ျမန္မာျပည္ ရဲ႕ အသက္အငယ္ဆုံး ကိုဗစ္လူနာ၊ အသက္ (၈) ရက္ပဲ ရွိေသး တဲ့ ေမြးကင္းစ ကေလးငယ္…

ဒီေန႔ မနက္ပိုး‌ေတြ႕လူနာ စာရင္းထဲမွာ အသက္ (၈) ရက္ပဲ ရွိေသးတဲ့ ပဲခူးတိုင္းက ေမြးကင္းစ ကေလးငယ္ တစ္‌ေယာက္ ပါဝင္လာတယ္လို႔ ပဲခူးတိုင္းျပည္သူ႔က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္လိုက္ပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာလ (၂၃)ရက္ေန႔ မနက္ပိုင္းထုတ္ျပန္ခ်က္အရ ပဲခူးတိုင္းက ကိုဗစ္လူနာ (၁၁)ေယာက္ေတြ႕ရွိ ခဲ့ၿပီး အဲဒီထဲမွာ ကိုဗစ္လူနာနဲ႔ ထိေတြ႕မႈရွိခဲ့တဲ့ အသက္ (၈) ရက္အ႐ြယ္ ေမြးကင္းစကေလး တစ္‌ေယာက္ပါ ကူးစက္ခံခဲ့ရတာလို႔ သိရပါတယ္။

ဒါ့အျပင္ ဒီေန႔ ပဲခူးတိုင္း မွာေတြ႕ခဲ့တဲ့ ကိုဗစ္လူနာေတြထဲ မွာ ရန္ကုန္တိုင္း၊ ၾကည့္ျမင့္တိုင္ ငါးေစ်းက ျပန္လာသူ (၃)ေယာက္ နဲ႔ ဗဟန္းကျပန္လာသူ(၁)ေယာက္ တို႔မွာလည္း ကိုဗစ္ပိုးေတြ႕ခဲ့ၿပီး က်န္တဲ့ ပိုးေတြ႕လူနာေတြကေတာ့ ကိုဗစ္လူနာ နဲ႔ ထိေတြ႕ဆက္စပ္မႈ ရွိတဲ့သူေတြျဖစ္ပါတယ္။

အခုကိုဗစ္ပိုးေတြ႕လူနာေတြဟာ အသြားအလာကန္႔သတ္ထားတဲ့သူေတြျဖစ္ၿပီး ပဲခူးကလိေဆး႐ုံႀကီးကို ပို႔ေဆာင္ကုသေပးသြားမယ္ လို႔ သိရပါတယ္။ ဒီေန႔ မနက္ပိုင္းအထိေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ (၆၉၅၉)‌ေယာက္ ရွိၿပီး ျပန္ေကာင္းမြန္သူ(၁၉၅၁)ေယာက္နဲ႔ ေသဆုံးသူ(၁၁၆)ေယာက္ရွိေနပါတယ္။

unicode

ဒီနေ့ မနက်ပိုး‌တွေ့လူနာ စာရင်းထဲမှာ အသက် (၈) ရက်ပဲ ရှိသေးတဲ့ ပဲခူးတိုင်းက မွေးကင်းစ ကလေးငယ် တစ်‌ယောက် ပါဝင်လာတယ်လို့ ပဲခူးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ (၂၃)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်းက ကိုဗစ်လူနာ (၁၁)ယောက်တွေ့ရှိ ခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အသက် (၈) ရက်အရွယ် မွေးကင်းစကလေး တစ်‌ယောက်ပါ ကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ပဲခူးတိုင်း မှာတွေ့ခဲ့တဲ့ ကိုဗစ်လူနာတွေထဲ မှာ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင် ငါးစျေးက ပြန်လာသူ (၃)ယောက် နဲ့ ဗဟန်းကပြန်လာသူ(၁)ယောက် တို့မှာလည်း ကိုဗစ်ပိုးတွေ့ခဲ့ပြီး ကျန်တဲ့ ပိုးတွေ့လူနာတွေကတော့ ကိုဗစ်လူနာ နဲ့ ထိတွေ့ဆက်စပ်မှု ရှိတဲ့သူတွေဖြစ်ပါတယ်။

အခုကိုဗစ်ပိုးတွေ့လူနာတွေဟာ အသွားအလာကန့်သတ်ထားတဲ့သူတွေဖြစ်ပြီး ပဲခူးကလိဆေးရုံကြီးကို ပို့ဆောင်ကုသပေးသွားမယ် လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၆၉၅၉)‌ယောက် ရှိပြီး ပြန်ကောင်းမွန်သူ(၁၉၅၁)ယောက်နဲ့ သေဆုံးသူ(၁၁၆)ယောက်ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

3 × one =