အရက်ကောင်း သောက်ပြီး ခေါင်းနှစ်ဆ ကြည်ကြပါစေ ဆိုသော နိုင်ငံတော် ရဲ့ စေတနာ နဲ့ နိုင်ငံခြား အရက်တရားဝင် တင်သွင်းခွင့် ပြုလိုက်ခြင်း ၏ နောက်ကွယ်

အရက်ကောင်း သောက်ပြီး ခေါင်းနှစ်ဆ ကြည်ကြပါစေ ဆိုသော နိုင်ငံတော် ရဲ့ စေတနာ နဲ့ နိုင်ငံခြား အရက်တရားဝင် တင်သွင်းခွင့် ပြုလိုက်ခြင်း ၏ နောက်ကွယ်

မြန်မာနိုင်ငံ ဟာ နှစ်စဉ်ဒေါ်လာ သန်း ၂၀ လောက် မှောင်ခို အရက်တ င်သွင်း မှုကြောင့် ဆုံးရုံးနေ ပါတယ် လို့ဆိုပါတယ် ။ အရက်တင် သွင်းမှုပေးခြင်းကြောင့် ဒီအခွန်တွေ နိုင်ငံဘဏ္ဍာထဲ ဝင်လာ မယ် ဆိုရင် ဒီပမာဏ ဟာ တစ်နှစ် ကို ( ၆ ၃)သန်းတန်ဖိုး ရှိတဲ့ ကျေးလက်ဆေးပေးခန်း ( ၄၁၂ ) ခု တည်ဆောက်ပေး နိုင် ပါတယ် – ကိုပြည့် )

စီးပွားကူးသန်းဝန်ကြီးဌာနက အမိန့်စာ အမှတ် ၂၉/၂၀၂၀ ထုက်ပြန် ပြီး နိုင်ငံခြားအရက် ကို တရားဝင် တင်သွင်းခွင့်

ပြုလိုက်ခြင်းက နိုင်ငံခြား အရက် တင်သွင်း ရောင်းချမှုကနေ နောက်ဆုံးသုံးစွဲသူတွေ ထိ အပြောင်းအလည်းတွေ ဖြစ်လာစေတော့မှာပါ။ အရက်ကောင်းသောက်ရင် ခေါင်းနှစ်ဆကြည်တယ် လို့ဆွေနွေးခဲ့တဲ့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ်ကြီး ကိုလည်း သတိရလိုက် မိပါတယ်။ အရက် တင်သွင်းခွင့်ပြုလိုက်ခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို လက်လှမ်း မှီသလောက်လေ့လာမိတာတော့ အခုလို့တွေ့ရပါသဗျ။အခွန်ဆုံးရှုံးမှုကနေ အခွန်တွေရလာပါမယ်။

အရက်တင်သွင်းခွင့် ပိတ်ထား တော့ တရားမဝင်သွင်းကြပါတယ် မှောင်ခို လို့ပြောရမှာပေါ့။ ဩစတြေးလျနိုင်ငံCharles Stuart University စစ်တမ်းရလာဒ်တွေကတော့ မြန်မာနိုင်ငံဟာ နှစ်စဉ်ဒေါ်လာ သန်း ၂၀ လောက်မှောင်ခိုအရက်တင်သွင်းမှုကြောင့် ဆုံးရုံးနေပါတယ်လို့ဆိုပါတယ်။ နောက်ပိုင်း မှာတော့ အစိုးရရဲ့ တရားဝင် အရက်တင်သွင်းမှုပေးခြင်းကြောင့် ဒီအခွန်တွေ နိုင်ငံဘဏ္ဍာထဲဝင်လာမယ်ဆိုရင် ဒီပမာဏဟာ တစ်နှစ်ကို (၆၃)သန်းတန်ဖိုးရှိတဲ့ ကျေးလက်ဆေးပေးခန်း (၄၁၂) ခုတည်ဆောက်ပေးနိုင်ပါတယ်။

အတုအပထိန်းချုပ်လာနိုင်လို့ စာသုံး သူတွေ တံဆိပ်ကောင်း အရက်ကောင်းသောက်ရမယ်။အရက်တင်သွင်းခွင့်ပိတ်လိုက်တော့ နိုင်ငံခြားအရက်တွေဈေးကြီးလာတယ်။ထိမ်းချုပ်နိုင်မှု အားနည်းတော့ပိုက်ဆံအများကြီးပေးပြီ အရက်တုနဲ့ မိမှာ သုံးစွဲသူများ သိပ်သောကရောက်ကြရပါတယ်။ အရက်တု ဈေးကြီးပေးဝယ်မိပြီး လူကြီတွေများ လက်ဆောင်ပေးမိလို့ကတော့ လူမှုရေးပျက်ပါတော့မယ်။ အရက်တုကြောင့်

