သဃၤန္းကြၽန္း က ေလာ့ေဒါင္း ခ်ထားတဲ့ တိုက္ကို သံႀကိဳးေတြ နဲ႔ အထပ္ထပ္ ေသာ့ခတ္ထားတဲ့ အျဖစ္

တကယ္ ကို ရင္ထဲ မေကာင္းတာပါ က်မဒီေန႔ သကၤန္းကြၽန္း ေလာ့ေဒါင္း ခ်ခံထားရတဲ့တိုက္ကို Delivery စားစရာေဖာ့ဗူးေတြ နဲ႔ ၁၀ ဗူးေက်ာ္ေလာက္ သြားပို႔ရပါတယ္ အစကေတြးထားတာ သူတို႔ဆင္းလာယူမယ္ ကားထဲကေန မဆင္းပဲ အထုပ္ေပးၿပီး တန္းျပန္လာမယ္ေပါ့ နည္းနည္းေတာ့ ေၾကာက္ေပမယ့္ ကိုယ့္အလုပ္ပဲမို႔ သြားစရာရွိတာ သြားခဲ့ပါတယ္

တိုက္ေရွ႕ေရာက္ေတာ့ ဖုန္းလွမ္း ဆက္လိုက္တယ္ ေရာက္ေနပီဆိုတဲ့အေၾကာင္းေပါ့ သမီးေရ ဆင္းလာပါၿပီတဲ့ ဦးေလးႀကီးအသံ ကားထဲက ထိုင္ေစာင့္ေနခ်ိန္ တိုက္ကို ရႈိးလိုက္ေတာ့ Police Line Do Not Cross ဆိုတဲ့ တိပ္အဝါေတြကပ္ထားတယ္ တိုက္ေလွခါးမွာလည္း သံႀကိဳး တုတ္တုတ္ေတြနဲ႔ တံခါးေတြေသာ့ခပ္ထားတယ္ ၆ ထပ္တိုက္လားမသိ ခဏေနေတာ့ ဦးေလးႀကီးတစ္ေယာက္ ေသာ့ခပ္ထားတဲ့ သံပန္းတံခါးေနာက္မွာ က်မကို ဖုန္းဆက္မလို႔လုပ္တုန္း မထူးပါဘူးဆိုပီး က်မွပဲ စားစရာဗူးေတြကိုင္ၿပီး ေျပးသြားေပးလိုက္တယ္

ဦးေလး ေသာ့ခပ္ထားတယ္ေနာ္ ေအး ဟုတ္တယ္ သမီး ရပ္ကြက္က ခပ္သြားတာ ဟင္ ဒါဆို ဒီဗူးေတြ ဘယ္လိုေပးရပါမလဲ ဆိုပီး က်မလည္း ထည့္ေပးလို႔ရမယ့္ သံပန္းထဲက အေပါက္လြတ္ေတြကို ရွာေပမယ့္ ဗူးေတြကႀကီးပီး အေပါက္ေလးေတြက ေသးေနလို႔ အထဲထည့္ေပးလို႔ အဆင္မေျပ ဒါနဲ႔ပဲ ဦးေလး ေဖာ့ဗူးေတြ ဆိုေတာ့ တစ္ဗူးခ်င္းထုတ္ေပးရင္ ရႏိုင္တယ္ ေဒါင္လိုက္ေစာင္းေပးရင္ ရႏိုင္တယ္ လို႔ဆိုေတာ့

သမီးရယ္ နင့္လည္း အားနာပါတယ္ အဲ့ေလွကားေျခရင္းမွာသာ ခ်ထား လိုက္ပါ ဦးေလးဘာသာ ဦးေလးပဲ ထုတ္ယူလိုက္ပါ့မယ္ သြားစရာရွိတာ ဆက္သြားပါတဲ့ အဆင္ေျပပါ့မလား ရပါ့မလား ဆိုေတာ့ ရပါတယ္ သြားပါ တဲ့ က်မလည္း ေနာက္ထပ္ပို႔စရာေတြရွိတာနဲ႔ သူေျပာတဲ့အတိုင္း စားစရာဗူးေလးေတြကို ေလွကားနဲ႔ သံပန္း တံခါးက ေျခရင္းမွာပဲ ခ်ထားခဲ့လိုက္တယ္ အခ်ိန္ရရင္ က်မ တစ္ဗူးခ်င္းထုတ္ပီး ကူညီေပးလိုက္ပါတယ္။

