ဝူဟန် တမြို့လုံး မြေလှန်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုးရှိ သူများကို တရုတ်အစိုးရ ရှာမည်
12-May-2020
unicode
တရုတ် အစိုးရဟာ ဝူဟန့်မြို့တစ်မြို့လုံးကို ကိုရိုနာရောဂါ စစ်ဆင်ရေး လုပ်ပါမယ်။ ကျနော်ရေးသားရတဲ့ ရည်ရွယ်ချက်က တရုတ် ရဲ့လုပ်ပုံကိုင်ပုံ နဲ့လုပ်နိုင်တဲ့အင်အားကို သိစေချင်လို့ပါ။ လူဘယ်နှစ်ယောက်ကိုTestစစ်မှာလဲ⁉️ မြို့လူဦးရေအားလုံး ကို ရောဂါရှိမရှိ Test လုပ်မှာ ဖြစ်ပြီး စုစုပေါင်း လူ ၁၄ သန်းအထိစစ်မယ်လို့ ဆိုပါတယ်။ nucletic test ဖြစ်မှာမို့ အသေအချာပြင်ဆင် ရမှာပါ။
ဘယ်လေက်ကြာမှာလဲ⁉️ ၁၀ ရက်ကြာမယ့် ကမ်ပိန်းဖြစ်ပါတယ်။ တစ်ရက် ကို လူ ၁.၁ သန်းကနေ ၁.၄ သန်းအထိ ပြီးအောင်စစ်ရမှာဖြစ်ပါတယ်။ ဝူဟန့် Covid-19 ကူးစက်ရောဂါကာကွယ်ရေးဌာနချုပ်က လူနေအိမ်ယာတွေက မယကဥက္ကဋ္ဌအားလုံးကို အသေးစိတ် test plan ကို ဒီနေ့ အင်္ဂါနေ့ နေ့လည် 12:00 နာရီမတိုင်ခင်တင်ဖို့ အမိန့်ပေး ထားပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာ Test plan အပြီးသတ်တင်ခိုင်းတယ်ဆိုကတည်းက အရင်ကတည်းက အခြေအနေကြည့်ပြီး အကုန်စစ်ချပစ်ဖို့ ကြိတ်စီစဉ်ထားတာလား? အခုမှ လက်မြန်ခြေမြန် ထစီစဉ်နိုင်လောက်အောင် အင်အား ရှိတာလား? ကြည့်ရပါမယ်။
WUHAN, CHINA – FEBRUARY 10:A women wears a protective mask and cloths as walk in street on February 10, 2020 in Wuhan, China.2020 in Wuhan. Hubei province,China. Flights, trains and public transport including buses, subway and ferry services have been closed for the nineteenth days . The number of those who have died from the Wuhan coronavirus, known as 2019-nCoV, in China climbed to 909. (Photo by Stringer/Getty Images)
ဘယ်လိုလူမျိုးတွေကိုစစ်မှာလဲ⁉️ ဝူဟန့်မှာအမြဲတမ်းနေထိုင် သူတွေရော၊ ဝူဟန့်ကို ခေတ္တရောက်နေသူတွေရောပါ Test စစ်မှာဖြစ်ပါတယ်။ သဘောက သန်ခေါင်စာရင်းပေါက်သည်ဖြစ်စေမဖြစ်စေထည့်စစ်မယ်။ ဝူဟန့်ရှိ ဝင်ဒါမီယာလို သူဌေးရပ်ကွက်တွေရော၊ ကျန်ကွန်ဒိုတွေရော၊ လူတွေပြည့်ကျပ်နေထိုင်တဲ့ မြို့ထဲနေရာတွေ ကိုရော၊ စက်မှုဇုံတွေရော ရှိရှိသမျှနေရာအားလုံးမှာ စစ်ရမယ်။ (လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်စေရ ရှိသမျှလူအကုန်စစ်မယ်ဆိုတဲ့သဘော။)
ဘာကြောင့်အဲ့လိုကြီး ထစစ်ရတာလဲ⁉️ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ဝူဟန့်မြို့ရှိ Sanmin ဆိုတဲ့ လူနေအိမ်ယာမှာ လူ ၆ ယောက်မှာ positive တွေ့ရာကနေ Second Wave ဖြစ်မှာစိုးရိမ်ပြီး အဲ့လိုထစစ်တာဖြစ်ပါတယ်။ မရှင်းတဲ့အချက်က အဲ့ဒီ Sanmin အိမ်ယာက အသက် ၈၉ နှစ်အရွယ်ရှိ အဖိုးအိုမှာ မတ်လကတည်းက ရောဂါ လက္ခဏာပြနေတာကို ပြီးခဲ့တဲ့ စနေနေ့ မေလ ၉ ရက်နေ့မှ Covid-19 လူနာအဖြစ် အတည်ပြုတဲ့အချက်ဖြစ်ပါတယ်။