အသည်းကိုလည်းထိခိုက် နိုင်တော့ ကားဝယ်ရင် ကွက်ပျောက် မဝယ်ကြပေမယ့် အရက်ဝယ်သောက်ရင်တော့အတုထုတ်နိုင်ချေ နည်းတဲ့ ကွက်ပျောက် တံဆိပ်ရှာသောက်တဲ့ အလေ့အထ တောင်ဈေးကွက်ထဲ အသစ်ဖြစ်ထွန်းလို့ပါ။

တရားဝင်တင်သွင်းခွင့်ပေးလိုက်တော့ Johnnie Walker ဝီစကီ ထုက်တဲ့ UKနှင့် Scotch ကုမ္ပဏီ၊Martell VSOPနှင့် Hennessy Cognac VSOP ထုက်တဲ့ကုမ္ပဏီ၊ Jameson အပါအဝင် အိုင်ယာလန် ဝီစကီထုက်တဲ့ ကုမ္ပဏီ၊ Jack Daniel’s အပါအဝင် US Bourbon ထုက်တဲ့ကုမ္ပဏီ စတဲ့ လူကြိုက်များတဲ့ ဈေးကွက်ပေါက်ပြီးသား ကုမ္ပဏီကြီးမျာဟာ ပြည်တွင်းက တစ်ဦးတည်း တင်သွင်းဖြန်ဖြူးမယ့်(Exclusive Distributor/Exclusive dealear)တွေနဲ့တိုက်ရိုက် ချိတ်ဆက်ပြီး ပြည်တွင်းကို ရောက်လာတော့မှာပါ။

တစ်ချို့ ကုမ္ပဏီတွေက အသင့်သောက်ပုလင်းတွေ ပြည်တွင်းသွင်း ရောင်းမယ်၊ အသင့်သောက်ပုလင်းတွေသွင်းရင်တော့ အရင်လိုပဲ စင်္ကာပူ မလေး ထိုင်းတို့ကတစ်ဆင့် သွင်းကြမှာပါ။အမိန်ကြေငြာချက်အရနယ်စပ်ကသွင်းလို့မရပါ ရန်ကုန်ဆိပ်ကမ်းနှင့် ရန်ကုန်လေဆိပ်မှသာသွင်းရမှာဖြစ်ပါတယ်။

တစ်ချို့ ကုမ္ပဏီတွေက အရက်အဆီတွေကို ဝတ်သစ်ချစည် တွေလိုက် ပြည်တွင်း ကို တင်သွင်းပြီးမှ ဒီမှာတင် ပုလင်းသွပ် ထုတ်ပိုးရောင်းချကြပါတော့မယ်။ဒီနှစ်ခု ဘာကွာနိုင်သလည်းလို့ သုံးစွဲသူများ စိတ်ဝင်စားမယ်ထင်ပါတယ်။ အရက်ဆိုတာ ကြာလေကောင်းလေလို့ အများကပြောကြပါတယ်။ တစ်ဝတ်ပဲမှန်တဲ့စကားပါ။ စည်ထဲ မှာ စိမ်ထားရင်တော့ သတ်တမ်း ကြာလေကောင်းလေဆိုတာမှန်ပါတယ်။ ဈေးကွက်ထဲပို့ ဖို့ ပုလင်းထဲထည့် လိုက်ပြီဆိုရင်တော့ ထုတ်လုပ် ဖြန်ဖြူးဆိုင်တင်ရောင်းချတဲ့ ကွင်းစက်တစ်ခုလုံးမှာ ထားသိုတဲ့ အပူချိန်အပေါ် မူတည်ပြီ ဓာတ်ပြုပြောင်းလည်းပါတယ်။ ပုလင်းထဲ ရောက်ရင်တာ ကြာလေ စည်ထဲကထွက်လာတဲ့ အာနိသင်နှင့် ကွာခြားလာလေဖြစ်တတ်ပါတယ်။

အသင့်သောက်ပုလင်းတွေကို ပြည်ပက Dealership ရထားတဲ့ နိုင်ငံကသွင်း ရင်တော့ ယခုလိုပဲ သူ့နိုင်ငံမှာပုလင်းထဲထည့်တဲ့နှစ်မှာ ရောင်းမကုန်လို့ နောက်နှစ်တွေကျမှ ရောင်းတဲ့ ပုလင်းတွေဝင်လာနိုင်ပါတယ်။အရက်ဆီ အရက်ပြင်းကို ပြည်တွင်းကို တင်သွင်းပြီး ရောစပ် ပုလင်းသွပ် တံဆိပ်ကပ် ထုတ်လုပ်ရောင်းချတဲ့Brand များကတော့ up date ကိုဈေးကွက်ထဲမှာ သောက်သုံးနိုင်ကြမှာပါ။နိုင်ငံတကာ အဆင့် အရက်တင်သွင်းတဲ့ ကုမ္ပဏီကြီးတွေရဲ့ စီအက်စ်အာရ်(Corporate Social Responsible)

