မြန်မာပြည် က ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံနေရတဲ့ အဓိက အကြောင်းအရင်းတွေ နဲ့ ဆေးရုံများ ပြိုလဲ နိုင်ခြေ

ဘာလို့ ကျန်းမာရေး ဝန်ထမ်းတွေ ကိုဗစ်ကူးနေကြရတာလဲ။ အခု ရက်ပိုင်း စိတ်မချမ်းသာစရာတစ်ခုကတော့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ သူနာပြု၊ အလုပ်သမား ဝန်ထမ်း နေ့စဉ်ဆယ်နဲ့ချီ ကိုဗစ်ကူးစက်ခံနေရပြီး စုစုပေါင်း ကူးစက်ခံရသူ ရာနဲ့ချီနေပါပြီ။ ရာထူးအဆင့်အနေနဲ့လဲ ပါမောက္ခကနေ အောက်ခြေ လူနာအတင်အချ အလုပ်သမားအထိ အများကြီးပါပဲ။

နေရာဌာနကလဲ အစုံဖြစ်နေပါတယ်။ ဒါပေမယ့် ကိုဗစ်လူနာကုတဲ့ဆေးရုံတွေမှာ ကူးစက်သံ သိပ်မကြားရပဲ PUI လို့ခေါ်တဲ့ သံသယလူနာတွေကို စတင်ထိတွေ့ရတဲ့ အထွေထွေရောဂါကုဆေးရုံကြီးတွေက ကျန်းမာရေး ဝန်ထမ်းတွေက ပိုလို့ကူးစက်ခံနေရပါတယ်။ ဒီပြဿနာ ကျန်းမာရေးဝန်ထမ်း ယိုပေါက်ကြီးဟာ အဖြေရှာရမယ့် ကိစ္စလို့ထင်ပါတယ်။ ဆေးရုံတွေ ပြိုလဲသွားနိုင်တဲ့ အန္တရာယ်ရှိလို့ပါပဲ။ အခုတောင် တချို့ဆေးရုံက ခွဲခန်းတွေ၊ လူနာဆောင်တွေမှာ ဝန်ထမ်းကူးစက်မှု များပြားတာကြောင့် ခေတ္တခဏ ပိတ်ရမှုတွေ ရှိနေပါတယ်။

ကျွန်တော် စဉ်းစားမိတဲ့ အချက်လေးတွေကို တင်ပြပါရစေ။ ကိုဗစ်သီးသန့်ကုတဲ့ ဆေးရုံတွေက ကိုဗစ်မှန်း သိပြီးသား၊ အဲ့ဒီတော့ လူနာကရော ကျန်းမာရေး ဝန်ထမ်းကရော သေသေချာချာ mask တပ်တယ်။ ကျန်းမာရေး ဝန်ထမ်းဆို PPE ပြည့်ပြည့်စုံစုံပါ ဝတ်တယ်။ အဲ့တော့ ကူးတာနည်းတယ်။ အထွေထွေ ဆေးရုံတွေက PUI တွေက ကိုဗစ် ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့ ။ လူနာတွေကလဲ mask သေချာမတပ်၊ လူနာစောင့်တွေကလဲရှိ၊ သူတို့လဲ mask ကိုသေချာမတပ်။ ပိုးတွေ ပိုပျံ့။ ဆရာဝန်တွေကလဲ အရေးပေါ်ဌာနတွေပဲ PPE သေချာဝတ်ပြီး အခုထိ အတော်များများက level 1 လောက်နဲ့ နေကြတုန်း။

ကိုဗစ်ဆေးရုံက ကုတင်လွတ်မှ လက်ခံတယ်။ လူနာစောင့်မရှိဘူး။ အဲ့တော့ လူမရှုပ်ဘူး။ အထွေထွေ ဆေးရုံက လူနာတွေ ဒင်းကြမ်း လူနာစောင့်တွေ ဒင်းကြမ်းနဲ့ ရှုပ်ရှက်ခတ်နေတယ်။ လက်မခံလို့လဲ မရဘူး။ ထိုင်ခုံနဲ့ ကြမ်းပေါ်အထိ ရောက်နေတယ်။ လူနာနဲ့ဆို အကာအကွယ်ကို ဂရု စိုက်ပြီးယူကြပေမယ့် အချင်းချင်းဆို ပေါ့ပေါ့ဆဆ နေမိရာကနေ ကူးကြတာလဲ အဓိကအချက်ဖြစ်နိုင်တယ်။ အချင်းချင်း ထမင်းစုစားတယ်။ အချင်းချင်းဆိုပြီး mask ချွတ်တယ်။ တခန်းထဲ အတူတူ တိုးခွေ့နားရ အိပ်ရတာလဲ ပြဿနာတစ်ခုပဲ။ စကားပိုပြောဖြစ်တယ်။ ကိုဗစ်သတင်းတွေ ဖလှယ်ရတာကိုး။ အဲ့တော့ တစ်ယောက် positive ဖြစ်ရင် အားလုံးကူးကုန်တယ်။

