ကိုဗစ္ဟာ ေလထဲ ကေန ကူးတယ္ လို႔ အေမရိကန္ က ေၾကညာ လိုက္ပါၿပီ သတိရွိၾကပါ

ကိုဗစ္ဟာ ေလထဲကကူးတယ္လို႔ CDC က ဆိုလိုက္ပါတယ္။ အေမရိကန္ႏိုင္ငံ ကူးစက္ေရာဂါဌာန CDC က ကို႐ိုနာဗိုင္းရပ္စ္ဟာ (airborne) ေလထဲကကူးစက္ႏိုင္တယ္လို႔ ဆိုလိုက္ပါတယ္။

ေသာၾကာေန႔က ထုတ္ျပန္ခ်က္ထဲမွာ ကိုဗစ္ဟာ လူ အခ်င္းခ်င္း အနီးကပ္ထိေတြ႕မႈကေန ကူးစက္ႏိုင္တယ္လို႔ ယူဆထားခဲ့ရာက အခုအခါ ေလထဲကေန အသက္ရႈရင္း ကူးစက္ႏိုင္တယ္လို႔ guideline ကို ျပင္လိုက္တာျဖစ္ပါတယ္။ အရင္ကတည္းက သိပၸံပညာရွင္ေတြက အခုလိုျပင္ဆင္ဖို႔ တိုက္တြန္းခဲ့တာပါ။

ဇူလိုင္လတုန္းက သိပၸံပညာရွင္ ၂၃၉ ေယာက္ဟာ Clinical Infectious Diseases မွာ ကိုဗစ္ဟာ airborne transmission ျဖစ္တယ္ဆိုတာ အသိအမွတ္ျပဳေပးဖို႔ case reports ေတြ ဓာတ္ခြဲခန္းသုေသသနေတြကို အေျချပဳၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကို ေတာင္းဆိုခဲ့ဖူးပါတယ္။

အခုလို ကိုဗစ္ဟာေလထဲကကူးႏိုင္တယ္ လို႔ သတ္မွတ္လိုက္တာနဲ႔ ဘာလုပ္သင့္သလဲ?

ဘက္စ္ကား၊ ေလယာဥ္ပ်ံ၊ ရထားေတြထဲမွာ ကူးစက္မႈကို ကာကြယ္တားဆီးဖို႔ Mask မတပ္မေနရ စည္းကမ္းခ်ရပါမယ္။ ကိုဗစ္လူနာကို Test စစ္ဖို႔လိုက္ေခၚရင္ အကုန္လုံးကို ကားတစ္စီးထဲ ၾကာရွည္စြာၿမိဳ႕ပတ္ၿပီး စုေခၚတာ မလုပ္သင့္ပါ။ ကားေပၚမွာ ေရေသာက္၊ mask ခြၽတ္ရာကေန၊ စကားေျပာရာကေန ကူးစက္သြားႏိုင္ ပါတယ္။

႐ုံးေတြမွာ ေလေကာင္းေလသန႔္ရဖို႔ ဂ႐ုစိုက္ရပါေတာ့မယ္။ စင္ကာပူမွာ လိုအၿမဲ mask တပ္ခိုင္းႏိုင္ရင္ ပိုေကာင္းပါတယ္။ ႐ုံးေတြ၊ အလုပ္ေတြမွာ ထမင္းစားခ်ိန္မွာ ထမင္းအတူ စုစားျခင္းကို လုံးဝတားျမစ္ရပါေတာ့မယ္။ ထမင္းစားခ်ိန္မွာ Mask ခြၽတ္ရတာမို႔ အတူစားရင္ က်ိန္းေသကူးစက္ဖို႔ မ်ားသြားပါၿပီ။