လုပ်ငန်းစဉ်တွေထဲမှာ အရက်တုတွေကို လိုက်လံစုံစမ်းပြီ တိုင်းကြာ ဖမ်းစီးစေတဲ့ လုပ်ငန်းတွေ၊ ကျန်မာရေးနှင့်ပတ်သတ်တဲ့ လုပ်ငန်းစဉ်တွေပါတာကိုတွေ့ရပါတယ်။ စိတ်ချရတဲ့ အရည်အသွေးမြင့်နိုင်ငံခြားအရက်တွေ ပြည်တွင်းရောက်လာတော့ စားသုံးသူအကျိုးခံစားနိုင်မှု (Consumer Welfare )လက် တိုးတက် လာနိုင်ကောင်း ပါရဲ့လို့ မျော်လင့် လို့ ရမယ်ထင်ပါတယ်။

ဒါပေမယ့်။ ဒီ ဒါပေမယ့်က အရေးကြီးပါတယ်။ တံဆိပ်တစ်ခုကို ပြည်တွင်း တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးသူ တစ်ဦးသာ ပေးမှာဖြစ်တဲ့အတွက် ဘယ်သူရမလည်းဆိုတာက အရည်အသွေးနှင့်ဈေးနူန်းအပေါ် စားသုံးသူ ယုံကြည်မှု အနိမ့်အမြင့် ကို သက်ရောက်မှုရှိလာပါလိမ့်မယ်။ ဒီအမိန့်မထွက်ခင် အမိန့်မူကြမ်းကတည်းက အရက်ဈေးကွက်မှာ ဝေစုရထားကြတဲ့ ပြည်တွင်းလုပ်ငန်းရှင်များကြား အပြိုင်အဆိုင် လက်ဦးမှုရဖို့ပွဲကြမ်းနေတာကို သတိထားမိနေတော့ ငွေရောင် ပိတ်ကားပေါ် မြန်မာ အိုင်ဒေါကြည့်သလို စောင့်ကြည့်ရဦးမယ်ထင်ပါတယ်။ ဘာ့ကြောင်ဆိုတစ်ချို့ စားသုံးသူများက မြန်မာ အိုင်ဒေါထက် သူတို့ ကြိုတ်တဲ Brand ကို up date သောက်ရတာ ပိုကြိုက်ကြလို့ပါ။

နောက်တစ်ခုကတော့ နိုင်ငံခြားအရက်ဈေးနူန်းဟာ အခုအမိန့်ပါ CIF တန်ဖိုး .75 တစ်ပုလင်း(၆))ဒေါ်လာနှင့်ဆိုလျင် CIF တန်ဖိုး(၆)ဒေါ်လာကို တင်သွင်းခွန် ၄၀% ယစ်မျိုးခွန် ၂၅% တင်သွင်းသူအကျိုးအမြတ် ၂၀%လက်ကားဖြန့်သူအကျိုးအမြတ် ၁၀% လက်လီရောင်းချသူအကျိုးအမြတ် ၁၅% ကုန်သွယ် လုပ်ငန်းခွန် ၅%ပေါင်းထည့်လိုက်လျင် စာသုံးသူလက်ထဲကို အနိမ့်ဆုံး .75 ပုလင်းတစ်လုံးကို ၂၄.၃၄ ဒေါ်လာ လောက်ပေးမှ ရပါလိမ်မယ်။

ချုပ်ရရင်တော့ နိုင်ငံခြားအရက်တွေပြည်တွင်းထုတ်လုပ်ရောင်းချလာ နိုင်တဲ့အတွက် အရည်အသွေးကောင်းပြီ ဈေးကောင်း တဲ့နိုင်ငံခြားအရက်တွေ စားသုံးသူတွေ သုံးစွဲနိုင်မလား၊ နှစ်စဉ်ဆုံးရုံးနေတဲ့ အခွန်ဒေါ်လာ သန်း(၂၀) လောက် နိုင်ငံတော် ဘဏ္ဍာငွေထဲ ဝင်လာမလားဆိုတာ ဈေးကွက်ကဆုံးဖြတ်ပါလိမ့်မယ်။ ဈေးကြီးလို့ စားသုံး သူတွေ ဝယ်မသောက်နိုင်ရင် CIF တန်ဖိုးလျော့မလား အဆင့်ဆင့်ဝန်ဆောင်မှု အမြတ်တွေလျော့ ကြမလားဆိုတာ စားသုံးသူများ ဘယ်ဈေးလောက်နဲ့ ဆိုဘယ်လောက် ပမာဏ ဝယ်ယူသုံးဆောင်နိုင် သလည်းဆိုတဲ့ ဝယ်လိုအားက အဖြေပေးပါလိမ့်မယ်။

အရက်ကောင်းသောက်ပြီး ခေါင်းနှစ်ဆ ကြည်ကြပါစေ၊ နိုင်ငံတော်လည်းအခွန်တွေ တိုးပါစေ လို့သာ အမတ်မင်းတစ်ဦးရဲ့စကားကို ကိုးကားလိုက်ရပါတော့တယ်။

ကိုပြည့်

Myanmar Harp (လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်….)

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 7 =