ရှေ့တန်း တိုက်စစ် မှုး အထူးကု ဆရာဝန်မကြီး တယောက် ရဲ့ အကူ အညီ တောင်းခံခြင်း

ရှေ့တန်း စစ်မျက်နှာက အချစ်ဆုံးသူငယ်ချင်း၊ သားဖွား မီးယပ်အထူးကုဆရာဝန်တ​ယောက်ရဲ့ပထမဦးဆုံးအကြိမ်အကူအညီ​တောင်းခံခြင်းပါ။ ရန်ကုန် ဧရိယာထဲက ဟိုတယ်ပိုင်ရှင် တည်းခိုခန်းပိုင်ရှင် (5stars, 4 stars, 3 stars, 2 stars, 1 stars, 0.5 stars ဘာ stars ပဲဖြစ်ဖြစ်၊ ရေချိုးခန်းအိမ်သာတွဲရက်ပါ တစ်ယောက်ချင်းသီးသန့် အခန်းများအလှူခံချင်ပါတယ်ရှင်။ အခုချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ဆေးရုံမှာ တကယ့်ကို ပြည်ပျက်သလို မနိုင်မနင်းတာဝန်တွေကို ထမ်းနေကြရပါတယ်။

ဒုက္ခရောက်နေကြတဲ့လူနာတွေကို လည်းမပစ်ထားခဲ့ ရက်နိုင်ပါဘူး။ တပြိုင်နက်တည်းမှာပဲ ကိုယ့်ဘေးနား အန္တရာယ်တွေဝိုင်းနေတဲ့အချိန်မှာ ကိုယ့်ကိုကူးစက်မှာထက် ကိုယ်မိဘ သားသမီး မိသားစုပါ ဒုက္ခရောက်မှာစိုးရိမ်ရတဲ့ ရင်ထဲကအပူမီးက အရမ်းကြီးမားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ Q ထိရင် ကျန်တဲ့သူတွေပိုဆင်းရပါတယ်။

ဆရာဝန်၊ ဆရာမ၊ အလုပ်သမား၊ အောက်ခြေဝန်ထမ်းတွေကိုယ်တိုင်ရော၊ ကျွန်မတို့ မိဘတွေရောက စင်းလုံးချော ဒေါင်ဒေါင်မြည် ကျန်းမာရေးကောင်းနေကြတာမဟုတ်ပါဘူး။ ကျမအမေဆို ဆီးချိုသွေးတိုးရောဂါရှိပါတယ်။ ထို့အတူပဲ ကိုးနှစ် ငါးနှစ် သမီးလေးနှစ်ယောက်ရှိပါတယ်။ ထို့အတူပဲ ကျန်တဲ့မိဘတွေလည်း လူသားတွေမို့ လူကြီးရောဂါ တစ်ခုမဟုတ်တစ်ခုရှိပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေလည်းတူတူပါပဲ။ ကျွန်မသူငယ်ချင်း၊ ကျွန်မ Team က Junior ညီမလေးတွေ၊ SLE (သွေးလေးဘက်နာ), autoimmue disease, ဆီးချိုသွေးချိုရှိကြပါတယ်။ ညီမလေးတစ်ယောက်ဆို Insulin ပါထိုးနေရတာပါ။ ကျမသူငယ်ချင်းက ကိုယ်ဝန်ဆောင်မိခင်ပါ။ ကျမတို့ဆေးရုံက ရှေ့တန်းမှ ကုသပေးနေကြတဲ့ မေ့ဆေးအမတွေ၊ အကိုတွေ၊ သူငယ်ချင်းတွေ ကိုယ်တိုင်က သွေးလေးဘက်နာရှိတဲ့သူတွေ၊ ကင်ဆာကုထားပြီး ဆေးရုံပြန်ဆင်းနေတဲ့သူတွေပါ။ ဒါတောင် ကိုယ့်အရင်းနှီးဆုံးလူတွေပဲရှိပါသေးတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ SLE လူနာတွေ၊ ဆီးချိုလူနာတွေ ဟာ အန္တရာယ်ပိုများလို့ အိမ်မှာနေဖို့တဖွဖွမှာရင်း ကိုယ်တွေကိုယ်တိုင်ကတော့ အချင်းချင်းအားပေးရင်း ဒီမနိုင်ဝန်ကိုယ်ထမ်းနေကြဆဲပါပဲ။ ကိုယ့်ရောဂါကို နောက်တန်းကို ခေတ္တပို့ထားနိုင်ပေမယ့် ကိုယ့်မိဘကိုထိခိုက်မှာ မိသားစုကိုထိခိုက်မှာ တော့ရင်ထဲမှာ ကမ္ဘာပျက်မတတ်ပါပဲ။

