ရန်ကုန်ဆေးရုံကြီး က ညီငယ်တယောက် ရေးတဲ့စာ

YGH မှာနေ့စဉ် အနံမရလို့နဲ့တခြားကိုဗစ်လက္ခဏာ တွေနဲ့လူနာ တွေ နေ့စဉ် ၁၀၀-၁၅၀ ရှိတယ်။နေ့တိုင်း PUI လူနာရာကျော်တင်ထားရတော့ ထားစရာကိုနေရာမရှိတော့ပါဘူး ဒါပေမယ့် ကျွန်တော်တို့ ဆေးရုံတာဝန်ရှိသူတွေ ၊ဆရာဝန်တွေ ၊ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မဖြစ်ဖြစ်အောင်ဖန်တီးပေးနေကြပါတယ်။ တာဝန်ယူနေကြတယ်ဆရာ။

မနေ့ညက လူနာတစ်ယောက် သူက PUI ပါ။ ကုတင်လည်း သူရပြီးသားပါ။ တချို့လူနာတွေဆို ကုတင်တောင်မရကြသေးလို့အတင်းစီစဉ်နေရချိန်မှာ သူ့ကို Positive လူနာတွေထားတဲ့ အလုံခန်းရှေ့မှာထားလို့ဆိုပြီးပြသာနာလုပ်ပါတယ်။ နောက်ဆုံး အောက်စီဂျင်ဗူးနဲ့မှန်ကိုရိုက်ခွဲပါတယ်။သူ့ခံစားချက်ကိုနားလည်ပေးနိုင်ပေမယ့် အခုလို ဖြစ်တာမျိုးကတော့ မကောင်းဘူးပေါ့ဆရာရယ်။

ကျွန်တော်တို့ဘာလုပ်ရမလဲဆရာ အဓိကက PUI patients (suspected patients)တွေကို ထားဖို့ YGH Settingအနေနဲ့ အတော် အကြပ်တွေ့နေပါတယ်။ ရန်ကုန်ဆေးရုံကြီးကိုလည်း ပစ်မထားကြပါနဲ့လို့ ကူပြောပေးပါဦး ဆရာရယ်။ ဆရာဝန်တွေ လက်ပန်းကြတာထက် မနိုင်ဝန်တွေ ကြားထဲမှာ မသေသင့်တဲ့ အသက်တွေ မသေကြစေဖို့ အရေးကြီးလို့ပါ။လူနာတွေကိုလည်းတကယ် စာနာမိ ပါတယ်။

ဒါပေမယ့် ဒီအချိန်မှာ အားလုံးဝိုင်းပြီး အခက်အခဲကိုရုန်းကန်ကျော်ဖြတ်နေရချိန်မို့ အပြန်အလှန်နားလည်ကိုယ်ချင်းစာစိတ်လေးတွေထားစေချင်ပါတယ်။ လူနာတွေမှာသူ့မိသားစုတွေရှိနေသလို ကျွန်တော်တို့ ဆရာဝန်တွေ ၊ကျန်းမာရေးဝန်ထမ်းတွေမှာလည်း အိမ်မှာရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ဆုတောင်းနေကြတဲ့ သက်ကြီးရွယ်အိုမိဘတွေ၊ ဇနီးခင်ပွန်းသားသမီးမိသားစုတွေနဲ့သူတွေပါပဲဆရာရယ်။

@YGH မှညီငယ်တစ်ဦး

unicode

YGH မွာေန႔စဥ္ အနံမရလို႔နဲ႔တျခားကိုဗစ္လကၡဏာ ေတြနဲ႔လူနာ ေတြ ေန႔စဥ္ ၁၀၀-၁၅၀ ရွိတယ္။ေန႔တိုင္း PUI လူနာရာေက်ာ္တင္ထားရေတာ့ ထားစရာကိုေနရာမရွိေတာ့ပါဘူး ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေဆး႐ုံတာဝန္ရွိသူေတြ ၊ဆရာဝန္ေတြ ၊က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ မျဖစ္ျဖစ္ေအာင္ဖန္တီးေပးေနၾကပါတယ္။ တာဝန္ယူေနၾကတယ္ဆရာ။

မေန႔ညက လူနာတစ္ေယာက္ သူက PUI ပါ။ ကုတင္လည္း သူရၿပီးသားပါ။ တခ်ိဳ႕လူနာေတြဆို ကုတင္ေတာင္မရၾကေသးလို႔အတင္းစီစဥ္ေနရခ်ိန္မွာ သူ႔ကို Positive လူနာေတြထားတဲ့ အလုံခန္းေရွ႕မွာထားလို႔ဆိုၿပီးျပသာနာလုပ္ပါတယ္။ ေနာက္ဆုံး ေအာက္စီဂ်င္ဗူးနဲ႔မွန္ကို႐ိုက္ခြဲပါတယ္။သူ႔ခံစားခ်က္ကိုနားလည္ေပးႏိုင္ေပမယ့္ အခုလို ျဖစ္တာမ်ိဳးကေတာ့ မေကာင္းဘူးေပါ့ဆရာရယ္။

ကြၽန္ေတာ္တို႔ဘာလုပ္ရမလဲဆရာ အဓိကက PUI patients (suspected patients)ေတြကို ထားဖို႔ YGH Settingအေနနဲ႔ အေတာ္ အၾကပ္ေတြ႕ေနပါတယ္။ ရန္ကုန္ေဆး႐ုံႀကီးကိုလည္း ပစ္မထားၾကပါနဲ႔လို႔ ကူေျပာေပးပါဦး ဆရာရယ္။ ဆရာဝန္ေတြ လက္ပန္းၾကတာထက္ မႏိုင္ဝန္ေတြ ၾကားထဲမွာ မေသသင့္တဲ့ အသက္ေတြ မေသၾကေစဖို႔ အေရးႀကီးလို႔ပါ။လူနာေတြကိုလည္းတကယ္ စာနာမိ ပါတယ္။

ဒါေပမယ့္ ဒီအခ်ိန္မွာ အားလုံးဝိုင္းၿပီး အခက္အခဲကို႐ုန္းကန္ေက်ာ္ျဖတ္ေနရခ်ိန္မို႔ အျပန္အလွန္နားလည္ကိုယ္ခ်င္းစာစိတ္ေလးေတြထားေစခ်င္ပါတယ္။ လူနာေတြမွာသူ႔မိသားစုေတြရွိေနသလို ကြၽန္ေတာ္တို႔ ဆရာဝန္ေတြ ၊က်န္းမာေရးဝန္ထမ္းေတြမွာလည္း အိမ္မွာရင္တထိတ္ထိတ္နဲ႔ ေစာင့္ေမွ်ာ္ဆုေတာင္းေနၾကတဲ့ သက္ႀကီး႐ြယ္အိုမိဘေတြ၊ ဇနီးခင္ပြန္းသားသမီးမိသားစုေတြနဲ႔သူေတြပါပဲဆရာရယ္။

@YGH မွညီငယ္တစ္ဦး

Add a Comment

Your email address will not be published. Required fields are marked *

3 × 3 =