က်မလည္း ကားေပၚေရာက္ပီး လွမ္းၾကည့္ေနခ်ိန္ သူ႔ခင္ဗ်ာ ငုတ္တုတ္ေလး ထိုင္ကာ အျပင္က စားစရာဗူးေလးေတြကို တစ္ဗူးခ်င္း ခဲရာခဲဆစ္နဲ႔ အျပင္ကေန အတြင္းကို ထုတ္ယူေနရပါတယ္ တစ္လမ္းလုံး က်မမ်ည္ရည္ေတြ ဝဲလာတယ္ အဲ့လိုပုံစံ မၾကည့္ရက္ပါ ရင္ထဲမွာ ခုထိေနလို႔မေကာင္းပါ ေၾကာက္စိတ္ အနည္းငယ္ရွိေပမယ့္ လူသားခ်င္းစာနာပီး အယဥ္ေက်းဆုံး ေျပာဆိုဆက္ဆံခဲ့ေပမယ့္ အားေပးတဲ့အေနနဲ႔ က်မလုံးဝမေၾကာက္ေၾကာင္း လူလူခ်င္း မခြဲျခားေၾကာင္းကိုျပကာ စားစရာေတြကို ကိုယ္တိုင္ အိတ္ေျဖကာ သူ႔ကိုမေပးခဲ့မိ မကူညီေပးႏိုင္ ခဲ့တာကို တစ္လမ္းလုံး ေနာင္တရေနခဲ့ပါတယ္

Stay At Home ေနရတဲ့ ေစာင့္ၾကည့္အျဖစ္ ထားခံ ရရင္ေတာင္ တကယ္ေတာ့ အဲ့လိုတိုက္ေတြ ေသာ့ခတ္ပိတ္ထားတာ လုံးဝမျဖစ္သင့္ဘူးလို႔ ထင္မိပါတယ္ အေရးရယ္ အေၾကာင္းရယ္ဆို ဘယ္လိုထြက္မလဲ ပီးေတာ့ လူနာေတြပဲ ျဖစ္ပေစ မေကာင္းမူ႔ ဒုစ႐ိုက္ေတြလုပ္ေနတဲ့ သူေတြလည္း မဟုတ္ၾကပါဘူး ခ်က္ခ်င္းကို စိတ္ဓါတ္ေတြကို ပိုအားငယ္သြားေအာင္ လုပ္ထားသလိုပါပဲ။

ဒီေန႔ ရလိုက္တဲ့ သင္ခန္းစာက ဘယ္လိုလူပဲ ျဖစ္ျဖစ္ လူသားခ်င္းစာနာ ႐ိုင္းပင္းမႈ႕ရွိသင့္သလို ဘယ္သူ႔ကိုမဆို ေၾကာက္ေနေသာ္လည္း ဥေပကၡာမျပဳပဲ အားေပးျခင္း ေဖာ္ေ႐ြဆက္ဆံျခင္းမ်ား ျပဳလုပ္သင့္တယ္ဆိုတာ သူတို႔ခင္ဗ်ာ အားငယ္ေနရွာမွာပဲဆိုတဲ့ အေတြးနဲ႔ သူတို႔ေနရာက ၾကည့္ခဲ့ၿပီး ကိုယ္ခ်င္းစာခဲ့မိပါေတာ့တယ္။

Su Wati

unicode

တကယ် ကို ရင်ထဲ မကောင်းတာပါ ကျမဒီနေ့ သင်္ကန်းကျွန်း လော့ဒေါင်း ချခံထားရတဲ့တိုက်ကို Delivery စားစရာဖော့ဗူးတွေ နဲ့ ၁၀ ဗူးကျော်လောက် သွားပို့ရပါတယ် အစကတွေးထားတာ သူတို့ဆင်းလာယူမယ် ကားထဲကနေ မဆင်းပဲ အထုပ်ပေးပြီး တန်းပြန်လာမယ်ပေါ့ နည်းနည်းတော့ ကြောက်ပေမယ့် ကိုယ့်အလုပ်ပဲမို့ သွားစရာရှိတာ သွားခဲ့ပါတယ်

တိုက်ရှေ့ရောက်တော့ ဖုန်းလှမ်း ဆက်လိုက်တယ် ရောက်နေပီဆိုတဲ့အကြောင်းပေါ့ သမီးရေ ဆင်းလာပါပြီတဲ့ ဦးလေးကြီးအသံ ကားထဲက ထိုင်စောင့်နေချိန် တိုက်ကို ရှိုးလိုက်တော့ Police Line Do Not Cross ဆိုတဲ့ တိပ်အဝါတွေကပ်ထားတယ် တိုက်လှေခါးမှာလည်း သံကြိုး တုတ်တုတ်တွေနဲ့ တံခါးတွေသော့ခပ်ထားတယ် ၆ ထပ်တိုက်လားမသိ ခဏနေတော့ ဦးလေးကြီးတစ်ယောက် သော့ခပ်ထားတဲ့ သံပန်းတံခါးနောက်မှာ ကျမကို ဖုန်းဆက်မလို့လုပ်တုန်း မထူးပါဘူးဆိုပီး ကျမှပဲ စားစရာဗူးတွေကိုင်ပြီး ပြေးသွားပေးလိုက်တယ်