အပူကြဆုံးကတော့ မိဘဖိုးဖွားတွေကိုပါ။ မေမေသာ တစ်ခုခု ဖြစ်ခဲ့ရင်ဆိုတာ တွေးကြည့်တာနဲ့ မျက်ရည်ကျရပါတယ်။(ကြုံဖူးတဲ့သူတိုင်းသိပါတယ်) မိဘတွေကို သိပ်ချစ်ပါတယ်။ ဆေးခန်းတွေလည်းမပိတ်ရက်ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရင်ထဲမှာ ပွက်လောရိုက်နေသလို အိမ်တော်တော်များများမှာလည်းပွက် လောရိုက်နေပါတယ်။

ခွဲနေနိုင်တဲ့လူတော်တော်များများကတော့ခွဲနေကြတာ ကြာပါပြီ။ အထုပ် ပိုက်ပြီး အိမ်ပေါ်ကဆင်းလာတဲ့ ကျန်းမာရေးဝန်ထမ်း၊ အထုပ်ပြီး နေစရာရှာနေတဲ့ဝန်ထမ်းတွေ၊ မဆင်းနိုင်လို့ ကိုယ်ကမိဘကို ချစ်သလို စိတ်ပူသလို ချစ်ကြစိတ်ပူကြတဲ့ညီအကို မောင်နှမတွေရဲ့ပြောဆိုတာခံရတဲ့သူကခံနေကြရတဲ့သူတွေနဲ့ ကမ္ဘာပျက်သလိုပါပဲ။

အခုအချိန်မှာ ရေချိုးခန်းအိမ်သာပါတဲ့ တစ်ယောက်ခန်းတွေဆို ပိုအဆင်ပြေပါတယ်။ သံသယလူနာထိတွေ့မိလည်း ကိုယ့်အခန်းကိုပိတ်ပြီးနေရုံပါပဲ။ အခုတော့ တစ်ယောက်ဖြစ်ရင် အတူနေတစ်ဆောင်လုံး contact ဖြစ် တော်တော်ဒုက္ခများပါတယ်။ ဒီလောက်တောင်အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါလှုဒါန်းပေးနေတာ ကျေးဇူးတင် သာဓုအကြိမ်ကြိမ်ခေါ်ရင်း အခက်အခဲကို ပြောပြအကူအညီတောင်းရတာ အားလည်းနာပါတယ်။ ဒါပေမယ့်တကယ့်ကိုဒုက္ခရောက်နေကြလို့ပါ။

အလုံးစုံလှူဖို့မဆိုလိုပါဘူး သင့်တော်တဲ့ဈေးလေးနဲ့ ငှားပေးတာပဲဖြစ်ဖြစ် အကူအညီပေးစေချင်တာပါ။ ကူညီပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်။

