျင်လယ်ဗယ် ကိုစောင့်ကြည့်ရင်း ရင်ထိတ်နေမိတယ်။ ခနနေတော့ အောက်ဆီဂျင် လေးပြန်ကောင်းလာတော့ ပိုက်လေးကိုတပ်ပေးပြီး အဘဖြေးဖြေးချင်းသောက်နော် ဖြေးဖြေးချင်းမျိုချ သမီးစောင့်ပေးမယ် သမီးရှိတယ်နော်ဆိုပြီး လက်လေးကိုင်ထားတော့ ဖြေးဖြေးချင်းသောက်ရှာတယ်ပြီးတော့ ‘အဘက သောက်လို့ ကောင်းလိုက်တာသမီးရယ် အရသာ ရှိလိုက်တာတဲ့’ Positive မှန်းသိပေမဲ့ အဖိုး လက်လေးကိုင် ကျောလေးသပ်ပြီး အားပေးစကားတွေပြော အနားမှာနေလို့ရသလောက်လေးနေပေးခဲ့တယ်။ စကားတွေပြောရင်းသိခဲ့ရတာကအဖိုးအမျိုးသမီးကလည်း ဂျပန်ဆေးရုံမှာ အဆုတ်မကောင်းလို့ဆေးရုံတက်နေရတယ်တဲ့ သားဆုံးတာကိုလည်း အဖိုးကမသိ ချွေးမလေး Q ဝင်နေရတာကိုလည်း မသိသူကိုယ်တိုင် positive ဖြစ်နေတာကို လည်းမသိ(ကျွန်မတို့က အဘကိုသနားလို့မပြောသေးတာပါ အိမ်သားကို တော့ပြောပြထားတယ်) အဆုတ်မကောင်းလို့ ဆေးရုံတက်နေရတယ်ပဲ သိထားတာလေ။

ကိုယ်တကယ်ကို ခံနိုင်ရည် မရှိတော့ပါဘူး အဘအတွက် စိတ်မကောင်းတွေဖြစ်လွန်းလို့ပါ ။ အရမ်းကိုစိတ်ဓာတ်ကျ အားငယ်နေရှာတဲ့အဘ လူနာစောင့်မရှိလို့စိတ်မကောင်းဖြစ်နေပေမဲ့ သူ့ရဲ့ အညစ်အကြေးတွေကို သူကိုယ်တိုင် အိုးလေးထဲသွားရှာတယ်။ အိပ်ယာပေါ်မသွားဘူး သူ့အတွက် လုပ်ပေးတဲ့သူတွေကို အားနာနေရှာတယ် အရမ်းကိုသတိကောင်းတဲ့အဘ ကိတ်မုန့်လေးကျွေးတာကို စားချင်ပေမဲ့ အဘမစားနိုင်ဘူးသမီး မောတယ် သီးတယ်တဲ့ အိုဗာတင်းလေးပဲ တဝက်လောက်သောက်ရှာတယ်။

အဘသောက်နော် သမီးထပ်ဖျော်ပြီး ထည့်ပေးခဲ့မယ် အားမနာနဲ့နော်လို့ပြောတော့ သမီးတို့အလုပ်ပိုပါတယ် အဘကရပါတယ်တဲ့ စကားလမ်းကြောင်းပြောင်းပြီး အဘဖုန်းကောအားရှိရဲ့လားလို့ မေးမိတာ အဘစကားကြားမှ ကိုယ်မှားသွားမှန်းသိလိုက်ရတယ်။ အဘက ဖုန်းအားရှိပါတယ် သမီးရယ်တဲ့ မလိုတော့ပါဘူးတဲ့ အဘဆီကို ဘယ်သူမှ ဖုန်းမဆက်ကြတော့ဘူးလေတဲ့ အားအင်ချိနဲ့နေတဲ့ အဖိုးအိုတယောက်ရဲ့ ပြိုလဲကျချင်နေတဲ့ အားငယ်စိတ်တွေနဲ့အသံ တကယ်ပါ ကိုယ်ဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့လို့ အဘနဲ့အနီးဆုံးမှာ ဖုန်းလေးကိုထား လိုအပ်ရင်သမီးတို့ဆီ ဖုန်းဆက်လိုက်နော် ချက်ချင်းလာခဲ့ပေးမယ်နော်။ သမီးသွားတော့မယ်နော် လို့ အဘကိုနှုတ်ဆက်ပြီး ပြေးထွက်ခဲ့မိတယ်။ PPE ချွတ်တဲ့အခန်းမှာ PPE ချွတ်ပြီး ချုံးပွဲချငိုကြွေးမိတယ်။ အဘကိုသနားလိုက်တာ ကျွန်မတို့ သာမန်နေမကောင်းဖြစ်ချိန်မှာတောင် အနားမှာ ပြုစုဖို့ လူရှိစေချင်နေတာ ခုလိုရောဂါဆိုးကြီးကို တိုက်ထုတ်နေရတဲ့အချိန် အနားမှာပြုစုမဲ့သူတယောက်ရှိစေချင်မှာပေါ့ ခုတော့အိမ်သားတယောက်မှမရှိတော့လို့အားငယ်နေပေမဲ့ နိုင်သလောက်အားတင်းထားရှာတဲ့ ဒီအဖိုးအိုကို အရမ်းကို သနားမိလို့။

ကျွန်မduty မဟုတ်ပေမဲ့ အဘကို ဆေးရုံပြောင်းတဲ့အချိန်ကျွန်မလိုက်ပို့ပေးပါရစေ ကျွန်မကိုဖုန်းဆက်ပေးပါလို့ အမတွေကိုမှာခဲ့တယ်ကိုယ်တတ်နိုင်သလောက် အဘ အတွက်အားလေးဖြစ်ပါစေတော့ ဒီစာကို ကျွန်မတကယ်မျက်ရည်တွေ နဲ့ရင်းပြီး နှလုံးသားနဲ့ခံစားရေးဖွဲ့မိပါတတယ်။ စာရေးဆရာမ မဟုတ်လို့ အမှားပါရင်ခွင့်လွှတ်ပေးပါ။

Wint Wint Aye
Banyar Zaw

Add a Comment

Your email address will not be published. Required fields are marked *

five − two =