မထိန္းႏိုင္ေသးတဲ့ ရန္ကုန္ ကူးစက္မႈမ်ား နဲ႔ ပင္ပန္းေနၾကၿပီ ျဖစ္တဲ့ က်န္းမာေရး ဝန္ထမ္းမ်ား

၂၁ ရက္ စက္တင္ဘာ ။ ေဒါက္တာ ေဇာ္ေဝစိုး ကြီးစိုး ေျပာၿပီ ။ ရန္ကုန္ အ တြက္ Strategy နည္းဗ်ဴဟာ ေျပာင္းၿပီ ၊ (PUI patient under investigation ) အေျဖ ထြက္ဖို႔ တရက္ ၂ ရက္ ေစာင့္ ေနရတဲ့ သံသယ လူနာေတြ အတြက္ သီးသန႔္ ခြဲထုတ္ အေဆာင္ ေတြ လုပ္ မယ္ ။ ​အေဆာင္ အဆင္မေျပရင္ ယာယီ တဲ ထိုး tent hospital ေတြ ျပင္ေနၿပီ ။ (ဒါက ေဆး႐ုံႀကီးေတြ မွာ ) ၿမိဳ႕နယ္ ေဆး႐ုံ ေတြ မွာလည္း PUI ေတြ ထားေတာ့မယ္ ။ ဒါက ရခိုင္ ကို အတုယူတာ ၊

ရခိုင္မွာ ဒါမ်ိဳး sharing လုပ္ၿပီး ထိန္းႏိုင္ခဲ့တယ္ ။ ၿမိဳ႕နယ္ ေဆး႐ုံ ဝန္ထမ္း ေတြ ကို သင္တန္း ေပး မြမ္းမံမယ္ ။ လကၡဏာ မျပင္းထန္တဲ့ ၊ လကၡဏာမရွိ တဲ့ ေပါ့စတစ္ လူနာေတြ ကို လည္း ၿမိဳ႕နယ္ေဆး႐ုံ ေတြ မွာ ကုသဖို႔ ျပင္ဆင္ ေနၿပီ ။ (ျပင္ဆင္ေနတာ ၊ မလုပ္ေသးဘူးေနာ္) strict containment ကေန တေျဖးေျဖး ​ျဖည္ေလ်ာ့ ေပးေနတာ ျဖစ္တယ္ ။ ႐ုတ္တရက္ ေလေလ်ာ့ လ္ုက္ရင္ ေဘာလုံး ဟာ ကန္ထြက္သလို ျဖစ္မွာ စိုးလို႔ ထိန္းေလ်ာ့ ေနတာ ။

က်န္းမာေရး ဝန္ထမ္းေတြ ၊ ပရဟိတ သမားေတြ ၊ ၾကက္ေျခနီ နဲ႔ အစိုးရ ပါ ရက္ရွည္လာလို႔ အရမ္း ပင္ပန္းေနၿပီ ၊ (ကြီးစိုး ဝန္ခံသြားတာ ) အစိုးရ နဲ႔ က်န္းမာေရး က လူေတြ ေန႔မအား ညမနား အစည္းအေဝးေတြ ထိုင္ၿပီး အခ်ိန္ နဲ႔ တေျပးညီ ဆုံးျဖတ္ ေဆာင္႐ြက္ ေနတယ္ ။ (ဒါက ေျမျပင္ အေျခအေန ကို သိတယ္ အေရး တယူ ေဆာင္႐ြက္ေနတယ္ ေပါ့) ရန္ကုန္ ဟာ ထိန္းခ်ဳပ္ ႏိုင္တဲ့ အဆင့္ မေရာက္ေသးဘူး ၊

+ ve လူနာ ၅၂၈ ေယာက္ ၊ ျပင္ဆင္ ထားတာ က တေန႔ ၃၀၀ ကေန ၄၀၀ ၊ လုပ္ႏိုင္တဲ့ capacity ကို ေက်ာ္လြန္ေတာ့ မယ္ ။ ဒါေၾကာင့္ ႐ိုးမအေရွ႕ (ဒဂုံဆိပ္ကမ္း) စင္တာ ကို ကုတင္ ၅၇၆ ကေန ကုတင္ ၄၂၀ ေလာက္ ထပ္ခ်ဲ႕ ျပင္ဆင္ေနတယ္ ။ လိုအပ္ခ်က္ အားလုံး ကို အစြမ္းကုန္ ျပင္ဆင္ေပးေနတယ္ ၊ အဆင္ မေျပ မႈ ရွိႏိုင္တယ္ ၊ ရေအာင္ လုပ္ေပးမယ္၊ သည္းခံ ၾကပါ ။ ျပင္းထန္ လူနာ ေတြ အတြက္ ICU ေဆး႐ုံ ကို သုဝဏၰ မွာ ကုတင္ ၁၀၀ ဆံ ေဆာက္ေနတယ္ ၊ တပါတ္ အတြင္း ၿပီးမယ္ မွန္းထားတယ္ ။

