ကြက်ပွဲ ရှုံးလာ ပြီးနောက် ယောက္ခထီး ရဲ့ ဝှေးစေ့ ကို ညှစ်ကာ သတ်ခဲ့တဲ့ အမျိုးသမီး ရဲ့ လုပ်ရပ် …

ကြက်ပွဲ ရှုံးလာ ပြီးနောက် ယောက္ခထီး ရဲ့ ဝှေးစေ့ ကို ညှစ်ကာ သတ်ခဲ့တဲ့ အမျိုးသမီး ရဲ့ လုပ်ရပ် …

ကြက်ပွဲ ရှုံး လာပြီးနောက် ယောက္ခထီး ရဲ့ ဝှေးစေ့ ကို ညှစ်ကာ သတ်ခဲ့တဲ့ အမျိုးသမီး …Jharkhand ပြည်နယ်၊ Saitola မြို့နယ်ရှိ အကျဉ်းထောင် မူခင်းဆိုင်ရာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ Gauဟာ သားနဲ့ ချွေးမဖြစ်သူတို့ ကြက်ပွဲတိုက်ပြီး ရှုံးလာတာကြောင့် အငြင်းပွားနေတာကို ဖျန်ဖြေဖို့ကြိုးစားခဲ့ တာဖြစ်ပါတယ်။ ဒါကို ကြက်ပွဲရှုံး လို့ ဒေါသထွက်နေတဲ့ ချွေးမ ဖြစ်သူက Gau ရဲ့ဝှေးစေ့ကို ညစ်ပစ် ခဲ့တာပါ။ Gauဟာ ဝှေးစေ့ကြေပြီး သွေးထွက်လွန် ကာပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံရဲမှူး Ashok Kumarက ”လင်မယားနှစ်ဦးစလုံး က အရက်တွေ သောက်ထားပုံရပါတယ်။ သားနဲ့ ချွေးမအကြားဖျန်ဖြေရင်း ဝှေးစေ့ညစ်ခံရကာ Gau သေဆုံးခဲ့တာဖြစ်ပါတယ်။ အလောင်းခွဲစိတ်မှုအရ ဝှေးစေ့ဟာ ထိခိုက်မှုများပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့တာဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။ ဒေသခံရဲတွေဟာ တရားခံ ချွေးမဖြစ်သူ Anima Kharia ကို Jharkhand ပြည်နယ်၊ Saitolaမြို့နယ်ရှိ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ အဆင့်ဆင့်ပြုလုပ်နေပါတယ်။ ရဲတွေက တရားမဝင်ကြက်ပွဲအမှုကိုပါ ထည့်သွင်း စစ်ဆေးခဲ့ပေမယ့် Anima Kharia နဲ့ ခင်ပွန်းဖြစ်သူတို့ကတော့ အဲဒီတရားမဝင် ကြက်ပွဲအကြောင်းကို ရှောင်လွှဲကာ ဖြေထားတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်လေးဟာ ဟာသလို့ ထင်ရပေမယ့် စာဖတ်သူ ပရိတ်သတ်ကြီး အသိတရားတွေ ရစေချင်ပါတယ်။ တစ်ခဏတာ အခိုက်အတန့်လေး ဒေါသကို ရှေ့တန်းတင်မိတဲ့အတွက် အားလုံး ဒုက္ခရောက်ကြရတယ်။ သေသူကသေ သတ်သူက ထောင်ကျ။ ပျော်စရာ လွတ်လပ်တဲ့ဘဝတေ ကြေမွ ပျက်စီးကြရတယ်။ အားလုံးဟာ သာမန်ပုထုဇဉ်တွေဖြစ်တဲ့ အတွက် ဒေါသတွေဖြစ်ကြပါတယ်။ ဒါပေမယ့် အဲဒီဒေါသတွေကို အသိတရား သတိရားလေးတွေနဲ့ ထိန်းချုပ်ကြ ပါလို့ ဆန္ဒပြုပေးလိုက်ပါတယ်နော်…

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

2 × three =