လူရာ ဝင်ဖို့ ကြိုးစားရင်း နဲ့ပဲ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံး လာတဲ့ မြန်မာ လူမျိုးများ

လူရာ ဝင်ဖို့ ကြိုးစားရင်း နဲ့ပဲ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံး လာတဲ့ မြန်မာ လူမျိုးများ

လူတွေအချင်းချင်းတွေ့ကြရင် ဘာအလုပ်လုပ်သလဲ.. ဘယ်မှာ လုပ်သလဲ.. အိမ်ထောင် ရှိသလား.. Single လား.. လုံးချင်းနဲ့နေလား ရိုးရိုးတိုက်ခန်းလား.. ကွန်ဒိုလား.. ဘယ်နေရာမှာနေတာလဲ.. ကားရှိရဲ့လား.. ဘာကားလဲ.. အဲလို မေးခွန်းတွေကိုပဲ ဈေးဝယ်စာရင်းတစ်ခုလို တစ်ခုချင်း.. တစ်ချက်ချင်း.. မေးမြန်း တတ်ကြတယ်.. အဲဒီအချက်တွေကိုပဲ စိတ်ဝင်စားကြတယ်…

နင် ပျော်ရွှင်နေရဲ့လား.. စိတ်အဆင်ပြေရဲ့လား.. လို့တော့.. ဘယ်သူမှ မမေးကြဘူး.. စိတ်လည်းမဝင်စားကြဘူး…

ဘာအလုပ်လုပ်လဲ ပိုင်ဆိုင်မှု ဘယ်လောက် ရှိသလဲ ဆိုတာတွေကို မေးကြတယ် သိချင်ကြတယ်ဆိုတာဟာ ဘယ်လိုလေးစားမှုမျိုးနဲ့ ကျွန်မတို့ကို ဆက်ဆံရမလဲဆိုတာကို..သူတို့ စိတ်ထဲမှာ တွက်ချက်နေမိကြလို့ပဲဖြစ်တယ်…

ဥပမာ.. ကျွန်မဟာ.. အနိမ့်စား အလုပ် တစ်ခုကို လုပ်တယ်ဆိုရင်.. သြော်.. အဲဒီအလုပ်ကိုလုပ်တာလား.. အေး.. အေး.. ဆိုတာမျိုးလောက်နဲ့ ပြီးသွားမှာဖြစ်ပြီး…

ကျွန်မဟာ.. မီလျံနာတစ်ယောက်ပါ ဘယ်အဖွဲ့အစည်း ရဲ့ အကြီးအမှူးပါ ဘယ်သူရဲ့ ဇနီးပါ ဆိုရင်တော့.. အိမ်ကိုထမင်းလာစားပါဦး.. လက်ဆောင်တွေလာပေးပါရစေ.. အမြဲလှပနုပျိုနေတာပဲနော်.. ဆိုတာမျိုးတွေဖြစ်လာတတ်ပါတယ်.. လူရာဝင်တယ် ပွဲလည်တင့်တယ်.. ဦးစားပေး ခံရတယ်ပေါ့…

ဒါကြောင့် ကျွန်မတို့တွေဟာ..လူရာဝင်ဖို့ ကို တစ်သက်လုံး.. အပတ်တကုတ်ကြိုးစားနေရတဲ့လူတွေဖြစ်လာခဲ့ကြပါတယ်…

ဘဝမှာ.. ရှေ့တန်းရောက်ဖို့အရေး အတော်ကြိုးစား လာခဲ့ရတယ်.. အသက် ၁၃ နှစ် ၁၄ နှစ်လောက်ကတည်းက ပြိုင်ဆိုင်မှုတွေစလာကြပြီ.. ကြိုးစားရပြီ.. ဘယ်တက္ကသိုလ်ရအောင်တက်ရမယ် ဘယ်လိုင်းဝင်အောင်လုပ်ရမယ် ဆိုတာကစလို့… အသက် ၂၀ ကျတော့လည်း.. ဘယ်လို အလုပ်မျိုးရအောင်လုပ်ရမယ် အသက် ၃၀ ကျတော့ ပိုက်ဆံကို ဘယ်လိုရှာရမယ် စုရမယ် အသက် ၄၀ ကျတော့ ပိုင်ဆိုင်မှုတွေတိုးအောင် ဘယ်လို လုပ်ရမယ်.. စသည်ဖြင့်ပေါ့…

ကြိုးစားရင်း.. ကြိုးစားရင်း.. ရာထူးတွေရလာ.. စည်းစိမ် ချမ်းသာတွေရလာနဲ့.. ဒါပေမဲ့.. အလုပ်က အငြိမ်းစားယူလိုက်တဲ့အချိန်ကျတော့.. ဟိုးအစကိုပြန်ရောက်သွားသလိုပါပဲတဲ့…

