နဂိုအေျခအေန အတိုင္းျပန္ျဖစ္လို႔ Nightclub ေတာင္ဖြင့္ေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕

အခုႏွစ္ ကမာၻတစ္ဝွမ္းမွာ ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ စတင္ ျဖစ္ပြားရာေနရာလို႔ေျပာႏိုင္တဲ့ ဝူဟန္ၿမိဳ႕က ညဘက္ဖြင့္လွစ္တဲ့ကလပ္ေတြကို ျပန္ဖြင့္ေနပါၿပီ။ ဝူဟန္ၿမိဳ႕ ပုံမွန္အေျခအေနအတိုင္းျပန္ျဖစ္ေနတာကို ကလပ္တက္ကာ ေပ်ာ္ပါးေနၾကတဲ့ ဝူဟန္ၿမိဳ႕ခံေတြကို ႐ိုက္ထားတဲ့ဓာတ္ပုံေတြမွာ ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ လက္ရွိ အဲဒီအေျခအေနကို ေရာက္ဖို႔ မျဖစ္ႏိုင္ေသးခင္မွာ ဝူဟန္ၿမိဳ႕ကေတာ့ ညဘက္ အျပင္ထြက္ကာ ကလပ္တက္ၿပီး ေပ်ာ္႐ႊင္ေနတဲ့သူေတြကို ဓာတ္ပုံ႐ိုက္ခဲ့တာပါ။ ဗိုင္းရပ္စ္ကို တ႐ုတ္ႏိုင္ငံမွာ အေတာ္ေလးရွင္းထုတ္ႏိုင္ခဲ့ပါၿပီ။ (၃၃) ရက္မွာ ကိုဗစ္ပိုးေတြ႕ရွိသူ မရွိခဲ့ဘူးလို႔ တ႐ုတ္အစိုးရက ေျပာပါတယ္။

ဝူဟန္ၿမိဳ႕ကေတာ့ ေမလကတည္းက ကိုဗစ္ကူးစက္ခံရသူမရွိေတာ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြအရ သိရပါတယ္။ အခုလိုေရာဂါပိုးကူးစက္ခံရသူမရွိေတာ့တာကလည္း ဝူဟန္ၿမိဳ႕လူဦးေရ (၁၁) သန္းအတြက္ ေရာဂါပိုးစစ္ေဆးေပးတဲ့အစီအစဥ္ေၾကာင့္ျဖစ္ႏိုင္ပါတယ္။မၾကာေသးခင္ကလည္း တ႐ုတ္ျပည္နယ္ မီဒီယာတစ္ခုက ဝူဟန္ၿမိဳ႕အေျခအေနျပန္ေကာင္းေနၿပီး စီးပြားေရးလည္းလည္ပတ္ေနပုံရတဲ့ အေျခအေနကို Wuhan Maya Beach Water Park က လူစုလူေဝးႀကီးရဲ႕ပုံေတြကို ျပသခဲ့ပါေသးတယ္။

အခုအပတ္အေစာပိုင္းမွာလည္း ဝူဟန္ၿမိဳ႕က Waterpark အတြင္း ႁပြတ္သိပ္က်ပ္ေနတဲ့ လူေထာင္ခ်ီကို ျပသေနတဲ့ပုံေတြကိုလည္း သတင္းမီဒီယာေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။ Chinese Communist Party ရဲ႕ Global Times အဂၤလိပ္ သတင္းစာ ကေတာ့ ဒီလူစုလူေဝးလုပ္တာနဲ႔ပတ္သက္ၿပီး ေခ်ပေရးသားခဲ့ပါတယ္။ ဝူဟန္ၿမိဳ႕က တင္းက်ပ္တဲ့ Lockdown စည္းမ်ဥ္းေတြသာမက ဝူဟန္ၿမိဳ႕ခံ (၁၁) သန္းနီးပါးရဲ႕ ျမန္ဆန္တဲ့ ေရာဂါပိုးစစ္ေဆးမႈေတြေၾကာင့္ ေရကူးကန္ပါတီ ျပန္လည္ က်င္းပႏိုင္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ ပါတီက အလည္လာတဲ့သူေတြနဲ႔ ဝန္ထမ္းေတြရဲ႕လုံၿခဳံေရးကို ကာကြယ္ဖို႔ အပူခ်ိန္တိုင္းတာျခင္း၊ ပိုးသတ္သန႔္စင္ျခင္းေတြအပါအဝင္ လိုအပ္တဲ့ လုပ္ေဆာင္ခ်က္ေတြလုပ္ခဲ့တဲ့အျပင္ လူစုလူေဝးကို ထိန္းခ်ဳပ္ဖို႔အတြက္ ၅၀ ရာခိုင္ႏႈန္းကိုသာ တက္ေရာက္ေစခဲ့တယ္လို႔လည္း ဆိုထားပါတယ္။

