ဘာမွန္း မသိတဲ့ ပုိးသတ္ေဆးေတြ ကုိ အေၾကာက္အလန္႔ မရွိေနရာ စံုျဖန္းေနၾက တဲ့ ေရႊျမန္မာေတြ

ဟိုတေန႔က ေန႔ခင္း ၂:၀၀ ေလာက္ ပူပူႂကြပ္ႂကြပ္ အခ်ိန္ႀကီး ေ႐ႊဂုံတိုင္ မီးပြိဳင့္မွာ။

လိုက္ထရပ္ကားေပၚ ဖိုင္ဘာ တိုင္ကီႀကီးေတြတင္၊ ကြန္ပရက္ဆာဂန္းေတြနဲ႔ ပိုးသတ္ေဆးျဖန္းၾကတယ္တဲ့။ ေကာင္ေလးသုံးေလးေယာက္က အမိုးကိုင္းေပၚထိုင္၊ စပေရးဂန္းေတြနဲ႔ျဖန္းၾကတယ္ေပါ့ေ လ။ ဘာေတြထည့္ျဖန္းလဲ ဆိုတာေတာ့ ကိုယ္လည္းဥာဏ္မမီလို႔ မစဥ္းစားေတာ့ဘူး။

ဒီေလာက္ပူႂကြပ္ၿပီး တံလွ်ပ္ေတြေတာ င္ထေနတဲ့ ကတၱရာ လမ္းေပၚျဖန္းတယ္။ ထားေတာ့။ အက်ိဳးမရွိဘူးဆိုေပမယ့္ အက်ိဳးေတာ့မယုတ္ဘူးေပါ့ေလ။ လမ္းေဘးရပ္ထားတဲ့ ကားေတြေပၚကိုျဖန္းတယ္။ ထားလိုက္ပါဦး။ ပိုးတစ္ေကာင္ရွိေတာ့လည္း တေကာင္ေသေပါ့ေလ။

ကားမွတ္တိုင္ မွာကားေစာင့္ေနတဲ့ လူအုပ္ထဲကို သိသိႀကီး နဲ႔ျဖန္းတယ္။ ဟာ ဒါေတာ့ နည္းနည္းမ်ားသြားၿပီ။ ဟက္မေလး။ အျဖန္းခံရတဲ့သူေတြကလည္း ပိုးေတြေတာ့ေသၿပီ။ ငါတို႔ေတာ့ ပိုးသတ္ၿပီး သားျဖစ္ၿပီလို႔မ်ား ခံယူေလ သလားေတာ့မသိပါဘူး။ တေယာက္တေလေတာင္မွ ေရွာင္ထြက္သြားတာ၊ လက္နဲ႔ကာလိုက္တာ ဘာညာမရွိၾကဘူး။ ရင္ေကာ့ေခါင္းေမာ့ေတာင္ ေန လိုက္ၾကေသးတာ။

ျဖန္းတဲ့ေကာင္ေလးေတြ ကလည္း သၾကၤန္ေရပက္ရတယ္ မ်ားထင္လားမသိဘူး။ လူအုပ္ထဲကိုတမင္ထိုးျဖန္းၿပီး တဟီးဟီးတဟားဟားလုပ္ေနၾကတာ။ မသိလို႔ ေမးစမ္းပါရေစဦး။ ဘာေဆးေတြကို ဘယ္လို အခ်ိဳးအစားနဲ႔စပ္ၿပီး ဒီေလာက္အေၾကာက္ အလန္႔ကင္းကင္းနဲ႔ ျဖန္းေနၾကတာလဲေဟ။

Okka Kyi Win

unicode

ဟိုတနေ့က နေ့ခင်း ၂:၀၀ လောက် ပူပူကြွပ်ကြွပ် အချိန်ကြီး ရွှေဂုံတိုင် မီးပွိုင့်မှာ။

လိုက်ထရပ်ကားပေါ် ဖိုင်ဘာ တိုင်ကီကြီးတွေတင်၊ ကွန်ပရက်ဆာဂန်းတွေနဲ့ ပိုးသတ်ဆေးဖြန်းကြတယ်တဲ့။ ကောင်လေးသုံးလေးယောက်က အမိုးကိုင်းပေါ်ထိုင်၊ စပရေးဂန်းတွေနဲ့ဖြန်းကြတယ်ပေါ့ေ လ။ ဘာတွေထည့်ဖြန်းလဲ ဆိုတာတော့ ကိုယ်လည်းဉာဏ်မမီလို့ မစဉ်းစားတော့ဘူး။

ဒီလောက်ပူကြွပ်ပြီး တံလျှပ်တွေတော င်ထနေတဲ့ ကတ္တရာ လမ်းပေါ်ဖြန်းတယ်။ ထားတော့။ အကျိုးမရှိဘူးဆိုပေမယ့် အကျိုးတော့မယုတ်ဘူးပေါ့လေ။ လမ်းဘေးရပ်ထားတဲ့ ကားတွေပေါ်ကိုဖြန်းတယ်။ ထားလိုက်ပါဦး။ ပိုးတစ်ကောင်ရှိတော့လည်း တကောင်သေပေါ့လေ။

ကားမှတ်တိုင် မှာကားစောင့်နေတဲ့ လူအုပ်ထဲကို သိသိကြီး နဲ့ဖြန်းတယ်။ ဟာ ဒါတော့ နည်းနည်းများသွားပြီ။ ဟက်မလေး။ အဖြန်းခံရတဲ့သူတွေကလည်း ပိုးတွေတော့သေပြီ။ ငါတို့တော့ ပိုးသတ်ပြီး သားဖြစ်ပြီလို့များ ခံယူလေ သလားတော့မသိပါဘူး။ တယောက်တလေတောင်မှ ရှောင်ထွက်သွားတာ၊ လက်နဲ့ကာလိုက်တာ ဘာညာမရှိကြဘူး။ ရင်ကော့ခေါင်းမော့တောင် နေ လိုက်ကြသေးတာ။

ဖြန်းတဲ့ကောင်လေးတွေ ကလည်း သင်္ကြန်ရေပက်ရတယ် များထင်လားမသိဘူး။ လူအုပ်ထဲကိုတမင်ထိုးဖြန်းပြီး တဟီးဟီးတဟားဟားလုပ်နေကြတာ။ မသိလို့ မေးစမ်းပါရစေဦး။ ဘာဆေးတွေကို ဘယ်လို အချိုးအစားနဲ့စပ်ပြီး ဒီလောက်အကြောက် အလန့်ကင်းကင်းနဲ့ ဖြန်းနေကြတာလဲဟေ။

Okka Kyi Win