အခု အဲ့ဒီ အဖိုးအိုမှာ Covid-19 positive သေချာပြီလို့ဆိုတာ နဲ့ Sanmin အိမ်ယာက လူ ၅၀၀၀ လောက်ကို ကောက်စစ်လိုက်တာ ၅ ယောက်ထပ်တွေ့တာပဲ။ အဲ့ဒါနဲ့ တမြို့လုံး ၁၄ သန်းလုံးစစ်မယ်ဖြစ်ရော။ အဲ့ဒီ Sanmin အိမ်ယာက ကွန်မြူနစ်ပါတီအတွင်းရေးမှုးကို အစီအမံ ညံ့ဖျင်းမှုနဲ့ရာထူးကဖြုတ်ချပစ် လိုက်ပါတယ်။
အရင်တုန်းက ဝူဟန့်မှာလူဘယ်နှစ်ယောက်ဖြစ်ခဲ့တာလဲ⁉️ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစလို့ အစိုးရစာရင်းအရ ရောဂါပိုး ရှိသူ ၅၀၃၃၉ ယောက်နဲ့ သေသူ ၃၈၆၉ ယောက်ရှိတယ်လို့ ဆိုပါတယ်။
ဝူဟန့် Lockdown ကဘယ်လောက်ကြာခဲ့သလဲ⁉️ ဇန်နဝါရီလ 23 ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ ၂ လကျော် ကြာမြင့် ခဲ့ပါတယ်။ ကြားထဲမှာဝူဟန့်မှာTestစစ်သေးလား⁉️ ဝူဟန့်မှာ ဧပြီ ၂၉ ရက်နေ့အထိ Test တစ်သန်းလောက် လုပ်ထားပါတယ်တဲ့။
ကျွမ်းကျင်သူတွေကဘာပြောလဲ⁉️ ဟောင်ကောင် City University of Hong Kong က ပါမောက္ခ Dirk Pfeiffer က “ဒါဟာကောင်းတဲ့ခြေလှမ်းဖြစ်ပြီး အရင် Test ကအမှားတွေရှိရင် တွေ့နိုင်ပါတယ်တဲ့။ Case များများကို ဖော်ထုတ်နိုင်လေ ကောင်းလေပါတဲ့။ “The more cases that can be found the better.” လို့ ပြောသွား ပါတယ်။ ဆက်ပြောပါသေးတယ်။ “Test တစ်ခုစစ်တိုင်း false negatives နဲ့ false positives ကရှိစမြဲပါ” တဲ့။
အဲ့ဒီမှာ ရောဂါရှိတဲ့လူအနည်းငယ်ဟာ Test စစ်ရဲ့သားနဲ့ လွတ်ထွက်သွားနိုင်ပြီး လူမသိသူ မသိကူးစက်မှုကိုဖြစ်စေနိုင်ပါတယ်တဲ့။ ဒါပေမယ့် positive တွေ့လာရင် ထိတွေ့သူဘယ်လောက်ရှိမလဲဆိုတာရယ်။ ရောဂါရှာဖွေရေးရဲ့ထိရောက်မှုကို postive ဘယ်လောက်များများတွေ့နိုင်သလဲ ဆိုတာကနေပြပါလိမ့်မယ်တဲ့။
တရုတ်ပြည်တွင်းက ကူးစက်ရောဂါပါမောက္ခ တစ်ယောက်ကတော့ နာမည်ထုတ်ပြောဖို့ ငြင်းပါတယ်။ “အခု လူအများကြီး အစုလိုက်အပြုံလိုက်စစ်ခြင်းဟာ Second Wave ကို တားဆီးဖို့ဖြစ်ပါတယ်တဲ့။ အခု ဝူဟန့်မှာ Case အသစ်တွေတွေ့နေတယ်ဆိုတာက အမှိုက်ကနေ အချိန်မရွေးပြဿဒ် မီးလောင်နိုင်တဲ့ အန္တရာယ်ရှိတာကို သတိပေးနေတာပါပဲတဲ့။
ဒီဝူဟန့် လူ့အသိုင်းအဝိုင်း community ကြားထဲမှာ ရောဂါပိုးရှိပြီးလက္ခဏာမပြပဲနေတဲ့လူတွေ ရှိနေနိုင်တယ် ဆိုတာကိုလည်း သတိထားရ ပါမယ်။ အဲ့ဒီ ကိုယ့်ဟာကိုယ်ရောဂါ ပိုးမရှိဘူးထင်ပြီးလူတွေကြားလျှောက်သွားနေမယ့် (asymptomatic carrerier) လူတွေကြား ရှိနေကာ တိတ်တဆိတ် ကူးစက်မှုတွေဖြစ်နေမှာ အရမ်းကြောက်ရပါတယ်တဲ့။
“တကယ်တော့လည်း Covid-19 ဟာ အဲ့ဒီ အနည်းငယ်လေးကစ ခဲ့တာမလား!” “Covid-19 started with a few after all.” လို့ ဆိုသွားကြောင်းပါခင်ဗျား။ သူပြောသွားတာ ကို သတိမူပြီး သင်ခန်း တတ်ကြရပါမယ်။ အခုTest စစ်မှုက ဘာတွေတွေ့ရှိမလဲ⁉️ ဘယ်လိုစီမံလုပ်ဆောင်မလဲ ဆိုတာ စောင့်ကြည့်နေ ပါကြောင်း။
Richard Myo Thant (Facebook page)
12-May-2020
Add a Comment
Your email address will not be published. Required fields are marked *
1 × four =