ဝူဟန္ၿမိဳ႕ရဲ႕ေရကူးကန္ပါတီက တင္းက်ပ္တဲ့ဗိုင္းရပ္စ္ တြန္းလွန္ေရး လုပ္ေဆာင္ခ်က္ ေတြေၾကာင့္ က်င္းပျဖစ္ခဲ့ရတယ္ဆိုတဲ့ Message ကို ကမာၻႀကီးဆီ ခ်ျပေနေၾကာင္းကိုလည္း အသားေပးၿပီး အဂၤါေန႔က ေရးသားထုတ္ေဝခဲ့ၾကပါတယ္။ ကမာၻမွာ ဝူဟန္ၿမိဳ႕က ဗိုင္းရပ္စ္အထိနာဆုံးၿမိဳ႕ေတြထဲကတစ္ခု လိုျဖစ္ခဲ့ရၿပီး အခုဆို ပုံမွန္အတိုင္းျဖစ္ေအာင္ ဘယ္လိုလုပ္ခဲ့ရတယ္ဆိုတာကိုလည္း ရွင္းျပထားပါေသးတယ္။ “COVID-19 ေရာဂါပိုးစတင္ေပၚလာခဲ့တဲ့ေနရာ၊ ဗိုင္းရပ္စ္ေၾကာင့္ အထိနာခဲ့တဲ့ၿမိဳ႕ ဝူဟန္က အခုဆိုရင္ ခရီးသြားေတြကို ျပန္လည္ႀကိဳဆိုေနၿပီး စီးပြားေရးလည္း ျပန္ေကာင္းလာပါၿပီ။ ေဒသခံေတြက ၿမိဳ႕ရဲ႕ပုံမွန္အတိုင္းျပန္ျဖစ္လာတဲ့အေျခအေနကိုလည္း ျမင္ေတြ႕ရတာက တင္းက်ပ္တဲ့ႀကိဳတင္ကာကြယ္ေရးလုပ္ေဆာင္ခ်က္ေတြေၾကာင့္လည္းျဖစ္တယ္” လို႔ ေရးသားေျပာဆိုထားပါတယ္။

WL (႐ိုးရာေလး)

unicode

အခုနှစ် ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားရာနေရာလို့ပြောနိုင်တဲ့ ဝူဟန်မြို့က ညဘက်ဖွင့်လှစ်တဲ့ကလပ်တွေကို ပြန်ဖွင့်နေပါပြီ။ ဝူဟန်မြို့ ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်နေတာကို ကလပ်တက်ကာ ပျော်ပါးနေကြတဲ့ ဝူဟန်မြို့ခံတွေကို ရိုက်ထားတဲ့ဓာတ်ပုံတွေမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ လက်ရှိ အဲဒီအခြေအနေကို ရောက်ဖို့ မဖြစ်နိုင်သေးခင်မှာ ဝူဟန်မြို့ကတော့ ညဘက် အပြင်ထွက်ကာ ကလပ်တက်ပြီး ပျော်ရွှင်နေတဲ့သူတွေကို ဓာတ်ပုံရိုက်ခဲ့တာပါ။ ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံမှာ အတော်လေးရှင်းထုတ်နိုင်ခဲ့ပါပြီ။ (၃၃) ရက်မှာ ကိုဗစ်ပိုးတွေ့ရှိသူ မရှိခဲ့ဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။

