ကိုဗစ်ကပ်ကာလ အတွင်း မှာ လူတွေ အဖြစ် များလာတဲ့ နောက်ထပ် ရောဂါ တစ်ခု အကြောင်း (ဖတ်ကြည့် စေချင်ပါသည်)

ကိုဗစ်ကပ်ကာလ အတွင်း မှာ လူတွေ အဖြစ် များလာတဲ့ နောက်ထပ် ရောဂါ တစ်ခု အကြောင်း (ဖတ်ကြည့် စေချင်ပါသည်)

မနက်ခင်း ကျရင် လက်တွေခြေ တေညောင်း တယ် ။ လက် မောင်းတွေ တစ်ခါ တစ်ခါ ကျဉ်တယ် ။ လေဖြတ်မှာစိုးတယ် ဆရာ။” “လက်မောင်း တွေ ကျဉ်တာ နဲ့ ညောင်းတာနဲ့ လေဖြတ်တာမှာ ကို ကြိုပြတဲ့ လက္ခဏာ မဟုတ် ပါဘူး။

နေပါဦး ညတုန်းက အိပ်လို့ရလား ။” “မနက် ၃ နာရီမှာ နေမကောင်းလို့လား မသိ နိုးလာပြီး ပြန်အိပ်မရဘူး ။” “ဒါဖြင့် အရင် ညတွေကော အိပ်ပျော် လို့လား။”တွေခနဲ စဉ်းစားပြီး “အိပ်မရတာတွေ ရှိ တယ်။”

“အရင်တခေါက် လေပွဗိုက်တင်းလို့ လာပြတုန်းက ကျနော် ဘာဆေးတွေပေးလိုက်တာလဲ ခင်ဗျားသိလား။ “ဝမ်းပျော့ဆေးရယ် အိပ်ဆေးရယ် နောက် တစ်မျိုးရယ်။” “အိပ်ဆေး မဟုတ်ဘူးဗျ။

သောကပျောက်ဆေး ၂ မျိုးပေးထားတာ။” (Agomelatine နဲ့ Functional Dyspepsia ပါ သက်သာစေတယ်လို့ ကျနော် ယူဆတဲ့ venlafaxine) “ခုလည်း ခင်ဗျား သောကတွေများပြီး နေမကောင်းဖြစ်လာပြန်ပြီ လို့ ယူဆတယ်။

ခဗျား ခုလောလောဆယ် သောကဖြစ်စရာ ရှိနေလား။” “မရှိဘူး။” “လူတွေက သောကဖြစ်ရင် ဒေါသ ဖြစ်ရင် မသိကြဘူး ။ ခုနကပဲ ခင်ဗျားပြော တယ်။ လေဖြတ်မှာစိုးလို့ လို့ပြောတယ်လေ။

အဲဒါ သောကဖြစ်တာ။” သူငြိမ်ပြီး နားထောင် တယ်။“ခင်ဗျား ဖေဖေါ်ဝါရီ မှာ ကျောက်လုပ်ငန်း တွေ ရပ်သွားတုန်းက တစ်ခါနေမကောင်းဖြစ်တယ်။ ဆေး ၂ လ စာပေးလိုက်တော့ နေကောင်းလို့ဆိုပြီး ပြန်မလာပြဘူး။

ခုတော့ အလုပ်မရှိတာကြာပြီး အိမ်မှာ အတွေးတွေ များပြီး နေမကောင်းဖြစ်လာပြန်တာ။ ”“အရင်တစ်ခေါက်ထဲက စီးပွားရေးတစ်ခုခု အပြောင်းအလဲ အထောက်အပံ့ဖြစ်အောင် လုပ်ထားပါလို့ ကျနော်ပြောခဲ့တယ်။

သင်္ကြန်ပြီးရင် စီးပွားရေးတွေ ပြန်စနိုင်မှာ မဟုတ်ဘူးလို့ ကျနော် ပြောခဲ့တယ်လေ။” သူနားထောင်နေတယ်။ “ငါ အလုပ်မဖြစ်ဘူးလို့ စိတ်ညစ်မနေနဲ့။ ကိုယ့်ပါတ်ဝန်းကျင်ကိုကြည့်။ကျောက်ဆိုတာက မရှိမဖြစ် မဟုတ်ဘူး။