Okka Kyi Winn

zawgyi

ေရွ႕တန္း စစ္မ်က္ႏွာက အခ်စ္ဆုံးသူငယ္ခ်င္း၊ သားဖြား မီးယပ္အထူးကုဆရာဝန္တ​ေယာက္ရဲ႕ပထမဦးဆုံးအႀကိမ္အကူအညီ​ေတာင္းခံျခင္းပါ။ ရန္ကုန္ ဧရိယာထဲက ဟိုတယ္ပိုင္ရွင္ တည္းခိုခန္းပိုင္ရွင္ (5stars, 4 stars, 3 stars, 2 stars, 1 stars, 0.5 stars ဘာ stars ပဲျဖစ္ျဖစ္၊ ေရခ်ိဳးခန္းအိမ္သာတြဲရက္ပါ တစ္ေယာက္ခ်င္းသီးသန႔္ အခန္းမ်ားအလႉခံခ်င္ပါတယ္ရွင္။ အခုခ်ိန္မွာ က်န္းမာေရးဝန္ထမ္းေတြ အားလုံး ေဆး႐ုံမွာ တကယ့္ကို ျပည္ပ်က္သလို မႏိုင္မနင္းတာဝန္ေတြကို ထမ္းေနၾကရပါတယ္။

ဒုကၡေရာက္ေနၾကတဲ့လူနာေတြကို လည္းမပစ္ထားခဲ့ ရက္ႏိုင္ပါဘူး။ တၿပိဳင္နက္တည္းမွာပဲ ကိုယ့္ေဘးနား အႏၲရာယ္ေတြဝိုင္းေနတဲ့အခ်ိန္မွာ ကိုယ့္ကိုကူးစက္မွာထက္ ကိုယ္မိဘ သားသမီး မိသားစုပါ ဒုကၡေရာက္မွာစိုးရိမ္ရတဲ့ ရင္ထဲကအပူမီးက အရမ္းႀကီးမားပါတယ္။ က်န္းမာေရးဝန္ထမ္းေတြ Q ထိရင္ က်န္တဲ့သူေတြပိုဆင္းရပါတယ္။

ဆရာဝန္၊ ဆရာမ၊ အလုပ္သမား၊ ေအာက္ေျခဝန္ထမ္းေတြကိုယ္တိုင္ေရာ၊ ကြၽန္မတို႔ မိဘေတြေရာက စင္းလုံးေခ်ာ ေဒါင္ေဒါင္ျမည္ က်န္းမာေရးေကာင္းေနၾကတာမဟုတ္ပါဘူး။ က်မအေမဆို ဆီးခ်ိဳေသြးတိုးေရာဂါရွိပါတယ္။ ထို႔အတူပဲ ကိုးႏွစ္ ငါးႏွစ္ သမီးေလးႏွစ္ေယာက္ရွိပါတယ္။ ထို႔အတူပဲ က်န္တဲ့မိဘေတြလည္း လူသားေတြမို႔ လူႀကီးေရာဂါ တစ္ခုမဟုတ္တစ္ခုရွိပါတယ္။

က်န္းမာေရးဝန္ထမ္းေတြလည္းတူတူပါပဲ။ ကြၽန္မသူငယ္ခ်င္း၊ ကြၽန္မ Team က Junior ညီမေလးေတြ၊ SLE (ေသြးေလးဘက္နာ), autoimmue disease, ဆီးခ်ိဳေသြးခ်ိဳရွိၾကပါတယ္။ ညီမေလးတစ္ေယာက္ဆို Insulin ပါထိုးေနရတာပါ။ က်မသူငယ္ခ်င္းက ကိုယ္ဝန္ေဆာင္မိခင္ပါ။ က်မတို႔ေဆး႐ုံက ေရွ႕တန္းမွ ကုသေပးေနၾကတဲ့ ေမ့ေဆးအမေတြ၊ အကိုေတြ၊ သူငယ္ခ်င္းေတြ ကိုယ္တိုင္က ေသြးေလးဘက္နာရွိတဲ့သူေတြ၊ ကင္ဆာကုထားၿပီး ေဆး႐ုံျပန္ဆင္းေနတဲ့သူေတြပါ။ ဒါေတာင္ ကိုယ့္အရင္းႏွီးဆုံးလူေတြပဲရွိပါေသးတယ္။

ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ SLE လူနာေတြ၊ ဆီးခ်ိဳလူနာေတြ ဟာ အႏၲရာယ္ပိုမ်ားလို႔ အိမ္မွာေနဖို႔တဖြဖြမွာရင္း ကိုယ္ေတြကိုယ္တိုင္ကေတာ့ အခ်င္းခ်င္းအားေပးရင္း ဒီမႏိုင္ဝန္ကိုယ္ထမ္းေနၾကဆဲပါပဲ။ ကိုယ့္ေရာဂါကို ေနာက္တန္းကို ေခတၱပို႔ထားႏိုင္ေပမယ့္ ကိုယ့္မိဘကိုထိခိုက္မွာ မိသားစုကိုထိခိုက္မွာ ေတာ့ရင္ထဲမွာ ကမာၻပ်က္မတတ္ပါပဲ။

အပူၾကဆုံးကေတာ့ မိဘဖိုးဖြားေတြကိုပါ။ ေမေမသာ တစ္ခုခု ျဖစ္ခဲ့ရင္ဆိုတာ ေတြးၾကည့္တာနဲ႔ မ်က္ရည္က်ရပါတယ္။(ႀကဳံဖူးတဲ့သူတိုင္းသိပါတယ္) မိဘေတြကို သိပ္ခ်စ္ပါတယ္။ ေဆးခန္းေတြလည္းမပိတ္ရက္ပါဘူး။ က်န္းမာေရးဝန္ထမ္းေတြရဲ႕ ရင္ထဲမွာ ပြက္ေလာ႐ိုက္ေနသလို အိမ္ေတာ္ေတာ္မ်ားမ်ားမွာလည္းပြက္ ေလာ႐ိုက္ေနပါတယ္။

ခြဲေနႏိုင္တဲ့လူေတာ္ေတာ္မ်ားမ်ားကေတာ့ခြဲေနၾကတာ ၾကာပါၿပီ။ အထုပ္ ပိုက္ၿပီး အိမ္ေပၚကဆင္းလာတဲ့ က်န္းမာေရးဝန္ထမ္း၊ အထုပ္ၿပီး ေနစရာရွာေနတဲ့ဝန္ထမ္းေတြ၊ မဆင္းႏိုင္လို႔ ကိုယ္ကမိဘကို ခ်စ္သလို စိတ္ပူသလို ခ်စ္ၾကစိတ္ပူၾကတဲ့ညီအကို ေမာင္ႏွမေတြရဲ႕ေျပာဆိုတာခံရတဲ့သူကခံေနၾကရတဲ့သူေတြနဲ႔ ကမာၻပ်က္သလိုပါပဲ။

အခုအခ်ိန္မွာ ေရခ်ိဳးခန္းအိမ္သာပါတဲ့ တစ္ေယာက္ခန္းေတြဆို ပိုအဆင္ေျပပါတယ္။ သံသယလူနာထိေတြ႕မိလည္း ကိုယ့္အခန္းကိုပိတ္ၿပီးေန႐ုံပါပဲ။ အခုေတာ့ တစ္ေယာက္ျဖစ္ရင္ အတူေနတစ္ေဆာင္လုံး contact ျဖစ္ ေတာ္ေတာ္ဒုကၡမ်ားပါတယ္။ ဒီေလာက္ေတာင္အားသြန္ခြန္စိုက္ စိတ္ေရာကိုယ္ပါလႈဒါန္းေပးေနတာ ေက်းဇူးတင္ သာဓုအႀကိမ္ႀကိမ္ေခၚရင္း အခက္အခဲကို ေျပာျပအကူအညီေတာင္းရတာ အားလည္းနာပါတယ္။ ဒါေပမယ့္တကယ့္ကိုဒုကၡေရာက္ေနၾကလို႔ပါ။

အလုံးစုံလႉဖို႔မဆိုလိုပါဘူး သင့္ေတာ္တဲ့ေဈးေလးနဲ႔ ငွားေပးတာပဲျဖစ္ျဖစ္ အကူအညီေပးေစခ်င္တာပါ။ ကူညီေပးၾကဖို႔ေမတၱာရပ္ခံခ်င္ပါတယ္။

Okka Kyi Winn

Add a Comment

Your email address will not be published. Required fields are marked *

20 − three =