သင်တို့ အံ့သြသွားမယ့် အင်းစိန် ရွာမဘုန်းကြီးကျောင်း ရဲ့ ကိုဗစ် ကူးစက်မှု ဖြစ်စဉ်

အင်းစိန် ရွာမဘုန်းကြီးကျောင်း ရဲ့ ကိုဗစ် ကူးစက် မှု ဖြစ်စဉ် နဲ့ လက်ရှိ အခြေအနေ

ရွာမ ကို ဖုန်းဆက် ကြည့်ပြီးပြီ။ ဟုတ်တယ်တဲ့။ ကျန်တဲ့စာသင်တိုက်တွေ သတိထားစရာပေါ့။

(က) ရွာမဟာ ရဟန်းသာမဏေ (၅၀၀) ကျော် ရှိတယ်။ ဆွမ်းစားကျောင်းမှာ အတူဘုန်းပေးကြရတယ်။

(ခ) အပြင်လူ အဝင်အထွက်ကို လုံးဝ တင်းကြပ်ထားတယ်။ ဒကာ ဒကာမက ဆွမ်းကပ်ချင်တယ် ဆိုရင် ဘဏ်စနစ်နဲ့ပဲ အလှူခံတယ်။ ကျောင်းတွင်းလူတွေကပဲ ချက်ပြုတ်ပြီး လှူဒါန်းပေးတယ်။

ဈေးဝယ်လူတွေ နဲ့ အထိအတွေ့မရှိဘူး။ ဈေးဝယ်သူက ကျောင်းရှေ့မှာ ချခဲ့တယ်။ ကျောင်းတွင်းကလူက ဈေးဝယ်ပစ္စည်းတွေကို ကျောင်းရှေ့မှာ ထွက်ယူတယ်။ နှစ်ဦးသား မျက်နှာချင်း ဆိုင်စရာ မလိုအောင် စီမံထားတယ်။ တိုက်ပေါက်ကို နာယကတွေကိုယ်တိုင် ကြီးကြပ်စောင့်ရှောက်တယ်။

(ဂ) ၂၁-ရက်နေ့က ကိုရင်နှစ်ပါး အနံ့ပျောက် တယ်။ (၂၂) ရက်နေ့မှာ ဆွမ်းစားကျောင်း အတူဘုန်းပေးစနစ်ကို ဖျက်လိုက်တယ်။ ကိုယ့်ကျောင်းမှာ ကိုယ် ဘုန်းပေးဖို့ စီမံလိုက်တယ်။ ကိုရင်နှစ်ပါးအပါအဝင် ထိတွေ့ ကိုရင် (၁၃) ပါးကို အာခေါင်တို့ဖတ်စ ယူပြီး စစ်ဆေးတယ်။ (၁၂)ပါး ပိုးတွေ့တယ်။ ဒီကိုရင် (၁၂) ပါးနဲ့ ထိတွေ့တဲ့ အခြား ဦးဇင်း, ကိုရင် (၁၂၂) ပါးကို ထပ်ပြီး ပိုးစစ်တယ်။ (၆၃)ပါး ထပ်ပြီး ပိုးတွေ့တယ်။

စာချဆရာတော် (၂)ပါးပါ ပိုးထိသွားတယ်။ အခု ကျောင်းနေ သံဃာနဲ့ ကပ္ပိယအားလုံးကို အာခေါင်တို့ဖတ်စ နမူနာ ယူထားတယ်။ အဖြေတွေကို မသိရသေး။

(ဃ) ပိုးလာ တဲ့ လမ်းကြောင်းကို ဘယ်လိုမှ မစဉ်းစားတတ်ကြဘူးလို့ ဆိုတယ်။ လူတွေနဲ့ ထိတွေ့ဖွယ် မလိုအောင် ပစ္စည်းတင်စရာ ခုံတန်းလျားထားပြီး “ပစ္စည်းထား လူပြန်” “ပစ္စည်းကျန် လူယူ” စနစ် ကျင့်သုံးထားတဲ့ ကြားထဲက ပိုးထိသွားတဲ့အတွက် နားမလည်နိုင်အောင် ဖြစ်နေကြတုန်းပဲလို့ ဆိုတယ်။

(င) သေချာတာကတော့ ပိုးပျံ့နှုန်း က သိပ်မြန်နေတယ်။ ကျန်တဲ့စာသင်တိုက်တွေအနေနဲ့ ပိုပြီး တင်းကြပ်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပါလိမ့်မယ်။

ပြီးတော့ အနံ့မရဘူး-ဆိုခဲ့သော် အုပ်ထိန်းသူတွေကို ချက်ချင်းအကြောင်းကြားဖို့ လိုအပ်ပါလိမ့်မယ်။ အနံ့မရတဲ့ ဦးဇင်း, ကိုရင်ကို သီးခြားခွဲထားဖို့ နေရာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပေါ့ဆနေသေးတဲ့ ကျောင်းတွေကလည်း တို့နဲ့ နီးပြီလို့ တွေးကြဖို့ လိုအပ်ပါတယ်။ ပိုးဟာ တွက်ထားတာထက် ပိုပြီး မြန်နေတယ်။

