လှပကျစ်လျစ်တဲ့ ဘော်ဒီမိုက်မိုက်လေး ရဖို့အတွက် လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်နေတဲ့ မော်ဒယ်လ် မင်းသမီးလေး ခင်လွှမ်း

ပရိသတ်ကြီးရေ…..ရင်ဖိုဖွယ်ကောက်ကြောင်း အလှကိုပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသမီးလေး ခင်လွှမ်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အချိန်တိုအတွင်းပရိသတ်အားပေး၀န်းရံမှုရရှိထားတဲ့သူလေးပါ။ ဒါ့ပြင်ခင်လွှမ်းဟာ သရုပ်ဆောင်စည်ဖြိုးနဲ့လည်း ကြည်နူးစရာကောင်းတဲ့ relationshipတစ်ခုကိုတည်ထောင် ထားတာဖြစ်ပါတယ်နော်။

စည်ဖြိုးနဲ့ခင်လွှမ်းဟာလည်း လိုက်ဖက်မှုရှိပြီးရှေ့သွား နောက်လိုက်ညီကာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ ဆွဲဆောင်မှုရှိတဲ့အမိုက်စားပုံရိပ်တွေနဲ့ tik tokဗီဒီယိုတွေကို မကြာခဏဆိုသလို ပရိတ်သတ်တွေအတွက် တင်ပေးလေ့ ရှိသူလည်းဖြစ်ပါတယ်။ ခင်လွှမ်းဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးတော့လည်း အမြဲလိုလိုဂရုစိုက်လေ့ရှိတာကြောင့် သူမရဲ့ဘော်ဒီအချိုးအစားလေးဟာဆိုရင်လည်း မိန်းကလေးချင်းပါ အားကျရတာပါနော်။

မကြာသေးမီကလည်း ခင်လွှမ်းဟာ သူမရဲ့ Facebook accလေးမှာ “တကယ်လုပ်ရင်တကယ်ဖြစ်တယ် But ကိုယ်ကတော့ ဖြစ်မလာသေးလို့ ထပ်ကြိုးစားပါအုံးမယ်” ဆိုတဲ့ captionလေးနဲ့ gymဆော့နေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ဘော်ဒီကျစ်ကျစ်လျစ်လျစ်လေးနဲ့ ခင်လွှမ်းတစ်ယောက် ကတော့ လှပြီးရင်းလှနေတော့တာပါ။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khin Hlwan’s Facebook acc

zawgyi

ပရိသတ္ႀကီးေရ…..ရင္ဖိုဖြယ္ေကာက္ေၾကာင္း အလွကိုပိုင္ဆိုင္ထားၿပီး ဆြဲေဆာင္မႈရွိတဲ့ မင္းသမီးေလး ခင္လႊမ္းကိုသိၾကမယ္ထင္ပါတယ္ေနာ္။ သူမဟာ တက္သစ္စအႏုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ အခ်ိန္တိုအတြင္းပရိသတ္အားေပး၀န္းရံမႈရရွိထားတဲ့သူေလးပါ။ ဒါ့ျပင္ခင္လႊမ္းဟာ သ႐ုပ္ေဆာင္စည္ၿဖိဳးနဲ႔လည္း ၾကည္ႏူးစရာေကာင္းတဲ့ relationshipတစ္ခုကိုတည္ေထာင္ ထားတာျဖစ္ပါတယ္ေနာ္။

စည္ၿဖိဳးနဲ႔ခင္လႊမ္းဟာလည္း လိုက္ဖက္မႈရွိၿပီးေရွ႕သြား ေနာက္လိုက္ညီကာ အႏုပညာအလုပ္ေတြကိုႀကိဳးစားလုပ္ကိုင္ေနသလို ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြလည္းလုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။ ဒါ့ျပင္သူမဟာ ဆြဲေဆာင္မႈရွိတဲ့အမိုက္စားပုံရိပ္ေတြနဲ႔ tik tokဗီဒီယိုေတြကို မၾကာခဏဆိုသလို ပရိတ္သတ္ေတြအတြက္ တင္ေပးေလ့ ရွိသူလည္းျဖစ္ပါတယ္။ ခင္လႊမ္းဟာ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ပက္သက္ၿပီးေတာ့လည္း အၿမဲလိုလိုဂ႐ုစိုက္ေလ့ရွိတာေၾကာင့္ သူမရဲ႕ေဘာ္ဒီအခ်ိဳးအစားေလးဟာဆိုရင္လည္း မိန္းကေလးခ်င္းပါ အားက်ရတာပါေနာ္။

မၾကာေသးမီကလည္း ခင္လႊမ္းဟာ သူမရဲ႕ Facebook accေလးမွာ “တကယ္လုပ္ရင္တကယ္ျဖစ္တယ္ But ကိုယ္ကေတာ့ ျဖစ္မလာေသးလို႔ ထပ္ႀကိဳးစားပါအုံးမယ္” ဆိုတဲ့ captionေလးနဲ႔ gymေဆာ့ေနတဲ့ပုံေလးေတြကို တင္ေပးလာပါတယ္။ ေဘာ္ဒီက်စ္က်စ္လ်စ္လ်စ္ေလးနဲ႔ ခင္လႊမ္းတစ္ေယာက္ ကေတာ့ လွၿပီးရင္းလွေနေတာ့တာပါ။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Photo credit-Khin Hlwan’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

two × 5 =