ႏိုင္ငံတကာ က်င့္သုံး သလို ပိုးစစ္ ၂ ခါ မွာ မေတြ႕ရင္ တပါတ္ ပဲ ထားၿပီး လူနာ ေရာ ၊ Q သမား ပါ ဆင္းေပးမယ္ ၊ အိမ္ မွာ ဆက္ Q ပါ ။ ရပ္႐ြာ ၊ ၿမိဳ႕နယ္ ၊ တိုင္း ၊ ဗဟို နဲ႔ မိသားစု က ပါ ဒီလူေတြ ကို ပံ့ပိုးေပးၾကပါ ။ ၾကပ္မတ္ တာ မဟုတ္ ပါဘူး ၊ ဒီ လူနာ ေတြ ၊ သံသယ သမားေတြ ကို အခက္ အခဲ ျဖစ္ေအာင္ မလုပ္ ၾက ပါနဲ႔ ။ ကာကြယ္ေရး အတြက္ contact tracing ေတြ ရွာတာ ကို အင္နဲ႔ အားနဲ႔ ေဆာင္ ႐ြက္မယ္ ၊ ကြင္းဆက္ ျဖတ္ခ် ဖို႔ လို တယ္ ။ contact ျဖစ္သြားတဲ့ သူေတြ ကို အေၾကာင္းၾကားေပးမယ္ ၊ ကိုယ္တိုင္ လည္း သိၿပီး ျဖစ္ပါလိမ့္မယ္ ။

မိသားစု အလိုက္ ၊ အိမ္ အလိုက္ ၊ ရပ္ ႐ြာ အလိုက္ ၊ ဒီ contact ေတြ ကို စီစဥ္ ေဆာင္႐ြက္ၾကပါ ။ contact ေတြ ကို Q ဝင္ ခိုင္း မဝင္ခိုင္း အိမ္မွာ ဆက္ေန မေန ၊ လာေခၚ မယ္ မေခၚ ဘူးေတာ့ ေျပာမသြားပါဘူး ။ (ျပည္သူေတြ ပူးေပါင္း ညီညာၾကပါစို႔ ။ ေသြးဆူ တဲ့ သူေတြ ကိုလည္း ဝိုင္းဝန္း ထိန္းသိမ္း ေျဖာင့္ဖ် ၾကပါ ၊ အခက္အခဲ ေတြ ကိုလည္း ၿမိဳခ် ေအာင့္အီး ဖို႔လ္ု ပါတယ္ ၊ ဒါက က်ေနာ္ အပို ထဲ့ေရး လိုက္တာ )

Zarni Zeya

unicode

၂၁ ရက် စက်တင်ဘာ ။ ဒေါက်တာ ဇော်ဝေစိုး ကွီးစိုး ပြောပြီ ။ ရန်ကုန် အ တွက် Strategy နည်းဗျူဟာ ပြောင်းပြီ ၊ (PUI patient under investigation ) အဖြေ ထွက်ဖို့ တရက် ၂ ရက် စောင့် နေရတဲ့ သံသယ လူနာတွေ အတွက် သီးသန့် ခွဲထုတ် အဆောင် တွေ လုပ် မယ် ။ ​အဆောင် အဆင်မပြေရင် ယာယီ တဲ ထိုး tent hospital တွေ ပြင်နေပြီ ။ (ဒါက ဆေးရုံကြီးတွေ မှာ ) မြို့နယ် ဆေးရုံ တွေ မှာလည်း PUI တွေ ထားတော့မယ် ။ ဒါက ရခိုင် ကို အတုယူတာ ၊

ရခိုင်မှာ ဒါမျိုး sharing လုပ်ပြီး ထိန်းနိုင်ခဲ့တယ် ။ မြို့နယ် ဆေးရုံ ဝန်ထမ်း တွေ ကို သင်တန်း ပေး မွမ်းမံမယ် ။ လက္ခဏာ မပြင်းထန်တဲ့ ၊ လက္ခဏာမရှိ တဲ့ ပေါ့စတစ် လူနာတွေ ကို လည်း မြို့နယ်ဆေးရုံ တွေ မှာ ကုသဖို့ ပြင်ဆင် နေပြီ ။ (ပြင်ဆင်နေတာ ၊ မလုပ်သေးဘူးနော်) strict containment ကနေ တဖြေးဖြေး ​ဖြည်လျော့ ပေးနေတာ ဖြစ်တယ် ။ ရုတ်တရက် လေလျော့ လ်ုက်ရင် ဘောလုံး ဟာ ကန်ထွက်သလို ဖြစ်မှာ စိုးလို့ ထိန်းလျော့ နေတာ ။

