ဆရာတော် အရှင်ဆန္ဒာဓိက မှ စာပေလောကသားများ အတွက်ပေးအပ်သော ကာလဒါန မေတ္တာလက် ဆောင်များကို လက်ခံ ရရှိခဲ့တဲ့ ကျော် သူ

ဆရာတော် အရှင်ဆန္ဒာဓိက မှ စာပေလောကသားများ အတွက်ပေးအပ်သော ကာလဒါန မေတ္တာလက် ဆောင်များကို လက်ခံ ရရှိခဲ့တဲ့ ကျော် သူ

နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားကြီး ကျော်သူ ကတော့ နှစ်တွေ အကြာကြီးအောင်မြင်မှုတွေရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူကတော့ အနုပညာ လုပ်ငန်းတွေသာမက လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာပါ ကိုယ်ကျိုးမငဲ့ပဲ ရှေ့ဆုံး ကနေဦးဆောင် လုပ်ကိုင်နေသူ တစ်ဦးပါ။

ဒီနေ့မှာဆိုရင်တော့ ပရဟိတ မင်းသားကြီး ကျော်သူက ဆရာတော် အရှင်ဆန္ဒာဓိက၏ စာပေ လောကသားများ အတွက်ပေးသော ကာလဒါနမေတ္တာလက်ဆောင်များ လက်ခံရ ရှိခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။ “ ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိက၏ စာပေလောက သားများအတွက် ကာလဒါန မေတ္တာ လက်ဆောင် များပေး ရာတွင် တပည့်တော် ကျော်သူလည်း လက်ခံရရှိပါ၏။မှတ်မှတ်ရရ စာရေးဆရာပ ညာ ရှင် များထဲမှာ တပည့်တော်အားသတိတရလက်ဆောင်ပေးခဲ့သည့်အတွက်အထူးကျေးဇူးတ င်ဦးခိုက်အပ်ပါ၏ ဘုရား။

စာပေလောကသားတို့အတွက် အရှင်ဘုရား၏ ကြည်လင် အေးမြသောမေတ္တာရေ သောက် သုံးခွင့်ရရှိသည်ဟု မှတ်ယူပါသည် အရှင်ဘုရား။ အရှင်ဘုရား၏ မေတ္တာတော်ကို အထူး တန်ဖိုးထားလျက် လေးမြတ်စွာ အသုံးပြုပါမည်ဘုရား။ ဆရာတော်၏ ကာလဒါန ပါရမီကို အကျိုး ဆောင် ပေးကြပါသော ဆရာ၊ဆရာမများအားလုံးကို အထူးကျေးဇူးတင် ရှိပါသည်ခင် ဗျာ။(ကျော်သူ) ”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားမျှဝေထားတာပဲဖြစ်ပါတယ် ပရိသ တ်ကြီးရေ….။

Source-Kyaw Thu