ကိုဗစ္ေရာဂါဆိုးႀကီး အေၾကာင္းကို ရင္နင့္စြာ ေျပာျပလာခဲ့တဲ့ ေစတနာ့ဝန္ထမ္း ဆရာဝန္တစ္ဦးေရးတဲ့စာ

လူေတြ လက္ဗလာ၊ေျခဗလာ mask မပါနဲ႔ အတူေပ်ာ္ပါး၊ စားသြား ခဲ့စဥ္က မေၾကာက္ခဲ့ၾက Positive ထြက္မွ ႐ြံစရာလို အျပစ္သားလို မဆက္ဆံေစခ်င္ပါဘူး။သူတို႔က ႐ုပ္ပိုင္းဆိုင္ရာ အျပင္ စိတ္ပိုင္းဆိုင္ရာ ေထာက္ပံ့လိုေနတဲ့သူေတြပါ။ အခုဆို ေသႏႈန္းျမင့္ေနတာမို႔ Positive ဆိုတာနဲ႔ အလိုလို ေၾကာက္လာမယ္။ မိသားစု ကို စိတ္ပူလာမယ္။

အေပါင္းအသင္း လုပ္ေဖာ္ကိုင္ကို အားနာ တာေတြ စိုးထိတ္မႈေတြနဲ႔အတူ အလ်ဥ္းသင့္သလို လာေခၚရတာမို႔ ညအခ်ိန္ကားႀကီးေတြေပၚ ကိုယ့္အထုတ္ကိုဆြဲ တက္ၾကရင္း ပို႔တဲ့ေနရာကို သြားၾကလာၾကနဲ႔ ပင္ပန္းၾကရွာမွာပါ။Positive လူနာ ေသဆုံးခဲ့လွ်င္လည္း က်န္အိမ္သားအားလုံးက FQ, HQ ဝင္ေနၾက ရတာမို႔ ျမန္မာအယူအဆ သက္ေပ်ာက္ဆြမ္း

ေျမဆင္းသပိတ္ မကပ္ရ အသုဘမွာ လူမပါ ႏိုင္ငံေတာ္က သၿဂိဳလ္ေပးၾကရတယ္။ ဘုန္းႀကီးကို ကုသိုလ္ျပဳ ရက္လည္ဆြမ္း တရားမနာရနဲ႔ တကယ့္ကို လူျဖစ္ရႈံး၊ လူ႔အခြင့္အေရး ဆုံးရႈံးရတဲ့ ေရာဂါဆိုးႀကီးပါ။ဒီကပ္ေဘးဆိုးႀကီး အျမန္ဆုံးရပ္တန႔္ပါေစ။ ေရာဂါျဖစ္သူမ်ားလည္း အျမန္ဆုံး ေက်ာ္လႊား ႏိုင္ပါေစ။

ေဒါက္တာ ဝင္းသႏၲာျဖဴ (ေျမာက္ဥကၠလာေဆး႐ုံ)

unicode

လူတွေ လက်ဗလာ၊ခြေဗလာ mask မပါနဲ့ အတူပျော်ပါး၊ စားသွား ခဲ့စဉ်က မကြောက်ခဲ့ကြ Positive ထွက်မှ ရွံစရာလို အပြစ်သားလို မဆက်ဆံစေချင်ပါဘူး။သူတို့က ရုပ်ပိုင်းဆိုင်ရာ အပြင် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့လိုနေတဲ့သူတွေပါ။ အခုဆို သေနှုန်းမြင့်နေတာမို့ Positive ဆိုတာနဲ့ အလိုလို ကြောက်လာမယ်။ မိသားစု ကို စိတ်ပူလာမယ်။

အပေါင်းအသင်း လုပ်ဖော်ကိုင်ကို အားနာ တာတွေ စိုးထိတ်မှုတွေနဲ့အတူ အလျဉ်းသင့်သလို လာခေါ်ရတာမို့ ညအချိန်ကားကြီးတွေပေါ် ကိုယ့်အထုတ်ကိုဆွဲ တက်ကြရင်း ပို့တဲ့နေရာကို သွားကြလာကြနဲ့ ပင်ပန်းကြရှာမှာပါ။Positive လူနာ သေဆုံးခဲ့လျှင်လည်း ကျန်အိမ်သားအားလုံးက FQ, HQ ဝင်နေကြ ရတာမို့ မြန်မာအယူအဆ သက်ပျောက်ဆွမ်း

မြေဆင်းသပိတ် မကပ်ရ အသုဘမှာ လူမပါ နိုင်ငံတော်က သဂြိုလ်ပေးကြရတယ်။ ဘုန်းကြီးကို ကုသိုလ်ပြု ရက်လည်ဆွမ်း တရားမနာရနဲ့ တကယ့်ကို လူဖြစ်ရှုံး၊ လူ့အခွင့်အရေး ဆုံးရှုံးရတဲ့ ရောဂါဆိုးကြီးပါ။ဒီကပ်ဘေးဆိုးကြီး အမြန်ဆုံးရပ်တန့်ပါစေ။ ရောဂါဖြစ်သူများလည်း အမြန်ဆုံး ကျော်လွှား နိုင်ပါစေ။

ဒေါက်တာ ဝင်းသန္တာဖြူ (မြောက်ဥက္ကလာဆေးရုံ)

Add a Comment

Your email address will not be published. Required fields are marked *

8 + 20 =