ကျန်းမာရေး ဝန်ထမ်းတွေ ၊ ပရဟိတ သမားတွေ ၊ ကြက်ခြေနီ နဲ့ အစိုးရ ပါ ရက်ရှည်လာလို့ အရမ်း ပင်ပန်းနေပြီ ၊ (ကွီးစိုး ဝန်ခံသွားတာ ) အစိုးရ နဲ့ ကျန်းမာရေး က လူတွေ နေ့မအား ညမနား အစည်းအဝေးတွေ ထိုင်ပြီး အချိန် နဲ့ တပြေးညီ ဆုံးဖြတ် ဆောင်ရွက် နေတယ် ။ (ဒါက မြေပြင် အခြေအနေ ကို သိတယ် အရေး တယူ ဆောင်ရွက်နေတယ် ပေါ့) ရန်ကုန် ဟာ ထိန်းချုပ် နိုင်တဲ့ အဆင့် မရောက်သေးဘူး ၊

+ ve လူနာ ၅၂၈ ယောက် ၊ ပြင်ဆင် ထားတာ က တနေ့ ၃၀၀ ကနေ ၄၀၀ ၊ လုပ်နိုင်တဲ့ capacity ကို ကျော်လွန်တော့ မယ် ။ ဒါကြောင့် ရိုးမအရှေ့ (ဒဂုံဆိပ်ကမ်း) စင်တာ ကို ကုတင် ၅၇၆ ကနေ ကုတင် ၄၂၀ လောက် ထပ်ချဲ့ ပြင်ဆင်နေတယ် ။ လိုအပ်ချက် အားလုံး ကို အစွမ်းကုန် ပြင်ဆင်ပေးနေတယ် ၊ အဆင် မပြေ မှု ရှိနိုင်တယ် ၊ ရအောင် လုပ်ပေးမယ်၊ သည်းခံ ကြပါ ။ ပြင်းထန် လူနာ တွေ အတွက် ICU ဆေးရုံ ကို သုဝဏ္ဏ မှာ ကုတင် ၁၀၀ ဆံ ဆောက်နေတယ် ၊ တပါတ် အတွင်း ပြီးမယ် မှန်းထားတယ် ။

နိုင်ငံတကာ ကျင့်သုံး သလို ပိုးစစ် ၂ ခါ မှာ မတွေ့ရင် တပါတ် ပဲ ထားပြီး လူနာ ရော ၊ Q သမား ပါ ဆင်းပေးမယ် ၊ အိမ် မှာ ဆက် Q ပါ ။ ရပ်ရွာ ၊ မြို့နယ် ၊ တိုင်း ၊ ဗဟို နဲ့ မိသားစု က ပါ ဒီလူတွေ ကို ပံ့ပိုးပေးကြပါ ။ ကြပ်မတ် တာ မဟုတ် ပါဘူး ၊ ဒီ လူနာ တွေ ၊ သံသယ သမားတွေ ကို အခက် အခဲ ဖြစ်အောင် မလုပ် ကြ ပါနဲ့ ။ ကာကွယ်ရေး အတွက် contact tracing တွေ ရှာတာ ကို အင်နဲ့ အားနဲ့ ဆောင် ရွက်မယ် ၊ ကွင်းဆက် ဖြတ်ချ ဖို့ လို တယ် ။ contact ဖြစ်သွားတဲ့ သူတွေ ကို အကြောင်းကြားပေးမယ် ၊ ကိုယ်တိုင် လည်း သိပြီး ဖြစ်ပါလိမ့်မယ် ။

မိသားစု အလိုက် ၊ အိမ် အလိုက် ၊ ရပ် ရွာ အလိုက် ၊ ဒီ contact တွေ ကို စီစဉ် ဆောင်ရွက်ကြပါ ။ contact တွေ ကို Q ဝင် ခိုင်း မဝင်ခိုင်း အိမ်မှာ ဆက်နေ မနေ ၊ လာခေါ် မယ် မခေါ် ဘူးတော့ ပြောမသွားပါဘူး ။ (ပြည်သူတွေ ပူးပေါင်း ညီညာကြပါစို့ ။ သွေးဆူ တဲ့ သူတွေ ကိုလည်း ဝိုင်းဝန်း ထိန်းသိမ်း ဖြောင့်ဖျ ကြပါ ၊ အခက်အခဲ တွေ ကိုလည်း မြိုချ အောင့်အီး ဖို့လ်ု ပါတယ် ၊ ဒါက ကျနော် အပို ထဲ့ရေး လိုက်တာ )

Zarni Zeya

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 15 =