ကိုဗစ်ကာလ မှာ မီးဖွားမယ့် ဇနီးသည်ကို အဝေးကနေ Ro ဆန်ဆန် အားပေးခဲ့တဲ့ အမျိုးသား

ကိုဗစ်ကာလ မှာ မီးဖွားမယ့် ဇနီးသည်ကို အဝေးကနေ Ro ဆန်ဆန် အားပေးခဲ့တဲ့ အမျိုးသား

အမေရိကန်ပြည်ထောင်စု၊ ရှီကာဂိုပြည်နယ် က အမျိုးသား တစ်ယောက်ဟာ မီးဖွားမယ့်ဇနီးသည်ကို အနီးကပ် တွေ့ခွင့်မရတာကြောင့် ဆေးရုံပြတင်းပေါက်ကတဆင့် ဇနီးသည်မြင်ရလောက်မယ့် ဆေးရုံအဆောက်အအုံ အောက်နားကနေ အားပေးခဲ့ပါတယ်။ အကြောင်းက အခုလိုကိုဗစ်ကာလအတွင်း ဆေးရုံက ကန့်သတ်ချက် တွေ ကြောင့် သူ့အနေနဲ့ မီးဖွားမယ့် ဇနီးသည်ကို အခုလိုအဝေးကနေပဲ အားပေးခဲ့ရတာပါ။

ကိုယ်ဝန် ၂၈ ပတ်ရှိပြီ ဖြစ်တဲ့ Shona Moeller ဟာ ရှီကာ ဂိုနယ်က ဆေးရုံတစ်ရုံမှာ ကလေးမီးဖွားဖို့အတွက် ဆေးရုံတက်နေရတာ ၆ ပတ်ရှိနေပါပြီ။ သူ့အနေနဲ့ သားငယ်လေးကို မွေးဖွားမှာဖြစ်ပြီး Forest လို့ ကြိုတင် နာမည်ပေးထားပါတယ်။

သူမဆေးရုံတက်နေစဉ် တစ်ပတ် မှာတော့ သူမနေထိုင်ရာကအခန်းရဲ့ ပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ လမ်းပေါ်မှာ စားပွဲတစ်လုံးချပြီး ထိုင်ခုံတစ်လုံးနဲ့ ထိုင်နေတဲ့ ခင်ပွန်းသည် Robert Conlin ကို တွေ့မြင်ရပါတယ်။ စားပွဲပေါ်မှာ ပန်းတွေ၊ ဖယောင်းတိုင်တွေနဲ့ အလှဆင် ထားပြီး သူတို့နှစ်ဦးအတူတကွ dinner စားနေတဲ့ပုံစံမျိုးရရှိအောင် ဖန်တီးထားဟန်တူပါတယ်။

Robert Colin ဟာ Proud PaPa လို့ရေးထား တဲ့ စာတမ်း ကိုလည်း ဇနီးမြင်အောင် ကိုင်မြှောက်ပြခဲ့ပါတယ်။ ဒါ့ပြင် စားပွဲပေါ်မှာ I love You လို့ ရေးသားထားတဲ့ စာရွက်တစ်ရွက်ကို မြင်သာအောင် ချထားပါသေးတယ်။ သူဟာ သူတို့နှစ်ဦးကြိုက်တဲ့ စားသောက်ဆိုင်ကနေ အစားအသောက် တွေ ဝယ်ယူပြီး ဇနီးသည်ရဲ့ အခန်းထဲကို ပို့ပေးစေခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ အဆောက်အအုံအပြင်ဘက်မှာ ထိုင်စားခဲ့တာပါ။

အသက် ၄၅ နှစ်အရွယ် Colin ဟာ အဲဒီလိုမျိုး တစ်ပတ်မှာတစ်ကြိမ် ပြုလုပ် ပေးနေတာ ဖြစ်ပါတယ်။ အသက် ၄၁ နှစ်အရွယ်ဇနီးသည် Moeller ကတော့ သူမခင်ပွန်းရဲ့အပြုအမူကို ပထမဆုံးတစ်ကြိမ် မြင်မြင်ချင်းမှာတော့ လုံးဝကို အံ့သြမှင်တက်သွားခဲ့ပါတယ်။

Moeller ဟာ တစ်ပတ်မှာ ၃ ခါ ၄ ခါလောက်တော့ အဆောက်အအုံ အပြင်ဘက်ကနေ သူမအခန်းဆီကို မြင်သာအောင် ထိုင်နေတတ်တဲ့ ခင်ပွန်းသည်ကို တွေ့မြင်ရလေ့ရှိပါတယ်။ သူတို့နှစ်ဦးရဲ့ dinner date ကိုတော့ Colin က အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်ပေးလေ့ ရှိပါတယ်။

သူတို့နှစ်ဦးဟာ လက်ထပ် ခဲ့တာ ၃ နှစ်ပဲ ရှိပါသေးပြီး မကြာခဏလည်း dinner date ထွက်ထွက် စားဖြစ်ကြပါ တယ်။ အဲဒါကြောင့်လည်း အခုလိုခဏတာခွဲနေရတဲ့ အချိန်လေးမှာလည်း ရိုးရာမပျက်အောင် အခုလို အဝေးက နေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း dinner စားခွင့်ရအောင် ဖန်တီးခဲ့ဟန်တူပါတယ်။ တကယ်ကို ချစ်စရာကောင်းပြီး Romantic ဆန်တဲ့ စိတ်ကူးလေး ပါပဲနော်။

Katie Scarlett

Source: 9gag

Credit:We Media

Add a Comment

Your email address will not be published. Required fields are marked *

one × 5 =