ေလထဲကေန ကူးစက္ႏိုင္မႈေလ်ာ့ေအာင္ ျပတင္းေပါက္ေတြဖြင့္ၿပီး ေလေကာင္းေလသန႔္ ေလအဝင္အထြက္ေကာင္းေအာင္ လုပ္ေပးရပါေတာ့မယ္။ အခု အေမရိကန္ႏိုင္ငံကူးစက္ေရာဂါဌာန CDC က လူခ်င္း အနည္းဆုံး ၆ ေပအကြာကေနၿပီး mask တပ္ၿပီးေနဖို႔ ေျပာေနပါၿပီ။ Mask မတပ္မေနရကို ပိုမိုတင္းက်ပ္စြာ က်င့္သုံးရပါေတာ့မယ္။

က်ေနာ္တို႔က အိမ္တံခါးဝက တံခါးေခါက္ရင္ Mask တပ္ၿပီးမွ ေမးထူးေခၚေျပာလုပ္လို႔ရပါေတာ့မယ္။ ေနမေကာင္းရင္ အိမ္မွာေနခိုင္းၿပီး သီးသန႔္ခြဲေနႏိုင္ဖို႔ ႀကိဳးစားရပါမယ္။ အရွင္းလင္းဆုံးေျပာရရင္ နဂိုက ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္းကထြက္လာတဲ့ အမႈန္အမႊားကကူးတယ္လို႔ သတ္မွတ္ခဲ့ရာက အခုအခါ အသက္ရႈ ထုတ္ရာ၊ စကားေျပာရာကေနလည္း ကူးေၾကာင္း သတ္မွတ္ပါၿပီ။

ဗိုင္းရပ္စ္ဟာ ၆ ေပထက္ ပိုခြာၿပီးေနလည္း ကူးႏိုင္ပါၿပီ။ ဩဂတ္စ္လက ေတြ႕ရွိခဲ့တဲ့စာတမ္းအရ ေဆး႐ုံကေလကို ပိုးေမြးျမဴၾကည့္ရာမွာ ဗိုင္းရပ္စ္ေတြ႕ခဲ့ရတဲ့အတြက္ ေလထဲမွာ ၆ ေပထက္ပိုၿပီးသြားႏိုင္တယ္ဆိုတာ သိပၸံနည္းက်သက္ေသျပႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။ ပိုးေမြးၾကည့္တာထက္ ေသခ်ာတာမရွိပါ။

သိပၸံပညာရွင္ေတြက WHO သည္ အခုလိုသိပၸံ နည္းက်ေတြ႕ရွိခ်က္ေတြကို အသိအမွတ္ျပဳဖို႔အခ်ိန္က်ေရာက္ၿပီလို႔ ဆိုလိုက္ပါတယ္။

Richard Myo Thant

unicode

ကိုဗစ်ဟာ လေထဲကကူးတယ်လို့ CDC က ဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံ ကူးစက်ရောဂါဌာန CDC က ကိုရိုနာဗိုင်းရပ်စ်ဟာ (airborne) လေထဲကကူးစက်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။

သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာ ကိုဗစ်ဟာ လူ အချင်းချင်း အနီးကပ်ထိတွေ့မှုကနေ ကူးစက်နိုင်တယ်လို့ ယူဆထားခဲ့ရာက အခုအခါ လေထဲကနေ အသက်ရှုရင်း ကူးစက်နိုင်တယ်လို့ guideline ကို ပြင်လိုက်တာဖြစ်ပါတယ်။ အရင်ကတည်းက သိပ္ပံပညာရှင်တွေက အခုလိုပြင်ဆင်ဖို့ တိုက်တွန်းခဲ့တာပါ။

ဇူလိုင်လတုန်းက သိပ္ပံပညာရှင် ၂၃၉ ယောက်ဟာ Clinical Infectious Diseases မှာ ကိုဗစ်ဟာ airborne transmission ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပေးဖို့ case reports တွေ ဓာတ်ခွဲခန်းသုသေသနတွေကို အခြေပြုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို တောင်းဆိုခဲ့ဖူးပါတယ်။

အခုလို ကိုဗစ်ဟာလေထဲကကူးနိုင်တယ် လို့ သတ်မှတ်လိုက်တာနဲ့ ဘာလုပ်သင့်သလဲ?

