ကိုဗစ် ကြောင့် ဝယ်ယူသူ မရှိ လို့ဖျက်ဆီး ရတော့မယ့် ဂေါ်ဖီထုပ်(၅)သိန်းကျော် ကို ဝယ်ယူကာ တစ်နိုင်ငံလုံး လိုက်ဝေ နေတဲ့ KBZ ဘဏ် ဥက္ကဌကြီး

ကိုဗစ် ကြောင့် ဝယ်ယူသူ မရှိ လို့ဖျက်ဆီး ရတော့မယ့် ဂေါ်ဖီထုပ်(၅)သိန်းကျော် ကို ဝယ်ယူကာ တစ်နိုင်ငံလုံး လိုက်ဝေ နေတဲ့ KBZ ဘဏ် ဥက္ကဌကြီး

ကိုဗ စ်ကြောင့် ဝယ်ယူသူ မရှိ လို့ဖျက်ဆီး ရတော့မ ယ့် ဂေါ်ဖီထုပ်(၅)သိန်းကျော် ကိုဝယ်ယူကာ တစ်နိုင်ငံလုံး လိုက်ဝေနေတဲ့ KBZ ဘဏ် ဥက္ကဌကြီးကိုဗစ်ကြောင့် ဒုက္ခရောက် ရတဲ့ ဂေါ်ဖီစိုက် တောင်သူတွေ ရဲ့ အခက်အခဲ ကို KBZ ဘဏ် ဥက္ကဌကြီး က ကူညီဖြေရှင်းပေး လိုက် ပါပြီကေမ္ဘာဇဘဏ် သူဌေးကြီး ဦးအောင်ကိုဝင်း ရဲ့ သမီးဖြစ် သူ က ရှမ်းပြည်နယ် တောင်ပိုင်း မှာ ဒုက္ခရောက်နေ တဲ့ ဂေါ်ဖီစိုက် တောင် သူတွေ ရဲ့ အခက်အခဲ ကို ကူညီဖြေရှင်းပေး လိုက် တာ ကို ခုလို ရေး သား ထား ပါ တယ်

ဂေါ်ဖီထုပ် တောင် သူများ ကို ကူညီ ပံ့ပိုးခြင်းကျွန်မ ဖေဖေ ဦးအောင်ကိုဝင်းက ဝယ်ယူမယ့် သူမရှိ လို့ ဖျက်ဆီးရတော့မယ် ဂေါ်ဖီထုပ် (၅) သိန်းကျော် ကို ဂေါ်ဖီထုပ်တောင်သူများတွေ အား ကူညီ ဖို့အတွက် ကိုယ်တိုင်သွားရောက်ဝယ် ယူခဲ့ပြီး ကုန်တင် ကားကြီးများ နဲ့ ဖြန့်ဝေ လှူဒါန်းနေ ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း က ပအိုဝ့်၊ တောင်ရိုးနှင့် ကယန်းတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်ရေ (၅) သိန်းလောက် ရှိမယ်လို့ ခန်မှန်းတာကြောင့် ဖေဖေက ဝယ်ယူပြီး နိုင်ငံ အနှံ အပြား က အကျဉ်းထောင်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာက မိဘမဲ့ ဂေဟာများ နဲ့ အခြေခံ ပြည်သူတွေ ကို စနစ်တကျ ဖြန့်ဝေလျက်ရှိ ပါတယ် ။

“တစ်ရက် တစ်ရက် စိုက်ထာခဲ့တာတွေ ဘယ်ပို့ ရမှန်းမသိတော့ စိတ်မကောင်းဘူး။ ဘယ်ရောင်း ရမှန်းလည်း မသိဘူး။အခုတော့ နောက်ရာသီဆက်ပြီး ရင်းနှီးစိုက်ပျိုးဖို့ ကျွန်မ အရင်းလေး ရပါပြီ။ ” ဆိုတဲ့ တောင်ရိုးလူမျိုး တောင်သူတစ်ဦးရဲ့ ပြောစကားကို ကြားတဲ့အခါမှာ ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ရဲ့အခက်အခဲကို တတ်နိုင်သမျှ ကူညီ လိုက်နိုင်လို့လည်း ပီတိဖြစ်မိပါတယ်။

တောင်သူတွေ လတ်တလော အဆင်ပြေစေဖို့အတွက်လည်း ဆန်( ၃)ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ (၅၀) ကျပ်သား၊ ငွေကျပ်တစ်သောင်းစီကိုလည်း ပေးဝေခဲ့ပါတယ်။တောင်သူများရဲ့ အခက်အခဲကို ကိုယ်တိုင်ယာခင်ထဲဆင်းပြီး ကူညီပေးတဲ့ ဖေဖေကို ကျေးဇူး တင်ပါတယ်။

ကုန်ကားတွေ သက် ဆိုင် ရာမြို့တွေ ရောက်လာချိန်မှာ လိုအပ်နေတဲ့ အခြေခံပြည်သူများ လက်ထဲ အရောက် ထပ်ဆင့်ဖြန့်ချီပေးတဲ့ မိတ်ဆွေများ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းများ အားလုံး ကိုလည်း ကျေးဇူးအထူး တင်ပါတယ် ။ဒီလို ခက်ခဲတဲ့ကာလမှာ ကျွန်မတို့တတွေ တစ်ဦးကိုတစ်ဦး တတ်နိုင်သမျှ ကူညီရင်း အတူတကွ ဖြတ်ကျော် ကြမှာပါ။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

1 × 3 =