ပရိသတ်တွေ လုံးဝကြွေ သွားစေမယ့် အမိုက်စား ဖက်ရှင်တွေ နဲ့ နန်းဆုရတီစိုး ရဲ့ အလန်းစား Tik Tok ဗီဒီယို လေး

ပရိသတ်တွေ လုံးဝကြွေ သွားစေမယ့် အမိုက်စား ဖက်ရှင်တွေ နဲ့ နန်းဆုရတီစိုး ရဲ့ အလန်းစား Tik Tok ဗီဒီယို လေး

မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင် အဖြစ်ပါ နာမည် ရအောင်မြင်လာခဲ့တာက အချိနအတော်ကြာရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ် တွေရဲ့အခိုင်အမာ အားပေးမှုကိုရရှိထားတဲ့ နန်းဆုက ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့သလို သီချင်းကောင်း ကောင်းလေးတွေ ဖန်တီးရင်း ဂီတလမ်းကြောင်းပေါ် မှာ တစိုက်မတ်မတ် လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

အမြဲတမ်းဖက်ရှင်ကျကျ လှပနေ တတ်သလို ကြွေရုပ်လေးလိုလှပတဲ့ နန်းဆုကတော့ သူမရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်လေးနဲ့ အမိုက်စားဖက်ရှင်တို့ကို ဝတ်ဆင်လေ့ရှိတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဆိုလည်းမမှားပါဘူး ။ လတ်တလောမှာတော့ နန်းဆု တစ်ယောက် လှလှပပလေးတွေ ဝတ်ပြီး လျှောက်လည် ချင်နေပြီ ဆိုတဲ့စာသားလေးနဲ့အတူ မှော်ဆန်ဆန် ပြောင်းလဲသွားတဲ့ သူမရဲ့ အမိုက်စားဖက်ရှင်တွေနဲ့ Tik Tok ဗီဒီယိုလေးရိုက် ပြီး ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

သူမရဲ့ပရိသတ်တွေကတော့ ဖက်ရှင် အမျိုးမျိုးနဲ့လိုက်ဖက်နေတဲ့ နန်းဆုကို အားပေးဝန်းရံ နေကြတဲ့ မှတ်ချက်တွေ ရေးသားထားကြတာလည်းတွေ့ရပါတယ် ။ ဘယ်ချိန်ကြည့်ကြ ည့်အ မြဲလန်းနေတဲ့ နန်းဆုရဲ့ ဖက်ရှင်တွေနဲ့အတူ သူမရဲ့ Tik Tok လေးကိုလည်း ပရိသတ်တွေ အတွက် တဆင့်ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Nansu Yati Soe
Emily (Cele Gabar )

Add a Comment

Your email address will not be published. Required fields are marked *

20 − 7 =