ဘက်စ်ကား၊ လေယာဉ်ပျံ၊ ရထားတွေထဲမှာ ကူးစက်မှုကို ကာကွယ်တားဆီးဖို့ Mask မတပ်မနေရ စည်းကမ်းချရပါမယ်။ ကိုဗစ်လူနာကို Test စစ်ဖို့လိုက်ခေါ်ရင် အကုန်လုံးကို ကားတစ်စီးထဲ ကြာရှည်စွာမြို့ပတ်ပြီး စုခေါ်တာ မလုပ်သင့်ပါ။ ကားပေါ်မှာ ရေသောက်၊ mask ချွတ်ရာကနေ၊ စကားပြောရာကနေ ကူးစက်သွားနိုင် ပါတယ်။

ရုံးတွေမှာ လေကောင်းလေသန့်ရဖို့ ဂရုစိုက်ရပါတော့မယ်။ စင်ကာပူမှာ လိုအမြဲ mask တပ်ခိုင်းနိုင်ရင် ပိုကောင်းပါတယ်။ ရုံးတွေ၊ အလုပ်တွေမှာ ထမင်းစားချိန်မှာ ထမင်းအတူ စုစားခြင်းကို လုံးဝတားမြစ်ရပါတော့မယ်။ ထမင်းစားချိန်မှာ Mask ချွတ်ရတာမို့ အတူစားရင် ကျိန်းသေကူးစက်ဖို့ များသွားပါပြီ။

လေထဲကနေ ကူးစက်နိုင်မှုလျော့အောင် ပြတင်းပေါက်တွေဖွင့်ပြီး လေကောင်းလေသန့် လေအဝင်အထွက်ကောင်းအောင် လုပ်ပေးရပါတော့မယ်။ အခု အမေရိကန်နိုင်ငံကူးစက်ရောဂါဌာန CDC က လူချင်း အနည်းဆုံး ၆ ပေအကွာကနေပြီး mask တပ်ပြီးနေဖို့ ပြောနေပါပြီ။ Mask မတပ်မနေရကို ပိုမိုတင်းကျပ်စွာ ကျင့်သုံးရပါတော့မယ်။

ကျနော်တို့က အိမ်တံခါးဝက တံခါးခေါက်ရင် Mask တပ်ပြီးမှ မေးထူးခေါ်ပြောလုပ်လို့ရပါတော့မယ်။ နေမကောင်းရင် အိမ်မှာနေခိုင်းပြီး သီးသန့်ခွဲနေနိုင်ဖို့ ကြိုးစားရပါမယ်။ အရှင်းလင်းဆုံးပြောရရင် နဂိုက နှာချေခြင်း၊ ချောင်းဆိုးခြင်းကထွက်လာတဲ့ အမှုန်အမွှားကကူးတယ်လို့ သတ်မှတ်ခဲ့ရာက အခုအခါ အသက်ရှု ထုတ်ရာ၊ စကားပြောရာကနေလည်း ကူးကြောင်း သတ်မှတ်ပါပြီ။

ဗိုင်းရပ်စ်ဟာ ၆ ပေထက် ပိုခွာပြီးနေလည်း ကူးနိုင်ပါပြီ။ ဩဂတ်စ်လက တွေ့ရှိခဲ့တဲ့စာတမ်းအရ ဆေးရုံကလေကို ပိုးမွေးမြူကြည့်ရာမှာ ဗိုင်းရပ်စ်တွေ့ခဲ့ရတဲ့အတွက် လေထဲမှာ ၆ ပေထက်ပိုပြီးသွားနိုင်တယ်ဆိုတာ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ပိုးမွေးကြည့်တာထက် သေချာတာမရှိပါ။

သိပ္ပံပညာရှင်တွေက WHO သည် အခုလိုသိပ္ပံ နည်းကျတွေ့ရှိချက်တွေကို အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီလို့ ဆိုလိုက်ပါတယ်။

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *

2 × 3 =