နန်းဆုရတီစိုး နဲ့ ပထမဆုံး စတွေ့တဲ့ေ န့ အကြောင်း သီချင်းလေးရေး ခဲ့ပြီး ခိုးပြီး ငိုနေရတယ် ဆိုတဲ့ G Fatt

နန်းဆုရတီစိုး နဲ့ ပထမဆုံး စတွေ့တဲ့ေ န့ အကြောင်း သီချင်းလေးရေး ခဲ့ပြီး ခိုးပြီး ငိုနေရတယ် ဆိုတဲ့ G Fatt

ပရိသတ်ကြီးရေ .. Idol couple အဖြစ် ပရိသတ်တွေ အားကျချစ်ခင်ခဲ့ရတဲ့ G-fatt နဲ့နန်းဆု တို့ရဲ့ အချစ်ရေးဟာ မကြာသေးမီကာလတွေက အဆုံးသတ်သွားခဲ့ တာဖြစ်ပါ တယ် ။ ပရိသတ်တွေအားလုံးက သဘောတူပြီး ပြန်တွဲစေချင်နေကြပေမယ့်လည်း သူတို့နှ စ်ဦးကတော့ နှစ်ယောက်ထဲသိတဲ့အဆင်မပြေမှုတွေအတွက် ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ လို့ အေးချမ်းစွာ လမ်းခွဲခဲ့တာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြပါတယ် ။

ဒါပေမယ့် အင်တာဗျူးတွေ မှာတော့ မျက်ရည်တွေ အဝဲသားနဲ့ ဖြေဆိုခဲ့ကြတဲ့ သူတို့နှစ်ဦး ကြောင့် ချစ်ရက်နဲ့ လမ်းခွဲကြတာလားလို့ ပရိသတ်တွေကထင်ကြေးပေးနေကြပါတယ် ။ လတ်တလောမှာတော့ လွန်ခဲ့တဲ့ (၂၀၁၆)ခုနှစ် ဂျူလိုင်လ (၁၆) ရက်နေ့က ပထမဆုံး အနုပညာတွဲ လုပ်ခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံလေးရဲ့အောက်မှာ – ဟိုးအရင်က ကျွန်တော် က သတို့သား သူမက သတို့သမီးလို ဝတ်ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုကြည့်ကာ ခိုးပြီးငိုရင်း နောက်ဆုံးတော့ G-fatt တို့ပဲ အငြိုးကြီးသလို ဖြစ်ဆိုတဲ့ နာရတဲ့ကဗျာ သီချင်းထဲက သီချင်းစာ သားလေး ကို ပြန်လည်ရေး သားခဲ့တာပါ ။

ပရိသတ်တွေက ဝင်ရောက်မှတ်ချက်ပေးကြတဲ့ အချိန်မှာတော့ G-fatt က သူ့ရဲ့ Comment ကိုဖျက်သွားခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ G-fatt တစ်ယောက်ကို နန်းဆု ကို မမေ့နိုင်သေးဘဲ ချစ်နေဆဲ ဖြစ်မယ်လို့ ထင်ကြေးတွေပေးနေကြတာ လည်းတွေ့ရပါတယ် ။ ပြန်အဆင်ပြေစေချင်နေ တဲ့ ပရိသတ်တွေလည်း ရှိသလို ထပ်မလွမ်းသင့်တော့ဘူး လို့ တား နေကြတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ် ။

Source : G-fatt
Emily (Cele Gabar)

Add a Comment

Your email address will not be published. Required fields are marked *

10 − nine =