Stay at home ကို တိတိ က်က် လိုက္နာပါ

ျမန္မာျပည္ရဲ႕ ေခတ္သစ္သမိုင္း မွာ အေရးအႀကီးဆုံးအခ်ိန္ပါ။ Stay at home ကို တိတိ က်က် လိုက္နာပါ။ အျပင္သြားရင္ Mask တပ္ပါ။ လမ္းေပၚမွာ လူမရွိေလ ေကာင္းေလပါ။ စက္႐ုံ၊ အလုပ္႐ုံေတြနဲ႔ တခ်ိဳ႕ ခ်က္ျခင္း တန္းရပ္ဖို႔ ခက္တဲ့လုပ္ငန္းေတြက ၂၄ ရက္ေန႔မွာ ရပ္ပါ။ သူမ်ားေျပာလို႔ ေရာေယာင္ပီး VITAMIN D ေတြ၊ ေအမရိကန္ျဖစ္ ဘာညာေတြ ဇြတ္ဝယ္ မ ေသာက္ပါနဲ႔။ Vit D ကလဲ တန္ေဆးလြန္ေဘးပါ။ အက်ိဳးေက်းဇူးရမယ္လို႔ အာမခံခ်က္မရွိပါ။ ေငြကုန္တာပဲ ရွိပါမယ္။

သတင္းေတြ အရမ္း မၾကည့္ပါနဲ႔။ သီခ်င္းနားေထာင္ ႐ုပ္ရွင္ၾကည့္စာဖတ္ပီး စည္းကမ္းကို လိုက္နာပါ။ စိတ္က်န္းမာေရးျပသနာေတြ အမ်ားႀကီး ျမင့္တက္လာလို႔ စိတ္ကို အနားေပးပါ။ FB အလြန္အကြၽံသုံးစြဲမႈဟာ စိတ္ပင္ပန္းေစမယ္။ ဖိအားေတြ မ်ားေစမယ္။ စိတ္ဓာတ္က်ေစပါလိမ့္မယ္။ တခ်ိဳ႕အလုပ္ေတြ ပိတ္ခိုင္းေပမယ့္ မပိတ္ေပးတာေတြ ရွိတယ္လို႔ လာေျပာၾကပါတယ္။ Work From Home ပဲ လုပ္ရမွာပါ။ အလုပ္လာလို႔ မရပါဘူး။ အေရးႀကီးလို႔ လုပ္ခိုင္းရတာပါ။ ပူးေပါင္းေပးၾကပါ။ အဆင္မေျပရင္ေတာ့ သက္ဆိုင္ရာအာဏာပိုင္ေတြဆီကို တိုင္ၾကားပါ။

အေျခခံလူတန္းစားေတြ ၾကပ္တည္းမွာကို နားလည္ပါတယ္။ မလႊဲမေရွာင္သာလို႔ လုပ္ရတာပါ။ အစိုးရက တတ္ႏိုင္တာေတြ ေထာက္ပံ့ေပးပါလိမ့္မယ္။ နားလည္သည္းခံေပးၾကပါ။ ဒီ ၂ ပတ္ဟာ အရမ္းအေရးႀကီးပါတယ္။ စည္းကမ္းမလိုက္နာၾကလို႔ ကူးစက္မႈႏႈန္းေတြ ဆက္လက္ျမင့္တက္ေနမယ္ဆိုရင္ က်န္းမာေရးက႑သာမက စီးပြားေရးက႑ႀကီးပါ ၿပိဳလဲသြားႏိုင္တဲ့အထိ အေျခအေန ဆိုးပါလိမ့္မယ္။ မေတြးရဲစရာပါပဲ။ ဒါေၾကာင့္ ၂ ပတ္ထဲနဲ႔ ပြဲသိမ္းၾကပါစို႔။ စည္းကမ္းလိုက္နာျခင္းျဖင့္ ျမန္မာျပည္ကို ကယ္တင္ၾကပါ။

unicode

မြန်မာပြည်ရဲ့ ခေတ်သစ်သမိုင်း မှာ အရေးအကြီးဆုံးအချိန်ပါ။ Stay at home ကို တိတိ ကျကျ လိုက်နာပါ။ အပြင်သွားရင် Mask တပ်ပါ။ လမ်းပေါ်မှာ လူမရှိလေ ကောင်းလေပါ။ စက်ရုံ၊ အလုပ်ရုံတွေနဲ့ တချို့ ချက်ခြင်း တန်းရပ်ဖို့ ခက်တဲ့လုပ်ငန်းတွေက ၂၄ ရက်နေ့မှာ ရပ်ပါ။ သူများပြောလို့ ရောယောင်ပီး VITAMIN D တွေ၊ အေမရိကန်ဖြစ် ဘာညာတွေ ဇွတ်ဝယ် မ သောက်ပါနဲ့။ Vit D ကလဲ တန်ဆေးလွန်ဘေးပါ။ အကျိုးကျေးဇူးရမယ်လို့ အာမခံချက်မရှိပါ။ ငွေကုန်တာပဲ ရှိပါမယ်။

သတင်းတွေ အရမ်း မကြည့်ပါနဲ့။ သီချင်းနားထောင် ရုပ်ရှင်ကြည့်စာဖတ်ပီး စည်းကမ်းကို လိုက်နာပါ။ စိတ်ကျန်းမာရေးပြသနာတွေ အများကြီး မြင့်တက်လာလို့ စိတ်ကို အနားပေးပါ။ FB အလွန်အကျွံသုံးစွဲမှုဟာ စိတ်ပင်ပန်းစေမယ်။ ဖိအားတွေ များစေမယ်။ စိတ်ဓာတ်ကျစေပါလိမ့်မယ်။ တချို့အလုပ်တွေ ပိတ်ခိုင်းပေမယ့် မပိတ်ပေးတာတွေ ရှိတယ်လို့ လာပြောကြပါတယ်။ Work From Home ပဲ လုပ်ရမှာပါ။ အလုပ်လာလို့ မရပါဘူး။ အရေးကြီးလို့ လုပ်ခိုင်းရတာပါ။ ပူးပေါင်းပေးကြပါ။ အဆင်မပြေရင်တော့ သက်ဆိုင်ရာအာဏာပိုင်တွေဆီကို တိုင်ကြားပါ။

အခြေခံလူတန်းစားတွေ ကြပ်တည်းမှာကို နားလည်ပါတယ်။ မလွှဲမရှောင်သာလို့ လုပ်ရတာပါ။ အစိုးရက တတ်နိုင်တာတွေ ထောက်ပံ့ပေးပါလိမ့်မယ်။ နားလည်သည်းခံပေးကြပါ။ ဒီ ၂ ပတ်ဟာ အရမ်းအရေးကြီးပါတယ်။ စည်းကမ်းမလိုက်နာကြလို့ ကူးစက်မှုနှုန်းတွေ ဆက်လက်မြင့်တက်နေမယ်ဆိုရင် ကျန်းမာရေးကဏ္ဍသာမက စီးပွားရေးကဏ္ဍကြီးပါ ပြိုလဲသွားနိုင်တဲ့အထိ အခြေအနေ ဆိုးပါလိမ့်မယ်။ မတွေးရဲစရာပါပဲ။ ဒါကြောင့် ၂ ပတ်ထဲနဲ့ ပွဲသိမ်းကြပါစို့။ စည်းကမ်းလိုက်နာခြင်းဖြင့် မြန်မာပြည်ကို ကယ်တင်ကြပါ။

Add a Comment

Your email address will not be published. Required fields are marked *

12 + nine =