ကိုဗစ်ကြောင့် အိမ်လခမပေးနိုင်တော့ လို့ ရွာပြန်ရတော့မယ် ဆိုတဲ့ သင်းသင်း ( ရုပ်သံ )

သင်းသင်းဟာ ပရဟိတမင်းသားတစ်ဦးဖြစ်သလို အကယ်ဒမီ သရုပ်ဆောင် မင်းသားတစ်ဦးလည်းဖြစ်တဲ့ ဝေဠုကျော်က ချစ်သူတွေဖြစ်ခဲ့ကြပြီး သူမကို ကာမလိမ်လည်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး လူသိများလာခဲ့ကာ လက်ရှိမှာလည်း တရားစွဲဆိုထားသူပါ

သူတို့အမှုဟာ အချိန်တစ်နှစ်ကျော်လောက်ကြာ ခဲ့ပေမယ်​့ တိကျတဲ့အဖြေခုထိ မထွက်ပေါ်လာသေးဘူးပဲဖြစ်ပါတယ် လတ်တလောမှာသင်းသင်းဟာ ကိုဗစ်ကြောင့် အိမ်လခမပေးနိုင်တော့လို့ ရွာပြန်တော့မယ်လို့ပြောလာပါတယ်။ သင်းသင်းက “ကားလမ်းတွေမြန်မြန်ပြန်ဖွင့်ပါစေလို့ပဲ ဆုတောင်း ပါတယ်

နောက်ထပ်ခြောက်လအိမ်စာချုပ်ချုပ် ဖို့အတွက် အဆင်မပြေဘူး၊ ဘာလို့လဲဆိုရင် ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုကလည်းရှိသေးတယ်၊ စုဆောင်းထားတာမျိုးလည်းမဖြစ်တဲ့အတွက် အိမ်မှာပြန်နေမယ်လို့ပဲ စဉ်းစားထားတယ်” ဆိုပြီးပြောလာပါတယ်။ပရိသတ်ကြီးအတွက် ကိုဗစ်ကာလ မှာ အဆင်မပြေဖြစ်နေတဲ့ သင်သင်း ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်

Video : Sunday Journal




Video : Sunday Journal

Add a Comment

Your email address will not be published. Required fields are marked *

2 × 1 =