ႏိုင္ငံျခားသား ကို ယူမွာလား၊ ျမန္မာလူမ်ိဳးကို ယူမွာလား ဆိုတဲ့ ေမးခြန္းကို ပညာသားပါပါ ေျဖလိုက္ တဲ့ ျဖဴျဖဴေက်ာ္သိန္း

အသံပါဝါ အားေကာင္းေကာင္းနဲ႔ အမိုက္စား သီခ်င္းေတြကိုပါ ေဖာမန႔္အျပည့္နဲ႔ ေဖ်ာ္ေျဖတင္ဆက္ေလ့ရွိတဲ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းကေတာ့ ပရိသတ္ေတြကို အၿမဲအထူးအဆန္းေတြလုပ္ျပေလ့ရွိတဲ့ အႏုပညာရွင္တစ္ေယာက္ဆိုတာကိုေတာ့ အထူးတလည္ ေျပာစရာမလိုေတာ့ဘူး ထင္ပါတယ္ေနာ္။ သူမရဲ႕ အမိုက္စား ဖက္ရွင္ေတြကေတာ့ ပရိသတ္ေတြၾကားမွာ အၿမဲေရပန္းစား ေလ့ရွိၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစတဲ့အႏုပညာရွင္တစ္ေယာက္ပါ ။သူမဟာယခုထက္တိုင္ အပ်ိဳႀကီးတစ္ေယာက္အျဖစ္ရပ္တည္ေနဆဲျဖစ္သလို တကိုယ္တည္းေအးခ်မ္းစြာအႏုပညာ ခရီးလမ္းကို ေလွ်ာက္လွမ္းေနတာပါ

ယခုရက္ပိုင္းမီဒီယာေတြ႕ဆုံမႈတစ္ခုမွာေတာ့ ႏိုင္ငံျခား သားကို ယူမွာလား၊ ျမန္မာလူမ်ိဳးကို ယူမွာလားဆိုတဲ့ ေမးခြန္းကို ျဖဴျဖဴေက်ာ္သိန္းက ပညာသားပါပါ ေျဖဆိုလာခဲ့တာျဖစ္ပါတယ္“ဘယ္လူမ်ိဳးကိုမွယူမယ္ ဘယ္ႏိုင္ငံသားကိုမွယူမယ္ ခ်မ္းသာမွယူမယ္ အႏုပညာရွင္ကိုမွယူမယ္ ဆိုတာမ်ိဳး မရွိပါဘူး အဓိကက အခ်စ္ပါပဲ ကိုယ့္ေဘးနားရွိတဲ့သူေတြထဲက ကိုယ္ျပန္ခ်စ္ႏိုင္တဲ့သူကိုပဲေ႐ြးခ်ယ္ျဖစ္မွာပါ လူေတြက ကိုယ့္နားေရာက္လာၿပီး ကိုယ္နဲ႔ဖူးစာဆုံတဲ့သူကိုပဲ ယူၾကရတာေလ

ဒါက ဘဝကေပးလာတဲ့ အေျခအေန ပဲေလ အစ္မတို႔ ခရစ္ယာန္ေတြအတြက္ေတာ့ ဘုရားရဲ႕ အလိုေတာ္အတိုင္းေပါ့ေနာ္ ဒါဘယ္လိုရွိမယ္ဆိုတာက လူေတြႀကိဳသိႏိုင္တာမွမဟုတ္တာ မနက္ျဖန္ေတာင္ကိုယ္ဘယ္နားေရာက္ေနမယ္ဆိုတာေတာင္ မသိႏိုင္ဘူးေလ အဲ့လိုမ်ိဳးႀကိဳတင္ စဥ္းစားထားတာေတြကမရွိပါဘူး ” လို႔ ေျပာသြားခဲ့တာပါပရိသတ္ႀကီးေရမျဖဴကေတာ့ ႏိုင္ငံျခားသားကို ယူမွာလား၊ ျမန္မာလူမ်ိဳးကို ယူမွာလားဆိုတဲ့ ေမးခြန္းကို ပညာသားပါပါ ေျဖဆိုသြားခဲ့တာပါေနာ္ လူမႈကြန္ယက္မွာ လူေျပာမ်ားေနတာေၾကာင့္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္

Credit Shwe Yaung Myanmar

UNICODE

အသံပါဝါ အားကောင်းကောင်းနဲ့ အမိုက်စား သီချင်းတွေကိုပါ ဖောမန့်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေကို အမြဲအထူးအဆန်းတွေလုပ်ပြလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော်။ သူမရဲ့ အမိုက်စား ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား လေ့ရှိပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့အနုပညာရှင်တစ်ယောက်ပါ ။သူမဟာယခုထက်တိုင် အပျိုကြီးတစ်ယောက်အဖြစ်ရပ်တည်နေဆဲဖြစ်သလို တကိုယ်တည်းအေးချမ်းစွာအနုပညာ ခရီးလမ်းကို လျှောက်လှမ်းနေတာပါ

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ နိုင်ငံခြား သားကို ယူမှာလား၊ မြန်မာလူမျိုးကို ယူမှာလားဆိုတဲ့ မေးခွန်းကို ဖြူဖြူကျော်သိန်းက ပညာသားပါပါ ဖြေဆိုလာခဲ့တာဖြစ်ပါတယ်“ဘယ်လူမျိုးကိုမှယူမယ် ဘယ်နိုင်ငံသားကိုမှယူမယ် ချမ်းသာမှယူမယ် အနုပညာရှင်ကိုမှယူမယ် ဆိုတာမျိုး မရှိပါဘူး အဓိကက အချစ်ပါပဲ ကိုယ့်ဘေးနားရှိတဲ့သူတွေထဲက ကိုယ်ပြန်ချစ်နိုင်တဲ့သူကိုပဲရွေးချယ်ဖြစ်မှာပါ လူတွေက ကိုယ့်နားရောက်လာပြီး ကိုယ်နဲ့ဖူးစာဆုံတဲ့သူကိုပဲ ယူကြရတာလေ

ဒါက ဘဝကပေးလာတဲ့ အခြေအနေ ပဲလေ အစ်မတို့ ခရစ်ယာန်တွေအတွက်တော့ ဘုရားရဲ့ အလိုတော်အတိုင်းပေါ့နော် ဒါဘယ်လိုရှိမယ်ဆိုတာက လူတွေကြိုသိနိုင်တာမှမဟုတ်တာ မနက်ဖြန်တောင်ကိုယ်ဘယ်နားရောက်နေမယ်ဆိုတာတောင် မသိနိုင်ဘူးလေ အဲ့လိုမျိုးကြိုတင် စဉ်းစားထားတာတွေကမရှိပါဘူး ” လို့ ပြောသွားခဲ့တာပါပရိသတ်ကြီးရေမဖြူကတော့ နိုင်ငံခြားသားကို ယူမှာလား၊ မြန်မာလူမျိုးကို ယူမှာလားဆိုတဲ့ မေးခွန်းကို ပညာသားပါပါ ဖြေဆိုသွားခဲ့တာပါနော် လူမှုကွန်ယက်မှာ လူပြောများနေတာကြောင့် တင်ဆက်ပေးလိုက်ပါတယ်နော်

Credit Shwe Yaung Myanmar

UNICODE

Add a Comment

Your email address will not be published. Required fields are marked *

one × three =