ကိုဗစ္ရန္ပုံေငြ အျဖစ္ က်ပ္ဘီလီယံ (၁၀၀၀) ေက်ာ္ ျပင္ဆင္ ထားတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ကိုဗစ္ ၁၉ အလြန္ကာလမွာ ျပည္သူေတြ ထိခိုက္မႈအနည္းဆုံး ျဖစ္ေစဖို႔လည္း ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။ကိုဗစ္၁၉ေရာဂါနဲ႔ပတ္သတ္ၿပီး အသုံးျပဳဖို႔အတြက္ သဘာဝေဘးအႏၲရာယ္ ရန္ပုံေငြအျဖစ္ ဘ႑ာေရးဝန္ႀကီးဌာနကေန အေထြေထြပိုလွ်ံေငြ ဘီလီယံ(၁၀၀၀)ေက်ာ္ကို ျပင္ဆင္ ထားတယ္လို႔ ဒီေန႔ စက္တင္ဘာလ ၂၁ ရက္ ည၈နာရီမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံအတြင္း COVID-19 ေရာဂါျဖစ္ပြားမႈ အေျခအေနနဲ႔ စပ္လ်ဥ္းၿပီး ျပည္သူသို႔ အစီရင္ခံတင္ျပတဲ့မိန္းခြန္းမွာ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္ ။

“ဘ႑ာေရးဝန္ႀကီးဌာနကေနၿပီးေတာ့ အေထြေထြ ပိုလွ်ံေငြဘီလီယံ(၁၀၀၀)ေက်ာ္ ၊ တစ္ဘီလီယံဆိုတာကေတာ့ သန္း(၁၀၀၀)ဆိုတာ ကြၽန္မတို႔ျပည္သူေတြသိၿပီးသားပဲလို႔ ထင္ပါတယ္ ။ ဘီလီယံ(၁၀၀၀)ေက်ာ္ကို ကြၽန္မတို႔အေနနဲ႔ သဘာဝေဘးအႏၲရာယ္အတြက္ဆိုၿပီး ကြၽန္မတို႔သတ္မွတ္လိုက္တယ္ ။ သဘာဝေဘးအႏၲရာယ္ ဆိုေတာ့ ကိုဗစ္နဲ႔ဆိုင္ပါတယ္ ။ ဒါေပမယ့္ ဒီလိုသတ္မွတ္ထားတဲ့ေငြဟာ ကိုဗစ္ေရာဂါနဲ႔ပတ္သက္လို႔ သုံးဖို႔ပါ။တျခားသဘာဝေဘးအႏၲရာယ္နဲ႔ ပတ္သက္ၿပီး သုံးဖို႔မဟုတ္ပါဘူး။တျခားသဘာဝေဘးအႏၲရာယ္နဲ႔ ပတ္သက္ရင္ အဲဒီရန္ပုံေငြထဲမွာ သပ္သပ္ရွိပါတယ္ ။ အခုဘီလီယံ(၁၀၀၀)ေက်ာ္ ေ႐ႊ႕ေျပာင္းလိုက္တယ္ဆိုတာ ကြၽန္မတို႔ ကိုဗစ္ေရာဂါနဲ႔ပတ္သက္တဲ့ အက်ိဳးဆက္ေတြအတြက္ ၊ ကိုဗစ္ေရာဂါနဲ႔ပတ္သက္တဲ့ လိုအပ္ခ်က္ေတြအတြက္သုံးဖို႔ျဖစ္ပါတယ္လို႔ ” ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားသြားတာျဖစ္ပါတယ္ ။

ဒါ့အျပင္ နည္းပညာပိုင္းဆိုင္ရာကူညီပံ့ပိုးအားျဖည့္ေပးေရး အဖြဲ႕ကိုလည္း က်န္းမာေရးဝန္ႀကီးေဟာင္း ပါေမာကၡေဒါက္တာေက်ာ္ျမင့္ဦးေဆာင္ကာ ဖြဲ႕စည္းလိုက္ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္ ။ ေဆး႐ုံမ်ားလုံလုံေလာက္ေလာက္ရွိေစေရး ၊ ကြာရန္တင္းစင္တာေတြလုံေလာက္ေစေရး နဲ႔ ဒီစင္တာေတြမွာ လိုအပ္တဲ့ ေစတနာ့ဝန္ထမ္းမ်ား ၊ အျခားဝန္ထမ္းမ်ား နဲ႔ ေဆးပစၥည္း ၊ ေဆးဝါးမ်ား ၊ အျခားပစၥည္းပစၥမ်ားကိုလည္း လုံေလာက္ေအာင္ လက္ေတြ႕က်က်လုပ္ေဆာင္ေနတယ္လို႔ မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္ ။

unicode

ကိုဗစ်ရန်ပုံငွေ အဖြစ် ကျပ်ဘီလီယံ (၁၀၀၀) ကျော် ပြင်ဆင် ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ် ၁၉ အလွန်ကာလမှာ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။ကိုဗစ်၁၉ရောဂါနဲ့ပတ်သတ်ပြီး အသုံးပြုဖို့အတွက် သဘာဝဘေးအန္တရာယ် ရန်ပုံငွေအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အထွေထွေပိုလျှံငွေ ဘီလီယံ(၁၀၀၀)ကျော်ကို ပြင်ဆင် ထားတယ်လို့ ဒီနေ့ စက်တင်ဘာလ ၂၁ ရက် ည၈နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြတဲ့မိန်းခွန်းမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ် ။

“ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေ ပိုလျှံငွေဘီလီယံ(၁၀၀၀)ကျော် ၊ တစ်ဘီလီယံဆိုတာကတော့ သန်း(၁၀၀၀)ဆိုတာ ကျွန်မတို့ပြည်သူတွေသိပြီးသားပဲလို့ ထင်ပါတယ် ။ ဘီလီယံ(၁၀၀၀)ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး ကျွန်မတို့သတ်မှတ်လိုက်တယ် ။ သဘာဝဘေးအန္တရာယ် ဆိုတော့ ကိုဗစ်နဲ့ဆိုင်ပါတယ် ။ ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ငွေဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ သုံးဖို့ပါ။တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့မဟုတ်ပါဘူး။တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ရင် အဲဒီရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ် ။ အခုဘီလီယံ(၁၀၀၀)ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက် ၊ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက်သုံးဖို့ဖြစ်ပါတယ်လို့ ” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ် ။

ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုးအားဖြည့်ပေးရေး အဖွဲ့ကိုလည်း ကျန်းမာရေးဝန်ကြီးဟောင်း ပါမောက္ခဒေါက်တာကျော်မြင့်ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ် ။ ဆေးရုံများလုံလုံလောက်လောက်ရှိစေရေး ၊ ကွာရန်တင်းစင်တာတွေလုံလောက်စေရေး နဲ့ ဒီစင်တာတွေမှာ လိုအပ်တဲ့ စေတနာ့ဝန်ထမ်းများ ၊ အခြားဝန်ထမ်းများ နဲ့ ဆေးပစ္စည်း ၊ ဆေးဝါးများ ၊ အခြားပစ္စည်းပစ္စများကိုလည်း လုံလောက်အောင် လက်တွေ့ကျကျလုပ်ဆောင်နေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *

ten + sixteen =