နဂိုကတဲက ဆေးရုံတွေရဲ့ တည်ဆောက်ပုံ ဒီဇိုင်းတွေဟာ ညံ့တယ်။ အခု ကပ်ရောဂါဖြစ်တော့ မနိုင်မနင်း ပိုဆိုးကုန်တယ်။ negative pressure အခန်းမရှိ။ အဆင်ပြေတဲ့နေရာမှာ ဖြစ်သလိုကြည့်ရတဲ့အတွက် hospital design ဟာလဲ ပြဿနာတစ်ခုဖြစ်တယ်။ PPE ဝတ်နည်း ချွတ်နည်း training ကောင်းကောင်းပေးဖို့လိုတယ်။ ဝတ်နည်း ချွတ်နည်း အောင်မြင်တဲ့ certificate course အမြဲရှိနေသင့်တယ်။ အခုက ဝတ်နည်း ချွတ်နည်းမှာ ချွတ်ယွင်းမှုရှိတာ ဖြစ်နိုင်တယ်။ အထူးသဖြင့် ဆေးရုံအလုပ်သမားတွေကို အဲ့လိုသင်တန်းပေးလေ့မရှိဘူး။

သူတို့က ဆရာဝန် ဆရာမ ပြောပြသလောက်နဲ့ အလုပ်လုပ်နေရသလို ဖြစ်နေတယ်။ ဒါကြောင့် ကူးစက်ခံရသူမှာလဲ သူတို့ အများဆုံးဖြစ်နေတယ်။ အလုပ်သမားဆိုတာ ဆေးရုံတွေမှာ ရှားပါးပစ္စည်း။ သူတို့မရှိလို့ မဖြစ်ဘူး။ N95 mask fitting test မလုပ်ပေးဘူး။ မလုပ်နိုင်ဘူး။ ဒါကလဲ mask failure ဖြစ်နေတဲ့ အချက်တစ်ခု ဖြစ်နေတယ်။ ဘာမှလဲ သိပ်မခက်ပဲနဲ့ အဲ့ဒီ mask fitting ကိစ္စကို မြန်မြန်လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ Test kit ကို ပေးမစစ်တာ ဟာလဲ ဒုက္ခတစ်မျိုးဖြစ်တယ်။ လူနာက အဆောင်မှာ အကြာကြီးနေပြီးမှ positive မှန်းသိ။

Universal precautions ကို မလိုက်နာကြတာဟာလဲ ပြဿနာတစ်ခုလို့ထင်မိတယ်။ ဒီအချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ မပြုန်းတီးရေးဟာ အရေးကြီးတဲ့အတွက် ဘာကြောင့် ဒီလောက် ရာနဲ့ချီကူးစက်ခံနေရတာလဲဆိုတဲ့ အကြောင်းကို မြန်မြန်ရှာပြီး မြန်မြန်ကာကွယ်သင့်ပါတယ်။ မြန်မာတွေ ကျော်မယ် ကျော်မယ် တကဲကဲလုပ်နေတဲ့ စင်ကာပူက ပိုးတွေ့သူသောင်းကျော်ကို ကိုင်တွယ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း တစ်ယောက်မှ လူနာဆီကနေ ကိုဗစ် အကူးမခံခဲ့ရဘူး။ သူတို့ဘာတွေ လုပ်လို့လဲ။ ကိုယ်က ဘာတွေ မလုပ်လို့လဲ။ ကိုယ့်ရဲ့ ရဲဘော်ရဲဖက် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းတွေကို လုံးဝမကူးစေချင်တဲ့ စေတနာပါ။ အပြစ်တင်လိုစိတ်မရှိ။ ဒါပေမယ့် ဖြစ်နေတဲ့ ပြဿနာကိုတော့ ရှာရမယ်။ အားလုံကို လေးစားဂုဏ်ယူပါတယ်။

Dr. Myo Thet Aung

zawgyi

ဘာလို႔ က်န္းမာေရး ဝန္ထမ္းေတြ ကိုဗစ္ကူးေနၾကရတာလဲ။ အခု ရက္ပိုင္း စိတ္မခ်မ္းသာစရာတစ္ခုကေတာ့ က်န္းမာေရးဝန္ထမ္း ဆရာဝန္၊ သူနာျပဳ၊ အလုပ္သမား ဝန္ထမ္း ေန႔စဥ္ဆယ္နဲ႔ခ်ီ ကိုဗစ္ကူးစက္ခံေနရၿပီး စုစုေပါင္း ကူးစက္ခံရသူ ရာနဲ႔ခ်ီေနပါၿပီ။ ရာထူးအဆင့္အေနနဲ႔လဲ ပါေမာကၡကေန ေအာက္ေျခ လူနာအတင္အခ် အလုပ္သမားအထိ အမ်ားႀကီးပါပဲ။

