အမျိုးသမီးငယ်လေးတိုင်း သိစေရန် (တစ်မိနစ်လေး အချိန်ပေးပြီး သင်ဖတ် လိုက်လျှင် သင့်အတွက် အကျိုး ရှိမှာပါ)

အမျိုးသမီးငယ်လေးတိုင်း သိစေရန် (တစ်မိနစ်လေး အချိန်ပေးပြီး သင်ဖတ် လိုက်လျှင် သင့်အတွက် အကျိုး ရှိမှာပါ)

ဒီဓါတ်ပုံ က သောက်စားပျော်ပါးတတ်တဲ့ မိန်းကလေးတွေအတွက်ပါ ။

မင်းရည်းစားက ဘာလို့ အပြင် မထွက်စေချင်တာလဲ ။ ဘာလို့လဲ မသိပေမယ့် သူတို့သိတယ် ဘာလို့လဲဆိုတော့ သူက ယောက်ျားလေး ဆိုတော့ ရေပြင်မှာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာ သူသိတယ်

မြွေမြွေချင်း ခြေမြင်တယ်၊ scan ဖတ်စရာမလိုဘဲအပြင်ပန်းမျက်နှာ ကြည့်တာ နဲ့ ဒီလူ ဘယ်လိုစိတ်မျိုးရှိတယ် ဆိုတာကို မှန်းလို့ရတယ်

မင်းချစ်သူက ဘာလို့ အရက်ကို သောက်ခွင့်မပေးတာလဲ ။ ရင်ဟိုက် တဲ့ အင်္ကျီတွေဝတ်ခွင့် မပေးဘူး ။ ယောကျားလေး သူငယ်ချင်းတွေနဲ့မပတ်သက်ခိုင်းဘူးဆိုတာက မင်းအတွက်ပါ ။

ငါမင်းကို မတားဆီးဘူး ဒါပေမဲ့ တစ်ခု တော့ သိထားလိုက်ပါ လူယုံသက်လို့ သေတယ်ဆိုတဲ့ စကားပုံလေးပါပဲ

အမျိုးသားပဲ ဖြစ်ဖြစ်၊အမျိုးသမီးပဲ ဖြစ်ဖြစ် အရက်သောက်ရင် မူးတက်သလိုမျိုး၊ မူးလာတဲ့အခါမှာတော့ မသင့်တော်တဲ့ အပြုအမှုတွေလုပ်လေ့ရှိပါတယ်။အမျိုးသားတွေ မူးလာတဲ့အခါပုံမှန်ထက်အနည်းငယ်ပိုမို

ဆိုးရွားနိုင်ပေမယ့်၊အမျိုးသမီးတွေ မူးလာတဲ့ အခါမှာတော့ဆိုးရွားတာထက်ပိုတဲ့ အမြင့်မသင့်တာ ၊လူကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ဖြစ်ပေါ်လာနိုင်တဲ့အပြင် အဆိုးဆုံးကတော့ အရှက်နဲ့သိက္ခာကိုပါထိခိုက်မှုတွေ ပြုကျင့်လာနိုင်တာပါ။

၂၁ရာစုမှာ အရက်သောက်သုံးခြင်းက မထူးဆန်း ပေမယ့် ပုံမှန်လေး အတိုင်းအတာနဲ့သောက်သုံးသင့်တယ်လို့ Admin ကသုံးသပ်မိပါတယ်။အထူးသဖြင့် မိန်းကလေးတွေ အရက်ရှောင်တာ အကောင်းဆုံးပါ။ တကယ်လို့သောက်မယ်ဆိုရင်လည်း အတိုင်းအတာတစ်ခုအထိ သတ်မှတ် သောက်သုံးသင့်ပါတယ်။ မိန်းကလေး တစ်ယောက်အလွန့်အလွန်သောက်လို့ မူးလာတဲ့အခါ ဘာမဆိုဖြစ်ပျက်သွားနိုင်တဲ့ သဘောတရားမှာရှိပါတယ်။

လက်တလောလူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ပုံအချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။ ပုံထဲမှာတော့ အနီရောင်ဝတ်စုံနဲ့အမျိုးသမီးငယ်တစ်ယောက် အမူးလွန်ကာဘာဖြစ်လို့ဖြစ်နေမှန်း မသိနိုင်တဲ့အခြေအနေပါ။သူ့သူငယ်ချင်းတစ်ယောက်က အဆိုပါပုံတွေကို ပျော်ရွှင်ဖွယ်အမှတ်တရ အတွက်ရိုက်ခဲ့တာပါ။အင်တာနက် သုံးစွဲသူတွေကြားမှာတော့

ဒီပုံကိုကြည့်ပြီး ဝေဖန်ချက် ၂ချက်ထွက်ပေါ်လာပါတယ်။ ပထမတစ်ချက်က အရက်အလွန်အကျွန်မသောက်ဖို့ပါ၊နောက်တစ်ချက်ကတော့ အခုလိုပုံတွေကို လူမှုကွန်ရက်မတင်သင့်ကြောင်းနဲ့မိန်းကလေးဂုဏ်သိက္ခာအရ ထိန်းသိမ်းရမယ်လို့ ဝေဖန်နေကြတာပါ။ ဒီအကြောင်းကိုတင်ပြလိုက်တဲ့ရည်ရွယ်ချက်ကတော့ မသောက်နိုင်တဲ့ ပမဏထက် ပိုမိုမသောက်ကြပါနဲ့…

#မုန်းမာန်ခ

Add a Comment

Your email address will not be published.

four × 4 =