ဝူဟန်မြို့ကတော့ မေလကတည်းက ကိုဗစ်ကူးစက်ခံရသူမရှိတော့တာဖြစ်တယ်လို့ အာဏာပိုင်တွေအရ သိရပါတယ်။ အခုလိုရောဂါပိုးကူးစက်ခံရသူမရှိတော့တာကလည်း ဝူဟန်မြို့လူဦးရေ (၁၁) သန်းအတွက် ရောဂါပိုးစစ်ဆေးပေးတဲ့အစီအစဉ်ကြောင့်ဖြစ်နိုင်ပါတယ်။မကြာသေးခင်ကလည်း တရုတ်ပြည်နယ် မီဒီယာတစ်ခုက ဝူဟန်မြို့အခြေအနေပြန်ကောင်းနေပြီး စီးပွားရေးလည်းလည်ပတ်နေပုံရတဲ့ အခြေအနေကို Wuhan Maya Beach Water Park က လူစုလူဝေးကြီးရဲ့ပုံတွေကို ပြသခဲ့ပါသေးတယ်။

အခုအပတ်အစောပိုင်းမှာလည်း ဝူဟန်မြို့က Waterpark အတွင်း ပြွတ်သိပ်ကျပ်နေတဲ့ လူထောင်ချီကို ပြသနေတဲ့ပုံတွေကိုလည်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ Chinese Communist Party ရဲ့ Global Times အင်္ဂလိပ် သတင်းစာ ကတော့ ဒီလူစုလူဝေးလုပ်တာနဲ့ပတ်သက်ပြီး ချေပရေးသားခဲ့ပါတယ်။ ဝူဟန်မြို့က တင်းကျပ်တဲ့ Lockdown စည်းမျဉ်းတွေသာမက ဝူဟန်မြို့ခံ (၁၁) သန်းနီးပါးရဲ့ မြန်ဆန်တဲ့ ရောဂါပိုးစစ်ဆေးမှုတွေကြောင့် ရေကူးကန်ပါတီ ပြန်လည် ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ပါတီက အလည်လာတဲ့သူတွေနဲ့ ဝန်ထမ်းတွေရဲ့လုံခြုံရေးကို ကာကွယ်ဖို့ အပူချိန်တိုင်းတာခြင်း၊ ပိုးသတ်သန့်စင်ခြင်းတွေအပါအဝင် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေလုပ်ခဲ့တဲ့အပြင် လူစုလူဝေးကို ထိန်းချုပ်ဖို့အတွက် ၅၀ ရာခိုင်နှုန်းကိုသာ တက်ရောက်စေခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဝူဟန်မြို့ရဲ့ရေကူးကန်ပါတီက တင်းကျပ်တဲ့ဗိုင်းရပ်စ် တွန်းလှန်ရေး လုပ်ဆောင်ချက် တွေကြောင့် ကျင်းပဖြစ်ခဲ့ရတယ်ဆိုတဲ့ Message ကို ကမ္ဘာကြီးဆီ ချပြနေကြောင်းကိုလည်း အသားပေးပြီး အင်္ဂါနေ့က ရေးသားထုတ်ဝေခဲ့ကြပါတယ်။ ကမ္ဘာမှာ ဝူဟန်မြို့က ဗိုင်းရပ်စ်အထိနာဆုံးမြို့တွေထဲကတစ်ခု လိုဖြစ်ခဲ့ရပြီး အခုဆို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာကိုလည်း ရှင်းပြထားပါသေးတယ်။ “COVID-19 ရောဂါပိုးစတင်ပေါ်လာခဲ့တဲ့နေရာ၊ ဗိုင်းရပ်စ်ကြောင့် အထိနာခဲ့တဲ့မြို့ ဝူဟန်က အခုဆိုရင် ခရီးသွားတွေကို ပြန်လည်ကြိုဆိုနေပြီး စီးပွားရေးလည်း ပြန်ကောင်းလာပါပြီ။ ဒေသခံတွေက မြို့ရဲ့ပုံမှန်အတိုင်းပြန်ဖြစ်လာတဲ့အခြေအနေကိုလည်း မြင်တွေ့ရတာက တင်းကျပ်တဲ့ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်တယ်” လို့ ရေးသားပြောဆိုထားပါတယ်။

WL (ရိုးရာလေး)

Add a Comment

Your email address will not be published. Required fields are marked *

17 + 3 =