လူတစ်ယောက်ကို တကယ် ပျော်ရဲ့လားလို့ မေးကြည့်လို့.. အရမ်းပျော်ပါတယ်.. သိပ်ပျော်ပါတယ်လို့ ဖြေနိုင်တဲ့သူသည် အကောင်ပဲ…

တချို့ ဘာမှမရှိလည်း စိတ်အေးချမ်းပြီး ပျော်နေတဲ့သူတွေရှိတယ် စစ်မှန်တဲ့.. ပျော်ရွှင်မှု ရှိတဲ့သူတွေဟာ.. နှစ်နှစ်ကာကာပျော်ရွှင်တတ်ကြပါတယ်… အဲဒီလို ပျော်ရွှင်မှုတွေဟာလည်း စိတ်ရဲ့အတွင်းပိုင်းကနေပဲ လာပါတယ်.. အပြင်မှာမရှိပါ.. ငွေကြေး အကုန် အကျခံစရာမလိုပါ…

လူတွေ အတော်များများဟာ.. ကိုယ့်စိတ်အတွင်း သန္တာန်မှာရှိတဲ့ ပျော်ရွှင်မှုကို မထုတ်ဖေါ်တတ်ကြပါဘူး ပိုက်ဆံတွေနဲ့ ပျော်ရွှင်ဖို့ကို ကြိုးစားကြတယ်.. ပျော်မလားလို့ထင်တဲ့အရာတွေနောက်ကို လိုက်နေသရွေ့ကတော့ ပျော်စရာရဲ့အရိပ်အရောင် Illusion of Happiness ကိုပဲရမှာ အမှန်ပါပဲ…

ကျွန်မတော့ Go for the reason , not for the symbol.. ဆိုတဲ့ စာသားလေးတစ်ခုကို မှတ်မိနေခဲ့တယ်..

ဥပမာဆိုပါစို့.. စားသောက်ဆိုင် ကောင်းကောင်းနေရာ အသစ်ဖွင့်တယ်ဆို တခြားလူတွေသွားပြီး ဓါတ်ပုံရိုက် Check In ဝင်ကြလို့ ငါလည်းရောက်ဖူးပါတယ်ကွာ.. ဆိုတဲ့ သင်္ကေတ Symbol အနေနဲ့ သွားချင် ပြချင်တာထက် ကိုယ့်အကြောင်းနဲ့ကိုယ် ဥပမာ.. အတွေ့အကြုံတစ်ခုခု.. ဗဟုသုတ တစ်ခုခု ရချင်လို့ သွားတာမျိုးက ပိုပြီး သင့်တော်တယ်ဆိုတဲ့အကြောင်းရေးထားတာပါ.. သူများလုပ်တိုင်း လိုက်လုပ်ဖို့မလိုဘူးလို့ ဆိုလိုချင်တာပါ…

သူများတွေ လုပ်တိုင်းလိုက်လုပ်ချင်တယ်.. လိုက်ဝတ်ချင်တယ်.. လိုက်သွားချင်တယ်.. ဆိုတာမျိုးတွေက.. ကိုယ့်ရဲ့ ဦးတည်ချက်ကိုပျောက်ဆုံးစေပါတယ်.. off the purpose ဖြစ်သွားပါတယ် ဒီလို သူများဘဝတွေကို လိုက်ကြည့်နေတော့.. Reason နဲ့ Symbol ဟာ မသဲကွဲတော့ဘူး…

ဘယ်နေရာမှာပဲဖြစ်ဖြစ် လုပ်နိုင်တဲ့သူသည် လုပ်နိုင်တယ် မလုပ်နိုင် တဲ့သူဟာ မလုပ်နိုင်ဘူး.. အခြေအနေချင်းတူနေရင်တောင် ကုသိုလ်ကံချင်းမတူညီကြတာတွေရှိတတ်တယ်.. သူလုပ်နိုင်လို့ လုပ်တာသည် သူ့ Reason နဲ့သူရှိလိမ့်မယ်.. ကိုယ်က သူ့လိုဖြစ်အောင်လို့.. အတင်းလိုက်လုပ်ရင် Symbol ကို လိုချင်တာဖြစ်သွားပြီ..

လူအထင်ကြီးခံရအောင် တချို့ အကြွေးတင်ခံပြီးတော့ လုပ်နေကြတာတွေတောင်ရှိတယ်..

ဘာကိုမှ အတင်းလုပ်မယူပါနဲ့ အရှိအတိုင်းသာနေပါ.. ဘဝမှာ.. အရှိအတိုင်းနေလိုက်နိုင်တာကပဲ.. အလှဆုံး.. အပျော်ဆုံး.. အငြိမ်းချမ်းဆုံးဖြစ်နေပါပြီ…

မွန်ဟော်စီ

Add a Comment

Your email address will not be published. Required fields are marked *

19 + twenty =