နောက်ဆုံး လူနာဆေးရုံ ဆင်းပြီး ဆေးရုံတွေမှာ ကူးစက်လူနာ လုံးဝမရှိတော့တဲ့ နယူးဇီလန်နိုင်ငံ

နောက်ဆုံး လူနာဆေးရုံ ဆင်းပြီး ဆေးရုံတွေမှာ ကူးစက်လူနာ လုံးဝမရှိတော့တဲ့ နယူးဇီလန်နိုင်ငံ

နယူးဇီလန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ အဆိုအရ နိုင်ငံအတွင်းက ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူ မရှိတော့ကြောင်း သိရ ပါတယ်။ ဆေးရုံမှာနောက်ဆုံးကျန်ရှိနေတဲ့ လူနာဟာလည်း ရောဂါပျောက်ကင်း သွားတာကြောင့် ဆေးရုံဆေးသွားရပါပြီ။ ဒါ့ပြင် ပြီးခဲ့တဲ့ ၅ ရက်လုံးမှာလည်း လူနာသစ် ထပ်မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

နယူးဇီလန်မှာ ကိုရိုနာကူးစက်ခံ လူနာတွေ မရှိတော့ခြင်းဟာ နယူးဇီလန်အတွက် ဝမ်းသာစရာဖြစ်သလို တခြား နိုင်ငံတွေ အတွက်လည်း အတုယူစရာ၊ အားတက်စရာပါပဲ။ အခုလိုအကျိုးရလဒ်ကောင်းတွေ ရရှိလာခြင်းဟာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တင်းတင်းကြပ်ကြပ် တုံ့ပြန်မှုတွေ အသေအချာ ပြုလုပ်ခဲ့တဲ့ နယူးဇီလန်နိုင်ငံ ရဲ့ ကောင်းမွန်လှတဲ့ စဉ်စီညွှန်ကြားမှုတွေကြောင့်ပါပဲ

နယူးဇီလန်နိုင်ငံအနေနဲ့ သူတို့ရဲ့ပထမဆုံးကူးစက်မှု ကို ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပေမဲ့ မတ်လ ၁၉ ရက်နေ့ကျမှ နယ်စပ် ဝင်ပေါက်တွေကို ပိတ်ပစ်ခဲ့တာပါ။ မတ်လ ၂၆ ရက်နေ့ကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ lockdown အပြည့်အဝ ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကစလို့ နိုင်ငံ အတွင်းမှာ lockdown တွေကို အကန့်အသတ်နဲ့ ပြန်လည် ဖြေလျှော့ပေးခဲ့ပြီး သြစတြေးလျနိုင်ငံသို့ ခရီးသွားလာခွင့်ကို ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။

အရင်က နယူးဇီလန် မှာ ရောဂါကူးစက်မှု ၁၅၀၀ ကျော် နဲ့ သေဆုံးသူ ၂၁ ဦး ရှိခဲ့ပါတယ်။ ဒါပေမဲ့ မေ ၆ ရက် နောက်ပိုင်းကတည်းက ထပ်မံသေဆုံးမှုမရှိတော့သလို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီးလည်း ကူးစက်မှုအသစ် ထပ်မတွေ့ရတော့ပါဘူး။

အခုဆိုရင်တော့ မတ်လလယ်လောက်ကစပြီး ပထမဆုံး အကြိမ်အဖြစ် ဆေးရုံမှာ ပြုစုကုသပေးနေရတဲ့ ကူးစက် လူနာတစ်ယောက်မှ မရှိတော့ ပါဘူး။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ နယူးဇီလန်ရဲ့ public health chief ဖြစ်သူ Ashley Bloomfield က အခြေအနေကောင်းလာတာပါလို့ သုံးနှုန်းပြောကြား သွားခဲ့ပါတယ်။

Katie Scarlett
We Media

Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-8361935/New-Zealand-NO-coronavirus-patients-hospital.html?fbclid=IwAR3knRERdVgSsrtjHfbRgJ7lpeGGn5BQnj6PB6FbZ3P-4CNFyZN1kaVmScU

Add a Comment

Your email address will not be published. Required fields are marked *

fifteen − eleven =