ပရိတ်သတ်တွေက ချစ်စနိုးနဲ့ မမြတ်လေး လို့ ခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူ ကတော့ ရယ်လိုက်ရင် ပါးချိုင့် လှလှလေးနဲ့ မြင်သူရင်ကို အေးချမ်းစေတဲ့ အလှပိုင်ရှင်လေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေးမြတ်သူကတော့ ပြီးခဲ့တဲ့နှစ်အတွင်းက“ခေါက်ထီးလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆုကြီ းကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။အကယ်ဒမီ ဆုရှင်တစ်ယောက် ဖြစ်နေပြီ ဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်အတိုင်းပုံ
မှန်အတိုင်းသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။အသက် (၃၅) နှစ်အရွယ် ရောက်ရှိနေပြီ ဖြစ်တဲ့ အေးမြတ်သူ ကတော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားကာ မကြာခင်နှစ်ပိုင်းအတွင်းမှာလည်း ရွှေလက်တွဲလက်ထပ်တော့မှာဖြစ်ကြောင်းကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ အေးမြတ်သူက ” ကိုယ့်သက်တမ်းကနေထိုင်ခွင့်တဝက်ကျိုးနေပြီ ဘယ်နေ့သေမယ်ဘာဖြစ်မယ်မသိတဲ့နေရာမှာ နေနေရတာဘာတွေကို ထပ်ပြီးဂရုစိုက်နေရဦးမှာလဲ
…..အမြဲတမ်းမလိမ္မာသလို ..အချိန်ပြည့်ဆိုးသွမ်းနေတဲ့ မိန်းမလည်းမဟုတ်ဘူး …..ယူသင့်တာကိုယူပါ ..မယူသင့်တာကို ယူပြီး သူ့ကြောင့်လို့ လက်ညိုးမထိုးပါနဲ့ ….”ဆိုပြီး ရေးသားလာခဲ့တာ ဖြစ်ပါတယ်နော်။Cele World ပရိသတ်ကြီးလည်း အမြဲတမ်း ဆိုးသွမ်းမနေတဲ့ အေးမြတ်သူလေးကိုလည်း ချစ်ပေးကြပါအုံးနော်…..
Source: Mayt Lay