ေနရာဌာနကလဲ အစုံျဖစ္ေနပါတယ္။ ဒါေပမယ့္ ကိုဗစ္လူနာကုတဲ့ေဆး႐ုံေတြမွာ ကူးစက္သံ သိပ္မၾကားရပဲ PUI လို႔ေခၚတဲ့ သံသယလူနာေတြကို စတင္ထိေတြ႕ရတဲ့ အေထြေထြေရာဂါကုေဆး႐ုံႀကီးေတြက က်န္းမာေရး ဝန္ထမ္းေတြက ပိုလို႔ကူးစက္ခံေနရပါတယ္။ ဒီျပႆနာ က်န္းမာေရးဝန္ထမ္း ယိုေပါက္ႀကီးဟာ အေျဖရွာရမယ့္ ကိစၥလို႔ထင္ပါတယ္။ ေဆး႐ုံေတြ ၿပိဳလဲသြားႏိုင္တဲ့ အႏၲရာယ္ရွိလို႔ပါပဲ။ အခုေတာင္ တခ်ိဳ႕ေဆး႐ုံက ခြဲခန္းေတြ၊ လူနာေဆာင္ေတြမွာ ဝန္ထမ္းကူးစက္မႈ မ်ားျပားတာေၾကာင့္ ေခတၱခဏ ပိတ္ရမႈေတြ ရွိေနပါတယ္။

ကြၽန္ေတာ္ စဥ္းစားမိတဲ့ အခ်က္ေလးေတြကို တင္ျပပါရေစ။ ကိုဗစ္သီးသန႔္ကုတဲ့ ေဆး႐ုံေတြက ကိုဗစ္မွန္း သိၿပီးသား၊ အဲ့ဒီေတာ့ လူနာကေရာ က်န္းမာေရး ဝန္ထမ္းကေရာ ေသေသခ်ာခ်ာ mask တပ္တယ္။ က်န္းမာေရး ဝန္ထမ္းဆို PPE ျပည့္ျပည့္စုံစုံပါ ဝတ္တယ္။ အဲ့ေတာ့ ကူးတာနည္းတယ္။ အေထြေထြ ေဆး႐ုံေတြက PUI ေတြက ကိုဗစ္ ဟုတ္သလိုလို မဟုတ္သလိုလိုနဲ႔ ။ လူနာေတြကလဲ mask ေသခ်ာမတပ္၊ လူနာေစာင့္ေတြကလဲရွိ၊ သူတို႔လဲ mask ကိုေသခ်ာမတပ္။ ပိုးေတြ ပိုပ်ံ႕။ ဆရာဝန္ေတြကလဲ အေရးေပၚဌာနေတြပဲ PPE ေသခ်ာဝတ္ၿပီး အခုထိ အေတာ္မ်ားမ်ားက level 1 ေလာက္နဲ႔ ေနၾကတုန္း။

ကိုဗစ္ေဆး႐ုံက ကုတင္လြတ္မွ လက္ခံတယ္။ လူနာေစာင့္မရွိဘူး။ အဲ့ေတာ့ လူမရႈပ္ဘူး။ အေထြေထြ ေဆး႐ုံက လူနာေတြ ဒင္းၾကမ္း လူနာေစာင့္ေတြ ဒင္းၾကမ္းနဲ႔ ရႈပ္ရွက္ခတ္ေနတယ္။ လက္မခံလို႔လဲ မရဘူး။ ထိုင္ခုံနဲ႔ ၾကမ္းေပၚအထိ ေရာက္ေနတယ္။ လူနာနဲ႔ဆို အကာအကြယ္ကို ဂ႐ု စိုက္ၿပီးယူၾကေပမယ့္ အခ်င္းခ်င္းဆို ေပါ့ေပါ့ဆဆ ေနမိရာကေန ကူးၾကတာလဲ အဓိကအခ်က္ျဖစ္ႏိုင္တယ္။ အခ်င္းခ်င္း ထမင္းစုစားတယ္။ အခ်င္းခ်င္းဆိုၿပီး mask ခြၽတ္တယ္။ တခန္းထဲ အတူတူ တိုးေခြ႕နားရ အိပ္ရတာလဲ ျပႆနာတစ္ခုပဲ။ စကားပိုေျပာျဖစ္တယ္။ ကိုဗစ္သတင္းေတြ ဖလွယ္ရတာကိုး။ အဲ့ေတာ့ တစ္ေယာက္ positive ျဖစ္ရင္ အားလုံးကူးကုန္တယ္။