ဘယ်ကျောက်သမား မှ အလုပ် မဖြစ်ဘူးလေ။ တခြား စီးပွားရေးသမားတွေ လည်း ထိုင်နေရတာ များတာပါပဲ ။” “အခုလောလောဆယ် မရှိမဖြစ် အခြေခံ အလုပ်တွေပဲ ဆက် လည်ပါတ်လို့ ရနေ တယ် ။

ဥပမာ စားသောက်ကုန်၊ ကျန်းမာရေး။ တော်တော် များများသော စည်းစိမ်ခံပစ္စည်းတွေ ဝန်ဆောင်မှုတွေကို လူတွေ သုံးနိုင်မှာမဟုတ်ဘူး။ တကမ္ဘာလုံး စီးပွားကျနေတာ ဖက်ရှင်လုပ်ငန်းတွေ ထိုင်ေ နရမယ်။

ဘာပွဲလမ်းမှ ရှိမှာမဟုတ်လို့ လူတွေ လှတပ တဝတ်သွားစရာ နေရာမရှိ။ ” “လုပ်ငန်းတွေ အတော်များများ ရပ်ရတယ်။မရပ်ရင်လည်း ဝန်ထမ်းတွေ လျော့ရတယ်။ အတိုးနဲ့ လည်ပါတ်နေသူတွေ အထိနာ၊ ဘဏ်တွေလည်း အတိုးလျှော့ပေးရတယ်။”

“ခုလို စီးပွားမဖြစ်ချိန်မှာ မသေချာတဲ့ ရှေ့ရေးကို ထိုင်ပူနေမယ့်အစား အစားထိုးစီးပွားရေးတစ်ခု ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားထားသင့်တယ်။အဆိုးဆုံးအနေအထားဖြစ်တဲ့ တရုတ်တွေ စီးပွားကျလို့ ကျောက်ဈေးကွက် အလုပ်မဖြစ်တော့မှာကိုလည်း ထည့်တွေးပြင်ဆင်ရမယ်။”

Novel Coronavirus SARS-CoV-2
Colorized scanning electron micrograph of an apoptotic cell (green) heavily infected with SARS-COV-2 virus particles (yellow), isolated from a patient sample. Image captured at the NIAID Integrated Research Facility (IRF) in Fort Detrick, Maryland. Credit: NIAID

ကိုဗစ်
“အခုလို အလုပ် မရှိချိန်မှာ စီးပွားမဖြစ်တောင် ကျန်းမာရေးကောင်းအောင် လုပ်မယ်လို့ တွေးသင့်တယ်။ ခုလို ဝနေတာကြီးကို ပိန်အောင်လုပ်မယ်။သင့်တင့်အစားအစာ စားတဲ့အကျင့်လုပ်မယ် ဒါမျိးဖြစ်သင့်တယ်။

စိတ်လေနေမယ့်အစား မြက်ထ ရှင်းလိုက်။ မရှင်းခင် မြက်တွေပွနေတာကို သေချာကြည့်၊ ရှင်းပြီးသွားရင် ငါလုပ်လိုက်တာဆိုတဲ့ ပီတိလေးပေါ်အောင်ကြည့်၊ တစ်ခုခု အကျိုးရှိအောင် လုပ်နေ၊ တချိန်ထဲမှာ ငါလဲကျနေရာကနေ ဘယ်လိုပြန်ထမယ်ဆိုတာတွေးပြီး နည်းလမ်းရှာထား၊ အောက်ခြေက ပြန်စရတာမျိုးတောင် ထည့်တွေး သင့်တယ်။

ဥပမာ – ဆိုင်ငယ်လေး တစ်ခု စားသောက်ဆိုင် သေးသေးလေး တစ်ခုက ပြန်စရတာမျိုးတောင် ဖြစ်နိုင်တယ် ။ ဆေးတစ်ရက်စာပဲ ပေးလိုက်မယ်။နက်ဖြန် ပြန်လာပြ။ ခင်ဗျား ကျနော်နဲ့ စကားပြောဖို့ လိုမယ်။ ”

“ဟုတ်တယ် ဆရာ။ ကျနော်ခွေးတွေ သွားကျွေးတော့ မယ်။” တဲ့ တကယ် ပြောခဲ့တာ ဒီထက် အများကြီးပါ။ ရိုက်လည်း မတင်နိုင်တော့ဘူး။ ဒီအချိန် မှာ ဒီလိုလူနာတွေ များနေတာကို သိစေချင် တာပါ။

ခရက်ဒစ်