သူမရဲ့နှလုံးသား နဲ့ဘဝ တစ်ခုလုံးကို ချစ်သူလေးဆီအပြီးတိုင်အပ်နှင်းလိုက်ပြီ ဖြစ်ကြောင်း ပရိတ်သတ်တွေကိုအသိပေးလိုက်တဲ့ “မိစန္ဒီ”

ပရိသတ်ကြီးရေ အဆိုတော်မိစန္ဒီကတော့ လူငယ်ပရိသတ်တွေကြားမှာ အားပေးမှု ကို အခိုင်မှာ ရရှိထားတဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်နော်ရေခဲရိုက်အပြုံး ၊ ကျေးကျွန်နှင့် ဈေးဗန်းခင်းမယ်အစရှိတဲ့ သီချင်းတွေကတော့ သူမရဲ့ထင်ပေါ်ကျော်ကြားခဲ့တဲ့ သီချင်တွေအထဲမှာပါဝင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက်နေ့သူမရဲ့မွေးနေမှာတော့ မိစန္ဒီက အိမ်ထောင်ပြုတော့မှာ ဖြစ်ကြောင်း ပရိသတ်ကြီးကို ပွင့်လင်းစွာပြောပြခဲ့ပါသေးတယ်။ မိစန္ဒီတို့ ချစ်သူနှစ်ယောက်က နှစ်ဖက်မိဘတွေစုံလင်စွာနဲ့ မင်္ဂလာလက်မှတ်ထိုးလက်ထပ်ခဲ့ပြီးပြီဖြစ်ပြီး ဒီကနေ့မှာတော့ မိစန္ဒီက သူမရဲ့ မင်္ဂလာလက်မှတ် ထိုးပွဲလေးက အမှတ်တရတွေကို အခုလိုပဲပြောပြလာပါတယ်။

မိစန္ဒီက “❤️နှလုံးသားရဲ့ မူပိုင်ခွင့်ကို သူ့ဆီ နှင်းအပ်သောနေ့ ❤️ မိစန္ဒီ ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံး ရင်တုန်၊ ရင်ခုန် လက်တွေ ခြေထောက်တွေပါတုန်၊ ငိုချင်သလို ရယ်ချင်သလို ပါးစပ်ကြီးလည်း စေ့မရ ပြုံးဖြီးပြီး Officially ဈေးဗန်းသိမ်းသောနေ့အမှတ်တရလေးတွေ ပရိတ်သတ်ကြီးကို ဝေမျှခွင့်ပြုပါရှင်☺️🙈❤️🙏 သမီး တို့ မောင်နှံ လေး ရဲ့ အမှတ်တရနေ့လေးကိုအားတက်သရော ကူညီပေးကြသူများအားလုံးကိုလည်း ကျေးဇူး အများကြီး အများကြီးတင်ပါတယ်ရှင် 🥰🙏” ဆိုပြီး သူမရဲ့အပျော်တွေကို မျှဝေပေးလာပါတယ်။

မိစန္ဒီကတာ့ ဈေးဗန်းသိမ်းလိုက်ပြီဖြစ်ပြီး သူမဘဝရဲ့အချစ်ရဆုံးချစ်သူလေးနဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်ရှင်တစ်ယောက် ဖြစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိစန္ဒီရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

Source: Mi Sandi ‘s fb