ဒေါ်အောင်ဆန်းစုကြည် ဘဝ တလျှောက် ရင်ဆိုင်ခဲ့ရသော ယတြာ များ အကြောင်း

မှတ်မိ သူတွေ မှတ်မိ ကြပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီ ကာလက မထသလိုင်းကား တမျိုး ပေါ်ခဲ့ဖူးတယ်။ ကားနဖူးစည်းမှာ စု-ပုံ-ရှင်းလို့ ပြူးနေအောင် ရေးထားတဲ့ လိုင်းကား၊ မှတ်တိုင်မှာ စုံပုံနေတဲ့ ခရီးသည်တွေကို ရှင်းပေးဖို့အတွက်လို့ အကြောင်းပြ ပေမယ့် ဘယ်အဓိပ္ပာယ်နဲ့ ဘာကို ရည်ရွယ်တယ်ဆိုတာကို ပြည်သူတွေက သိကြပါတယ်။

အဲဒါနဲ့တင် အားမရတော့ ” စုနိုင်မှ ချမ်းသာမည် ” လို့ တနိုင်ငံလုံးပဲ့တင်ရိုက်နေတဲ့အချိန်မှာ နိုင်ငံ‌ပိုင်သတင်းစာတွေကနေ ဆောင်ပုဒ်လိုလို ဘာလိုလိုစာသားတစ်ခုကို နေ့စဉ်ထည့်ပြန်လေရော.. ဘာလဲဆိုတော့… “မစုနိုင်က စိတ်ပူရ” ဆိုပြီး အောက်က ကွင်းစကွင်းပိတ်နဲ့ မြန်မာ့စီးပွားရေးဘဏ် တဲ့။ နောက်ပိုင်းကာလတွေမှာလဲ စုကြည်ဆိုတာကို ကက်ကင်း ရိုက်ပြီး ကြက်ဆူတနိုင်ငံလုံးစိုက်ခိုင်းခဲ့ကြတာတွေ၊ အမျိုးသမီးအကြီးအကဲပေါ်မလာအောင် တဖွဲ့သားလုံးအမျိုးသမီးဝတ်ချိတ်လုံခြည်တွေ ဝတ်ကြတာတွေ။

ပြီးခဲ့တဲ့ ၂၀၁၅ မတိုင်မီတုန်းကတောင် အောင်ဆန်းစုကြည်နဲ့ နေ့နာမ်တူတဲ့ အင်းစိန်ဈေးကြီး‌ခေါင်မိုးမှာမှကျောက်ဖရုံးသီး သွားချိတ်ခဲ့ကြသေးတာမဟုတ်လား။ ‌ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့အမျိုးသမီးကို သူတို့တွေ … ကံချင်းလဲ ယှဉ်လို့မရဘူး၊ ဉာဏ်ချင်းလဲ ယှဉ်လို့မရဘူး၊ ဝီရိယချင်းလဲ ယှဉ်လို့မရဘူး၊ စေတနာမေတ္တာချင်းလဲ ယှဉ်လို့မရဘူး၊ အဲဒီတော့ သူတို့လုပ်နိုင်တာ တစ်ခုပဲရှိတယ်။ အောက်တန်းကျကျ တိုက်ခိုက်ဖို့နဲ့ ယုတ်ယုတ်မာမာ သတင်းတုလွှင့်ဖို့….။

သက်ငြိမ်

zawgyi

မွတ္မိ သူေတြ မွတ္မိ ၾကပါလိမ့္မယ္။ ၁၉၉၀ ေ႐ြးေကာက္ပြဲ မတိုင္မီ ကာလက မထသလိုင္းကား တမ်ိဳး ေပၚခဲ့ဖူးတယ္။ ကားနဖူးစည္းမွာ စု-ပုံ-ရွင္းလို႔ ျပဴးေနေအာင္ ေရးထားတဲ့ လိုင္းကား၊ မွတ္တိုင္မွာ စုံပုံေနတဲ့ ခရီးသည္ေတြကို ရွင္းေပးဖို႔အတြက္လို႔ အေၾကာင္းျပ ေပမယ့္ ဘယ္အဓိပၸာယ္နဲ႔ ဘာကို ရည္႐ြယ္တယ္ဆိုတာကို ျပည္သူေတြက သိၾကပါတယ္။

အဲဒါနဲ႔တင္ အားမရေတာ့ ” စုႏိုင္မွ ခ်မ္းသာမည္ ” လို႔ တႏိုင္ငံလုံးပဲ့တင္႐ိုက္ေနတဲ့အခ်ိန္မွာ ႏိုင္ငံ‌ပိုင္သတင္းစာေတြကေန ေဆာင္ပုဒ္လိုလို ဘာလိုလိုစာသားတစ္ခုကို ေန႔စဥ္ထည့္ျပန္ေလေရာ.. ဘာလဲဆိုေတာ့… “မစုႏိုင္က စိတ္ပူရ” ဆိုၿပီး ေအာက္က ကြင္းစကြင္းပိတ္နဲ႔ ျမန္မာ့စီးပြားေရးဘဏ္ တဲ့။ ေနာက္ပိုင္းကာလေတြမွာလဲ စုၾကည္ဆိုတာကို ကက္ကင္း ႐ိုက္ၿပီး ၾကက္ဆူတႏိုင္ငံလုံးစိုက္ခိုင္းခဲ့ၾကတာေတြ၊ အမ်ိဳးသမီးအႀကီးအကဲေပၚမလာေအာင္ တဖြဲ႕သားလုံးအမ်ိဳးသမီးဝတ္ခ်ိတ္လုံျခည္ေတြ ဝတ္ၾကတာေတြ။

ၿပီးခဲ့တဲ့ ၂၀၁၅ မတိုင္မီတုန္းကေတာင္ ေအာင္ဆန္းစုၾကည္နဲ႔ ေန႔နာမ္တူတဲ့ အင္းစိန္ေဈးႀကီး‌ေခါင္မိုးမွာမွေက်ာက္ဖ႐ုံးသီး သြားခ်ိတ္ခဲ့ၾကေသးတာမဟုတ္လား။ ‌ေဒၚေအာင္ဆန္းစုၾကည္ဆိုတဲ့အမ်ိဳးသမီးကို သူတို႔ေတြ … ကံခ်င္းလဲ ယွဥ္လို႔မရဘူး၊ ဉာဏ္ခ်င္းလဲ ယွဥ္လို႔မရဘူး၊ ဝီရိယခ်င္းလဲ ယွဥ္လို႔မရဘူး၊ ေစတနာေမတၱာခ်င္းလဲ ယွဥ္လို႔မရဘူး၊

အဲဒီေတာ့ သူတို႔လုပ္ႏိုင္တာ တစ္ခုပဲရွိတယ္။ ေအာက္တန္းက်က် တိုက္ခိုက္ဖို႔နဲ႔ ယုတ္ယုတ္မာမာ သတင္းတုလႊင့္ဖို႔….။

သက္ၿငိမ္

Add a Comment

Your email address will not be published. Required fields are marked *

eighteen − seven =