ဦးလေး သော့ခပ်ထားတယ်နော် အေး ဟုတ်တယ် သမီး ရပ်ကွက်က ခပ်သွားတာ ဟင် ဒါဆို ဒီဗူးတွေ ဘယ်လိုပေးရပါမလဲ ဆိုပီး ကျမလည်း ထည့်ပေးလို့ရမယ့် သံပန်းထဲက အပေါက်လွတ်တွေကို ရှာပေမယ့် ဗူးတွေကကြီးပီး အပေါက်လေးတွေက သေးနေလို့ အထဲထည့်ပေးလို့ အဆင်မပြေ ဒါနဲ့ပဲ ဦးလေး ဖော့ဗူးတွေ ဆိုတော့ တစ်ဗူးချင်းထုတ်ပေးရင် ရနိုင်တယ် ဒေါင်လိုက်စောင်းပေးရင် ရနိုင်တယ် လို့ဆိုတော့

သမီးရယ် နင့်လည်း အားနာပါတယ် အဲ့လှေကားခြေရင်းမှာသာ ချထား လိုက်ပါ ဦးလေးဘာသာ ဦးလေးပဲ ထုတ်ယူလိုက်ပါ့မယ် သွားစရာရှိတာ ဆက်သွားပါတဲ့ အဆင်ပြေပါ့မလား ရပါ့မလား ဆိုတော့ ရပါတယ် သွားပါ တဲ့ ကျမလည်း နောက်ထပ်ပို့စရာတွေရှိတာနဲ့ သူပြောတဲ့အတိုင်း စားစရာဗူးလေးတွေကို လှေကားနဲ့ သံပန်း တံခါးက ခြေရင်းမှာပဲ ချထားခဲ့လိုက်တယ် အချိန်ရရင် ကျမ တစ်ဗူးချင်းထုတ်ပီး ကူညီပေးလိုက်ပါတယ်။

ကျမလည်း ကားပေါ်ရောက်ပီး လှမ်းကြည့်နေချိန် သူ့ခင်ဗျာ ငုတ်တုတ်လေး ထိုင်ကာ အပြင်က စားစရာဗူးလေးတွေကို တစ်ဗူးချင်း ခဲရာခဲဆစ်နဲ့ အပြင်ကနေ အတွင်းကို ထုတ်ယူနေရပါတယ် တစ်လမ်းလုံး ကျမမျည်ရည်တွေ ဝဲလာတယ် အဲ့လိုပုံစံ မကြည့်ရက်ပါ ရင်ထဲမှာ ခုထိနေလို့မကောင်းပါ ကြောက်စိတ် အနည်းငယ်ရှိပေမယ့် လူသားချင်းစာနာပီး အယဉ်ကျေးဆုံး ပြောဆိုဆက်ဆံခဲ့ပေမယ့် အားပေးတဲ့အနေနဲ့ ကျမလုံးဝမကြောက်ကြောင်း လူလူချင်း မခွဲခြားကြောင်းကိုပြကာ စားစရာတွေကို ကိုယ်တိုင် အိတ်ဖြေကာ သူ့ကိုမပေးခဲ့မိ မကူညီပေးနိုင် ခဲ့တာကို တစ်လမ်းလုံး နောင်တရနေခဲ့ပါတယ်

Stay At Home နေရတဲ့ စောင့်ကြည့်အဖြစ် ထားခံ ရရင်တောင် တကယ်တော့ အဲ့လိုတိုက်တွေ သော့ခတ်ပိတ်ထားတာ လုံးဝမဖြစ်သင့်ဘူးလို့ ထင်မိပါတယ် အရေးရယ် အကြောင်းရယ်ဆို ဘယ်လိုထွက်မလဲ ပီးတော့ လူနာတွေပဲ ဖြစ်ပစေ မကောင်းမူ့ ဒုစရိုက်တွေလုပ်နေတဲ့ သူတွေလည်း မဟုတ်ကြပါဘူး ချက်ချင်းကို စိတ်ဓါတ်တွေကို ပိုအားငယ်သွားအောင် လုပ်ထားသလိုပါပဲ။

ဒီနေ့ ရလိုက်တဲ့ သင်ခန်းစာက ဘယ်လိုလူပဲ ဖြစ်ဖြစ် လူသားချင်းစာနာ ရိုင်းပင်းမှု့ရှိသင့်သလို ဘယ်သူ့ကိုမဆို ကြောက်နေသော်လည်း ဥပေက္ခာမပြုပဲ အားပေးခြင်း ဖော်ရွေဆက်ဆံခြင်းများ ပြုလုပ်သင့်တယ်ဆိုတာ သူတို့ခင်ဗျာ အားငယ်နေရှာမှာပဲဆိုတဲ့ အတွေးနဲ့ သူတို့နေရာက ကြည့်ခဲ့ပြီး ကိုယ်ချင်းစာခဲ့မိပါတော့တယ်။

Su Wati

Add a Comment

Your email address will not be published. Required fields are marked *

2 + ten =