မြန်မာနိုင်ငံ အနာဂါတ် ဟောကိန်း – ဆရာ လင်းညို့တာရာ
၎. ကိုဗစ်အခြေအနေသည် ၁၁ လပိုင်း နှင့် ၁၂ ပိုင်း ဝန်းကျင်မှာ အားနည်းသွားဖွယ်ရာရှိပြီး ပြင်းထန်သော အစိုးရပိုင်းဆိုင်ရာ ထုတ်ပြန်ချက်များ ထုတ်ပြန်လာပါတော့မည်။
#လင်းညို့တာရာ
unicode
မြန်မာနိုင်ငံကြီးနဲ့ ပတ်သက်ပြီး လာလာမေး ကြတယ် ကျွန်တော် ကလည်း ဟောကိန်းတွေ ဟောချက်တွေ ဘာမှမပြောချင်တာနဲ့ ငြိမ်နေခဲ့တာပါ ဒါပေမယ့် ယုံကြည်သူများက သိချင်တယ် တစ်ကဲကဲ မို့ ဟောကိန်းအချို့ ထုတ်ပြပါရစေ ….
၁. ကိုဗစ်ရောဂါဟာ မြန်မာနိုင်ငံမှာ အနည်းဆုံး လူတစ်သောင်း ဝန်းကျင်လောက် ကူးစက်သွားပါလိမ့်အုန်းမည်။
၂. ပိတ်ပင်ထားသော မြို့များတွင်လည်း ထပ်မံတွေ့ ရှိရတတ်ပြီး စီးပွားရေးကပ်ဆိုက်တတ်ပါလိမ့်မည်။
၃. ပွဲလမ်းသဘင်များ အားလုံးပိတ်ပင်ခံရပြီး ကိုဗစ်ရောဂါအပြင် အခြား စိတ်ရောဂါများကြောင့် ၂၀၂၁ အတွင်း စိတ်ကျသူများ ၊ သတ်သေသူများ ၊ အကြွေးမြီးများဖြင့် ဒုက္ခရောက်သူများ ပေါများလာတတ်သည်။
၄. ကိုဗစ်အခြေအနေသည် ၁၁ လပိုင်း နှင့် ၁၂ ပိုင်း ဝန်းကျင်မှာ အားနည်းသွားဖွယ်ရာရှိပြီး ပြင်းထန်သော အစိုးရပိုင်းဆိုင်ရာ ထုတ်ပြန်ချက်များ ထုတ်ပြန်လာပါတော့မည်။
၅. ရောဂါကပ်နဲ့အတူ ၊ စီးပွားရေးပါ ရောနှော၍သာမက ရာသီဥတုကပ်ပါ ရောလာနိုင် ပါသောကြောင့် အိမ်ထဲနေရင်တောင် ကိုဗစ်လိုလို တုပ်ကွေးများ ဖြစ်လာတတ်ပါသည်။
၆. ကိုဗစ်ကဲ့သို့ ဖျားနာတတ်သောသဘောရှိသည့် အငယ်စားတုပ်ကွေးများ ပိုမိုဖြစ်ပွားလာတတ်သည်။
၇. အကြီးဆုံး ပါတီတစ်ခု ၏ ခေါင်းဆောင်တစ်ဦး Accident ဖြစ်ခြင်း သို့ ကိုရိုနာ Postive ဖြစ်ခြင်း ဖြစ်တတ်ပါသည်။
၈. နိုင်ငံတော်ဆိုင်ရာ အပုပ်ချမှုကြီး သို့ အရှက်ကွဲစေနိုင်သော နိုင်ငံတော်ဖြစ်ရပ်များ ဖြစ်ပွားတတ်သည်။
၉. မီးဘေးကြီးကြီးမားမား တစ်ခု ဖြစ်တတ်သည်။ ရန်ကုန် ၊ မန္တလေး ၊ မော်လမြိုင် စသော ကြာသပတးနံပါသော မြို့ ကြီးတစ်ခုခုမှာပါ။
၁၀. ကမ္ဘာမှာ မြန်မာနိုင်ငံအတွက် စံချိန်အသစ်များကို ပေးအပ် ပါတော့မည်။
#လင်းညို့တာရာ
မှတ်ချက်။ ။ ဒီဟောချက် များသည် ယနေ့မှစပြီး ဒီဇင်ဘာ လကုန်အထိ အကျုံးဝင်ပါသည်။ ကပ်ဘေးကို ရှောင်ဖို့နည်းလမ်းကတော့ အိမ်ထဲမှာနေပါ။ အပြင်မသွားပါနဲ့။ စိတ်ကျန်းမာရေး နှင့် ကိုယ် ကျန်းမာရေး များစွာဂရုစိုက်ပါ။ ရိုးရိုးတုပ်ကွေးအား ကိုရိုနာဟု အထင်မှားခြင်း ဥပါဒန်ကြောင့် စိတ်ပန်း လူပန်း ရှိလာတတ်သဖြင့် တတ်နိုင်သလောက် နေကောင်းအောင်လုပ်ပါ။ ဘာသာရေးလည်း များများလုပ်ပါချေ။ ကျွန်တော်တို့ လောကီဆရာတွေလည်း ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါးတွေ ကောင်းမွန်ဖို့ရန်အတွက် ဆုတောင်းမှုတွေ အစီအရင်တွေ ပြုလုပ် ပေးလျက် ရှိကြပါ၏…. ။
#လင်းညို့တာရာ ၏ ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Add a Comment
Your email address will not be published. Required fields are marked *
one × four =