ဆရာတော် ဦးဝိမလ

zawgyi

အင္းစိန္ ႐ြာမဘုန္းႀကီးေက်ာင္း ရဲ႕ ကိုဗစ္ ကူးစက္ မႈ ျဖစ္စဥ္ နဲ႔ လက္ရွိ အေျခအေန

႐ြာမ ကို ဖုန္းဆက္ ၾကည့္ၿပီးၿပီ။ ဟုတ္တယ္တဲ့။ က်န္တဲ့စာသင္တိုက္ေတြ သတိထားစရာေပါ့။

(က) ႐ြာမဟာ ရဟန္းသာမေဏ (၅၀၀) ေက်ာ္ ရွိတယ္။ ဆြမ္းစားေက်ာင္းမွာ အတူဘုန္းေပးၾကရတယ္။

(ခ) အျပင္လူ အဝင္အထြက္ကို လုံးဝ တင္းၾကပ္ထားတယ္။ ဒကာ ဒကာမက ဆြမ္းကပ္ခ်င္တယ္ ဆိုရင္ ဘဏ္စနစ္နဲ႔ပဲ အလႉခံတယ္။ ေက်ာင္းတြင္းလူေတြကပဲ ခ်က္ျပဳတ္ၿပီး လႉဒါန္းေပးတယ္။

ေဈးဝယ္လူေတြ နဲ႔ အထိအေတြ႕မရွိဘူး။ ေဈးဝယ္သူက ေက်ာင္းေရွ႕မွာ ခ်ခဲ့တယ္။ ေက်ာင္းတြင္းကလူက ေဈးဝယ္ပစၥည္းေတြကို ေက်ာင္းေရွ႕မွာ ထြက္ယူတယ္။ ႏွစ္ဦးသား မ်က္ႏွာခ်င္း ဆိုင္စရာ မလိုေအာင္ စီမံထားတယ္။ တိုက္ေပါက္ကို နာယကေတြကိုယ္တိုင္ ႀကီးၾကပ္ေစာင့္ေရွာက္တယ္။

(ဂ) ၂၁-ရက္ေန႔က ကိုရင္ႏွစ္ပါး အနံ႔ေပ်ာက္ တယ္။ (၂၂) ရက္ေန႔မွာ ဆြမ္းစားေက်ာင္း အတူဘုန္းေပးစနစ္ကို ဖ်က္လိုက္တယ္။ ကိုယ့္ေက်ာင္းမွာ ကိုယ္ ဘုန္းေပးဖို႔ စီမံလိုက္တယ္။ ကိုရင္ႏွစ္ပါးအပါအဝင္ ထိေတြ႕ ကိုရင္ (၁၃) ပါးကို အာေခါင္တို႔ဖတ္စ ယူၿပီး စစ္ေဆးတယ္။ (၁၂)ပါး ပိုးေတြ႕တယ္။ ဒီကိုရင္ (၁၂) ပါးနဲ႔ ထိေတြ႕တဲ့ အျခား ဦးဇင္း, ကိုရင္ (၁၂၂) ပါးကို ထပ္ၿပီး ပိုးစစ္တယ္။ (၆၃)ပါး ထပ္ၿပီး ပိုးေတြ႕တယ္။

စာခ်ဆရာေတာ္ (၂)ပါးပါ ပိုးထိသြားတယ္။ အခု ေက်ာင္းေန သံဃာနဲ႔ ကပၸိယအားလုံးကို အာေခါင္တို႔ဖတ္စ နမူနာ ယူထားတယ္။ အေျဖေတြကို မသိရေသး။

(ဃ) ပိုးလာ တဲ့ လမ္းေၾကာင္းကို ဘယ္လိုမွ မစဥ္းစားတတ္ၾကဘူးလို႔ ဆိုတယ္။ လူေတြနဲ႔ ထိေတြ႕ဖြယ္ မလိုေအာင္ ပစၥည္းတင္စရာ ခုံတန္းလ်ားထားၿပီး “ပစၥည္းထား လူျပန္” “ပစၥည္းက်န္ လူယူ” စနစ္ က်င့္သုံးထားတဲ့ ၾကားထဲက ပိုးထိသြားတဲ့အတြက္ နားမလည္ႏိုင္ေအာင္ ျဖစ္ေနၾကတုန္းပဲလို႔ ဆိုတယ္။

(င) ေသခ်ာတာကေတာ့ ပိုးပ်ံ႕ႏႈန္း က သိပ္ျမန္ေနတယ္။ က်န္တဲ့စာသင္တိုက္ေတြအေနနဲ႔ ပိုၿပီး တင္းၾကပ္တဲ့ စီမံခန္႔ခြဲမႈေတြ လိုအပ္ပါလိမ့္မယ္။

ၿပီးေတာ့ အနံ႔မရဘူး-ဆိုခဲ့ေသာ္ အုပ္ထိန္းသူေတြကို ခ်က္ခ်င္းအေၾကာင္းၾကားဖို႔ လိုအပ္ပါလိမ့္မယ္။ အနံ႔မရတဲ့ ဦးဇင္း, ကိုရင္ကို သီးျခားခြဲထားဖို႔ ေနရာ ျပင္ဆင္ထားဖို႔ လိုအပ္ပါတယ္။ ေပါ့ဆေနေသးတဲ့ ေက်ာင္းေတြကလည္း တို႔နဲ႔ နီးၿပီလို႔ ေတြးၾကဖို႔ လိုအပ္ပါတယ္။ ပိုးဟာ တြက္ထားတာထက္ ပိုၿပီး ျမန္ေနတယ္။

ဆရာေတာ္ ဦးဝိမလ

Add a Comment

Your email address will not be published. Required fields are marked *

four × three =