မြန်မာပြည် က (၉၀) ကျပ်တန် တရုတ် ပြည်ထုတ် Mask တွေရဲ့ ရင်လေး ဖွယ်ရာ အခြေအနေ

မြန်မာပြည် က (၉၀) ကျပ်တန် တရုတ် ပြည်ထုတ် Mask တွေရဲ့ ရင်လေး ဖွယ်ရာ အခြေအနေ

Face Mask ၉၀ တန် တစ်ခု Sample ရလို့ ကြည့်လိုက်တာ.. ဝိုး.. ရင်လေး ဖွယ်ရာပါပဲ….အရည်အသွေး ထိန်းချုပ်ရေးက ဒီလောက် ညံ့ဖျင်းနေတာ ပေါ်လွင်နေတယ်။ တရုတ်ပြည်ကတော့ ၁ ကျပ်တန်လည်း ထုတ်ခိုင်းလို့ရတယ်။ ၁၀၀ တန်လည်း ထုတ်ခိုင်း လို့ရပါတယ်။ အခု ၉၀ တန် mask မှာတော့ ၃ လွှာလုံးကို Non Woven Layer တွေနဲ့ လုပ် ထားတယ်။ အလယ်က အဓိက ရောဂါပိုးကို ကာကွယ်ပေးတဲ့ Melt Blown Layer မသုံးထားပါဘူး။

ကုန်ကြမ်းဈေးအနေနဲ့ ကြည့်မယ် ဆိုရင် Non Woven Layer က တစ်တန်ကို USD 4500 လောက်ပဲ ရှိနေတဲ့အချိန်မှာ Melt Blown Layer က တစ်တန်ကို 55000 USD လောက်အထိ တန်ကြေးမြင့်ပါတယ်။ဒီလို ၃ လွှာလုံး Non Woven သုံးပြီး ပြည်တွင်းထုတ်မယ် ဆိုရင် တစ်ခုကို ၅၀-၆၀ ဝန်းကျင်လောက်နဲ့ ထုတ် လို့ ရပါတယ်။

ဒါပေမယ့် စားသုံးသူတွေအတွက် ဆိုရင်တော့ ပိုက်ဆံ ကုန်ခံရပြီး အကျိုးမရှိ ဖြစ်နေမှာပါ။ ဖြစ်နိုင်ရင် ဘူးခွံတွေကို မယုံပါနဲ့။ Certificate ဓာတ်ပုံတွေကို မယုံပါနဲ့။ အမှန်အကန်တွေ မဟုတ်ကြပါဘူး။ အရမ်းပေါပြီဆိုပြီး မကြိုက်ကြပါနှင့်။ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ Face Mask အလွှာတွေ အကြောင်း သိချင်ရင် ရှာဖတ်ကြည့် လိုက်ပါ။ နားလည် သွားပါလိမ့်မယ်။

Credit Htoo Aung Myint

Add a Comment

Your email address will not be published. Required fields are marked *

3 × three =