ချစ်ခင်ပွန်း ကိုယ်တိုင် ဓါတ်ဖမ်းပေးခဲ့တဲ့ အမိုက်စား ပုံရိပ်လေးတွေကို ချပြ လာတဲ့ သက်မွန်မြင့်

ချစ်ခင်ပွန်း ကိုယ်တိုင် ဓါတ်ဖမ်းပေးခဲ့တဲ့ အမိုက်စား ပုံရိပ်လေးတွေကို ချပြ လာတဲ့ သက်မွန်မြင့်

ပြည်သူချစ်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့် ကတော့ အနုပညာလောကမှာ ထိပ်တန်းမင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်စွမ်းရည် ထူးချွန်သူတစ်ယော က် ဖြစ်ပြီးတော့ အကောင်းဆုံးအကယ်ဒမီဆုများစွာကို ထိုက်ထိုက်တန်တန်နဲ့ပိုင်ဆိုင်ရရှိ ထားတဲ့ သူတစ်ယောက် လည်းဖြစ်ပါတယ်။ သူမကတော့ ပရိသတ်တွေ နဲ့အနုပညာရှင် ညီ အစ်ကိုမောင်နှတွေအပေါ်မှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ပြောဆိုဆက်ဆံတတ်သူ တစ်ယော က်ပါ။

သက်မွန်မြင့်ဟာလက်ရှိမှာတော့ အေးချမ်းတဲ့ မိသားစုဘဝလေးကို ချစ်စရာကောင်း တဲ့သား တစ်ယောက်၊ သမီးလေးတစ်ယောက်နဲ့အတူ ဖန်တီးတည်ဆောက်ထားတာဖြစ် ပါတယ်။ သူမကတော့ အိမ်ထောင်ကျကံကောင်းသူတစ်ယောက်လို့ဆိုရလောက်အောင် ချစ်ခင်ပွန်း ရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခြင်းကို ခံနေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ချစ်ခင်ပွန်း ကိုယ်တိုင် ရိုက်ပေးတဲ့ အမိုက်စားပုံလေးတွေကို ပရိသတ်တွေရှေ့ ချပြလာ ခဲ့ပါတယ်။

အဆိုပါပုံရိပ်လေးတွေကိုတော့ သက်မွန်မြင့်က” Mask နဲ့ Shield တွေ ခေါင်းပေါင်းတွေ အမို က်စားလေး ရှိတော့ ကိုယ့်ရဲ့personal ဓါတ်ဆရာကို ဓါတ်ဖမ်း ခိုင်းပြီး ပုံတွေ တင်ပစ်မိတ ယ်ကွယ် ( လှတယ်ပဲ ပြောနော်.. စိတ်ဆိုးဘူး) “ဆိုတဲ့စာသားလေးနဲ့အတူ ရေးသားဖော် ပြထား ခဲ့တာကို ပရိသတ်ကြီး အတွက်ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်…။

Source:Thet Mon Myint

Add a Comment

Your email address will not be published.

14 − 13 =