အရမ်းချစ် ရတဲ့ “မ” အတွက် စာတစ်စောင် ရေးပြီး ကြိုးဆွဲချ သတ်သေ သွား တဲ့ လားရှိုးမြို့ က လူငယ် တစ်ဦး

အရမ်းချစ် ရတဲ့ “မ” အတွက် စာတစ်စောင် ရေးပြီး ကြိုးဆွဲချ သတ်သေ သွား တဲ့ လားရှိုးမြို့ က လူငယ် တစ်ဦး

(၂၉.၅.၂၀၂၀)ရက်နေ့၊(၀၆:၁၃) အချိန်ခန့် ရပ်ကွက်(၁၂)၊နယ်မြ(၅)၊နယ်စည်းမထားဆရာဝန်များရုံးအရှေ့၊ပိတောက်ပင်ပေါ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံးနေပါသဖြင့်ကူညီပေးနိုင်ပါရန် ကျောက်မဲမြို့နေ ကိုနေဖြိုးမြင့်(တာချီလိတ်နယူးအေဂျင်စီ)မှ ဆက်သွယ်အကြောင်းကြား လာပါသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန် တွင် လားရှိုးမြို့နယ်မြေရဲစခန်း၊တာဝန်းမှူး-ဒုရဲအုပ်လှခင်ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်(၁၂)အုပ်ချုပ်ရေးမှူး-ဦးဘလှတင်၊ရပ်ကွက်(၁၂)ရဲကင်းမှတပ်ကြပ်မောင်မောင်သောင်းနှင့်တာဝန်ရှိသူများ၊ကရုဏာရှင်လူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်းကာ သေဆုံးသူ-အမည်၊ နေရပ်မသိရှိရသည့်

အမျိုးသားတစ်ဦးအား သစ်ပင်ပေါ် မှ ခက်ခက်ခဲခဲ ဖြုတ်ယူကာ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့၊ထိုမှ တစ်ဆင့်လားရှိုးပြည်သူ့ဆေးရုံကြီး-ရင်ခွဲရုံသို့(PR-003)ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။ သေဆုံးသူမှာ လက်ဖက်ရည်ဆိုင်တစ်ခုမှ လက်ဖက်ရည် အဖျော်ဆရာတစ်ဦးဟု သိရှိရပီးn အမည်၊နေရပ်လိပ်စာ မသိရှိရသေးပါ။သေဆုံးသူအား သိရှိပါက မိသားစုဝင်များ ထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

Credit တာချီလိတ်နယူးအေဂျင်စီ

Add a Comment

Your email address will not be published. Required fields are marked *

three × three =