Kpay က တဆင့် လိမ်နည်း အသစ် (သတိထားရအောင် များများရှယ်ထားပေးပါအုံး …)









ပထမဆုံး




Crd Hwy

unicode

Kpay ကတဆင့် လိမ်နည်းအသစ် တဲ့

မိတ်ဆွေများ အလိမ်မခံရစေ ဖို့ ရေးပေးလိုက်ပါမယ် အခုလေးတင်ပူပူနွေးနွေး K Pay accထဲက ငွေတွေ ပြောင်သလင်းခါအောင်ပါသွားလို့ နောက်လူတွေ သတိထားရအောင်ပါ ဒီ Gp ထဲမှာပဲ Wai Min Lwinဆိုတဲ့ accကနေ Data ရောင်းပါတယ် ၁၀၀gb ,400gb စသည်ဖြင့် ရောင်းပါတယ်(sim cardမဟုတ်ပါ)

လက်ရှိသုံးနေတဲ့ နံပါတ်ထဲကို လွှဲပေးတယ်ဆိုတော့ ကဒ်လည်းပြောင်းစရာမလိုတော့ ၁၀၀gbကို ၁၄၀၀၀နဲ့ဝယ်လိုက်ပါတယ်

ဈေးကလဲတန်နေတော့ sim cardရောင်းတာ နဲ့ မတူလို့ဖြစ်မှာပါ ဆိုပြီး ဝယ်လိုက်တာပါ ၁၄၀၀၀ လွှဲပြီးတာနဲ့ သူကပြောပါတယ် အခုဟာက Telenor operatorနဲ့ ချိတ်ပေးရမှာမို့လို့ ဖုန်းနံပါတ်ရယ် မှတ်ပုံတင် နံပါတ်ရယ် လိုအပ်ပါတယ်တဲ့ အချက်အလက်တွေ ဖောင်ဖြည့်ရမှာမို့လို့ပါဆိုပြိးပြောပါတယ် ပြီးတော့ Application ၂ ခု installလုပ်ဖို့လို ပါတယ်တဲ့ သူက link ချပေးပါတယ်

ကျွန်တော်က ဘာလို့ အဲ့လောက် အလုပ်ရှုပ်ရတာလဲမေးတော့ data အများကြီးလက်ခံဖို့ တိကျဖို့လို ပါတယ်တဲ့(ဟုတ်ကဲ့ပါပေါ့) install လုပ်ပြီး အဲ့ app ထဲကိုဝင်ပါတဲ့ start now ကိုနှိပ်ပြီး home keyနဲ့ထွက်ပါဆိုပြီးပြောပါတယ် ပြီးတော့ အခု K payနဲ့ bill 1000 ဖြည့်ထားလိုက်ပါတဲ့

အဲ့နောက်ပိုင်းကနေပြီး ၅မိနစ်အတွင်းမှာ K Pay appကနေ OTP Code ၄ခါပို့ပါတယ် Kpayထဲကို login ၄ခါပြန်ဝင်ရပါတယ် နောက်ဆုံးဝင်လို့ရတဲ့အဆုံး ကြည့်ကြည့်လိုက်တော့ Acc balance 0Ksပါ call centerကို ခေါ်ပြီးစစ်ခိုင်းတော့ ပထမကျွန်တော်ဝယ်တဲ့ နံပါတ်ထဲကို ကျွန်တော်က အကုန်လွှဲထားတဲ့ historyတွေ့ပါတယ်တဲ့

ရဲစခန်းသာသွားလိုက်ပါတဲ့🙂

လိမ်သွားပုံကို ပြောပြပါမယ်

ပထမဆုံး

Packageတန်ဖိုး ၁၄၀၀၀ လွှဲလိုက်တော့ ကျွန်တော့ရဲ့ k pay ph noကို သူတို့ရသွားတယ်

နောက်တစ်ခု သူinstall လုပ်ခိုင်းတဲ့ softwareက သေချာလေ့လာကြည့်မှ screen sharing appဖြစ်နေတယ် (သဘောတရားက တစ်ဖက်က ဖုန်း screen မှာပေါ်နေတဲ့ဟာကို အဝေးကနေ လှမ်းချိတ်တဲ့သဘောပါ အဲ့လိုဖြစ်အောင်လဲ ကျွန်တော့်ကို start nowနှိပ်ခိုင်းထားတယ် ) အဲ့တော့ ခုနရထားတဲ့ ကျွန်တော့ ဖုန်းနံပါတ်ရယ် မှတ်ပုံတင်နံပါတ်ရယ်နဲ့ login ဝင်တယ် သူတို့က K Pay appက deviceမတူမှန်းသိတော့ OTP Codeပို့တယ်

ကျွန်တော့ဖုန်းထဲရောက်လာတဲ့ OTP messageက ခုန softwareကနေ ၂ခုပွားပြီး သူတို့မြင်သွားပြီ ကျွန်တော့ Pwက ခုန ဘေ၁၀၀၀ထည့်ခိုင်းတုန်းက သူတို့ မြင်သွားပြီ အဲ့မှာ Log inဝင်ပြီး သူတို့လိုချင်တဲ့ နံပါတ်ကို ငွေတွေလွှဲလိုက်ရော ကျွန်တော်ဝင်တဲ့အချိန်မှာ ပြောင်သွားပါပြီ တကယ်ကို ပိပိရိရိ လုပ်သွားတာပါ ဖြစ်စဉ်မှန်ကန်ကြောင်း တာဝန်ယူပါသည် အသေးစိတ်သိရှိလိုပါက ယခု မူရင်းတင်သူကို လာရောက်မေးမြန်းနိုင်ပါသည်

Crd Hwy

Add a Comment

Your email address will not be published. Required fields are marked *

1 × 5 =