နဂိုကတဲက ေဆး႐ုံေတြရဲ႕ တည္ေဆာက္ပုံ ဒီဇိုင္းေတြဟာ ညံ့တယ္။ အခု ကပ္ေရာဂါျဖစ္ေတာ့ မႏိုင္မနင္း ပိုဆိုးကုန္တယ္။ negative pressure အခန္းမရွိ။ အဆင္ေျပတဲ့ေနရာမွာ ျဖစ္သလိုၾကည့္ရတဲ့အတြက္ hospital design ဟာလဲ ျပႆနာတစ္ခုျဖစ္တယ္။ PPE ဝတ္နည္း ခြၽတ္နည္း training ေကာင္းေကာင္းေပးဖို႔လိုတယ္။ ဝတ္နည္း ခြၽတ္နည္း ေအာင္ျမင္တဲ့ certificate course အၿမဲရွိေနသင့္တယ္။ အခုက ဝတ္နည္း ခြၽတ္နည္းမွာ ခြၽတ္ယြင္းမႈရွိတာ ျဖစ္ႏိုင္တယ္။ အထူးသျဖင့္ ေဆး႐ုံအလုပ္သမားေတြကို အဲ့လိုသင္တန္းေပးေလ့မရွိဘူး။

သူတို႔က ဆရာဝန္ ဆရာမ ေျပာျပသေလာက္နဲ႔ အလုပ္လုပ္ေနရသလို ျဖစ္ေနတယ္။ ဒါေၾကာင့္ ကူးစက္ခံရသူမွာလဲ သူတို႔ အမ်ားဆုံးျဖစ္ေနတယ္။ အလုပ္သမားဆိုတာ ေဆး႐ုံေတြမွာ ရွားပါးပစၥည္း။ သူတို႔မရွိလို႔ မျဖစ္ဘူး။ N95 mask fitting test မလုပ္ေပးဘူး။ မလုပ္ႏိုင္ဘူး။ ဒါကလဲ mask failure ျဖစ္ေနတဲ့ အခ်က္တစ္ခု ျဖစ္ေနတယ္။ ဘာမွလဲ သိပ္မခက္ပဲနဲ႔ အဲ့ဒီ mask fitting ကိစၥကို ျမန္ျမန္လုပ္ေပးသင့္တယ္လို႔ ထင္ပါတယ္။ Test kit ကို ေပးမစစ္တာ ဟာလဲ ဒုကၡတစ္မ်ိဳးျဖစ္တယ္။ လူနာက အေဆာင္မွာ အၾကာႀကီးေနၿပီးမွ positive မွန္းသိ။

Universal precautions ကို မလိုက္နာၾကတာဟာလဲ ျပႆနာတစ္ခုလို႔ထင္မိတယ္။ ဒီအခ်ိန္မွာ က်န္းမာေရးဝန္ထမ္းေတြ မျပဳန္းတီးေရးဟာ အေရးႀကီးတဲ့အတြက္ ဘာေၾကာင့္ ဒီေလာက္ ရာနဲ႔ခ်ီကူးစက္ခံေနရတာလဲဆိုတဲ့ အေၾကာင္းကို ျမန္ျမန္ရွာၿပီး ျမန္ျမန္ကာကြယ္သင့္ပါတယ္။ ျမန္မာေတြ ေက်ာ္မယ္ ေက်ာ္မယ္ တကဲကဲလုပ္ေနတဲ့ စင္ကာပူက ပိုးေတြ႕သူေသာင္းေက်ာ္ကို ကိုင္တြယ္ခဲ့တဲ့ က်န္းမာေရးဝန္ထမ္း တစ္ေယာက္မွ လူနာဆီကေန ကိုဗစ္ အကူးမခံခဲ့ရဘူး။ သူတို႔ဘာေတြ လုပ္လို႔လဲ။ ကိုယ္က ဘာေတြ မလုပ္လို႔လဲ။ ကိုယ့္ရဲ႕ ရဲေဘာ္ရဲဖက္ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရး ဝန္ထမ္းေတြကို လုံးဝမကူးေစခ်င္တဲ့ ေစတနာပါ။ အျပစ္တင္လိုစိတ္မရွိ။ ဒါေပမယ့္ ျဖစ္ေနတဲ့ ျပႆနာကိုေတာ့ ရွာရမယ္။ အားလုံကို ေလးစားဂုဏ္ယူပါတယ္။

Dr. Myo Thet Aung

Add a Comment

Your email address will not be published. Required fields are marked *

four × four =