ကျောင်းများပြန် ဖွင့်ရန် Covid 19 ရောဂါ ကာကွယ်ဆေးပေါ်သည် အထိ စောင့်ဆိုင်းရန် မဖြစ်နိုင်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား




crd:The standard Time

unicode

လက်ရှိ ဖြစ်ပွားနေသည့် Covid 19ရောဂါ ကာကွယ်ဆေး ပေါ် တဲ့ အထိ စာသင် ကျောင်းတွေ ဖွင့်ဖို့ စောင့်ဆိုင်း ရန် မှာမလွယ် ကူကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ပါတယ်။

ဒီက နေ့ မနက်ပိုင်း က ပြုလုပ် တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကလောမြို့ နယ်၊ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ နေပြည်တော် ကောင် စီနယ်မြေ၊ ဒုတိယမြို့တော်ဝန် တို့ အပြန် အလှန် ဆွေးနွေးပွဲမှာ အခုလို ပြောကြား ခဲ့တာဖြစ်ပါ တယ်။

အခြား နိုင်ငံတွေမှာ အင်တာနက်က နေ စာသင်ပေးနေ တာတွေရှိပေမယ့် ဒီလို (Online) ကနေ စာသင်ပေး တာ နဲ့ တကယ့် စာသင်ခန်း တွေထဲမှာ လက်တွေ့ကျကျ သင်ရတာနဲ့ မတူဘူးလို့ လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

crd:The standard Time