ရန္ကုန္ၿမိဳ႕ မွာ တပိုင္းေလာ့ေဒါင္း လုပ္တဲ့ ပထမ ဆုံးေန႔မွာ ပဲ ပင္စင္ ထုတ္သူေတြ မ်ားျပားေန

ပင္စင္ လစာေတြကို (၂၁) ရက္ေန႔မွာပဲ စုၿပဳံ ထုတ္ယူတာေတြ မလုပ္ေဆာင္ဖို႔ ပန္ၾကားထားေပ မဲ့ အင္းစိန္ျမန္မာ့ စီးပြားေရးဘဏ္မွာေတာ့ ဒီေန႔ စက္တင္ဘာလ(၂၁)ရက္ေန႔မွာ ပင္စင္လာေရာက္ ထုတ္ယူသူေတြ အမ်ားအျပား ရွိေနပါတယ္။ အစိုးရအေန နဲ႔ ပင္စင္ထုတ္တဲ့သူေတြကို ATM စက္ေတြက ထုတ္ယူဖို႔ နဲ႔ ဒစ္ဂ်စ္တယ္ မိုဘိုင္းစနစ္နဲ႔ ထုတ္ၾကဖို႔လည္း ထုတ္ျပန္ထားပါတယ္။

ရန္ကုန္တစ္တိုင္းလုံးကိုေတာ့ ကိုကိုကြၽန္းၿမိဳ႕နယ္က လြဲၿပီး ဒီေန႔ စက္တင္ဘာလ(၂၁)ရက္ေန႔ကေန ေအာက္တိုဘာလ(၇)ရက္ေန႔အထိ ျပည္သူေတြအိမ္မွာပဲေနၾကဖို႔ Stay at Home အမိန႔္ထုတ္ျပန္ထားပါတယ္။ က်န္းမာေရးကိစၥ၊ ေဈးဝယ္ထြက္တဲ့ကိစၥနဲ႔ တျခားအေရးႀကီးကိစၥေတြကလြဲၿပီး အိမ္ျပင္ မထြက္ၾကဖို႔ အစိုးရကအမိန႔္ထုတ္ ထားတာပါ။

အစိုးရ ထုတ္ျပန္ခ်က္မွာေတာ့ ဘဏ္နဲ႔ေငြေၾကး ဝန္ေဆာင္မႈလုပ္ငန္းေတြ၊ စက္သုံးဆီအေရာင္းဆိုင္ေတြ၊ စားေသာက္ကုန္နဲ႔ သားငါး၊ အေအးခန္း လုပ္ငန္းေတြ၊ ေဆးဝါးနဲ႔ ေဆးပစၥည္းကိရိယာထုတ္လုပ္ေရးနဲ႔ ျဖန႔္ျဖဴး ေရးလုပ္ငန္းေတြ၊ ေရသန႔္ထုတ္လုပ္ျဖန႔္ျဖဴးတဲလုပ္ငန္းေတြနဲ႔ ေန႔စဥ္ တစ္ကိုယ္ရည္သုံးပစၥည္း ထုတ္လုပ္တဲ့ စက္႐ုံေတြပဲ ဆက္လက္ လုပ္ကိုင္ၾကဖို႔ ပါဝင္ပါတယ္။

crd

unicode

ပင်စင် လစာတွေကို (၂၁) ရက်နေ့မှာပဲ စုပြုံ ထုတ်ယူတာတွေ မလုပ်ဆောင်ဖို့ ပန်ကြားထားပေ မဲ့ အင်းစိန်မြန်မာ့ စီးပွားရေးဘဏ်မှာတော့ ဒီနေ့ စက်တင်ဘာလ(၂၁)ရက်နေ့မှာ ပင်စင်လာရောက် ထုတ်ယူသူတွေ အများအပြား ရှိနေပါတယ်။ အစိုးရအနေ နဲ့ ပင်စင်ထုတ်တဲ့သူတွေကို ATM စက်တွေက ထုတ်ယူဖို့ နဲ့ ဒစ်ဂျစ်တယ် မိုဘိုင်းစနစ်နဲ့ ထုတ်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တစ်တိုင်းလုံးကိုတော့ ကိုကိုကျွန်းမြို့နယ်က လွဲပြီး ဒီနေ့ စက်တင်ဘာလ(၂၁)ရက်နေ့ကနေ အောက်တိုဘာလ(၇)ရက်နေ့အထိ ပြည်သူတွေအိမ်မှာပဲနေကြဖို့ Stay at Home အမိန့်ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးကိစ္စ၊ ဈေးဝယ်ထွက်တဲ့ကိစ္စနဲ့ တခြားအရေးကြီးကိစ္စတွေကလွဲပြီး အိမ်ပြင် မထွက်ကြဖို့ အစိုးရကအမိန့်ထုတ် ထားတာပါ။

အစိုးရ ထုတ်ပြန်ချက်မှာတော့ ဘဏ်နဲ့ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ စားသောက်ကုန်နဲ့ သားငါး၊ အအေးခန်း လုပ်ငန်းတွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူး ရေးလုပ်ငန်းတွေ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးတဲလုပ်ငန်းတွေနဲ့ နေ့စဉ် တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေပဲ ဆက်လက် လုပ်ကိုင်ကြဖို့ ပါဝင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

twelve + five =