နိုဝင်ဘာလ က သိန်း(၁၅၀၀၀) ပေါက်သွား ခဲ့ တဲ့ အဘွား က ပြန်လည်မျှဝေပေး လိုက်တဲ့ ထီပေါက်စေတဲ့ ဂါထာတော်

နိုဝင်ဘာလ က သိန်း(၁၅၀၀၀) ပေါက်သွား ခဲ့ တဲ့ အဘွား က ပြန်လည်မျှဝေပေး လိုက်တဲ့ ထီပေါက်စေတဲ့ ဂါထာတော်

အစွမ်းထက်မြက်တဲ့ ထီပေါက် ဂါထာကို ထီပေါက်တဲ့အဖွားပေးခဲ့တဲ့ မင်္ဂလာပါသူဌေးမင်း ထီဆိုင်ကြီးမှ ကူးယူဖော်ပြအပ်ပါတယ်။ အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ရှေးကျမ်းရင်း တစ်စောင်မှာဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာဖြစ်ပါတယ်။ ဂါထာ ရဲ့ အဓိပ္ပါယ် အတိုချုပ်က ဗုဒ္ဓမြတ်စွာ ဘုရား ရှိစဉ်က ကောဏ္ဍဝေန မထေရ်ကြီးသည် ပထမစာရေးတံမဲကို အမြဲတမ်းပေါက်ခဲ့၏ ထို့အတူ ကျွန်ုပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်း” ဟု ဆိုထားပါတယ်

ရှေးဟောင်း ပေစာတစ်ခုထဲ မှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူးအစွမ်း ထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။ အခု ဂါထာ ကို မိတ်ဆွေတွေ အတွက် စေတနာရှေ့ထားလို့ ဖော်ပြပေးလိုက် ရပါတယ် …။ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင် သင် ဟာ ကိုးကွယ်ရာဘာသာရဲ့သီလကို ဆောက်တည်ရပါ လိမ့်မယ်ဂါထာ မန္တန်တွေရဲ့ အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှု အစွမ်း၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့ အပေါ်မှာ မူတည်ပြီး အစွမ်း ထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိ ပါတယ်။

ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ် ဆိုရင် လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ်။ လွယ်လွယ်တော့ မရနိုင်ပါဘူး။ လိုက်နာရမယ့် ၃ ချက်က

၁။ ဒီဂါထာကို တစ်နေ့ အနည်းဆုံး ၁၀၈ လုံး ပုတီး တစ်ပတ်ရအောင် စိပ်ရပါ လိမ့်မယ်။ နေ့စဉ် မပျက်မကွက် စိတ်ရမှာ ဖြစ်ပါတယ်

၂။ ပုတီးမစိပ်မှီမှာ မြတ်စွာဘုရားသခင် ရှေ့မှာ သီလကို ဦးဆုံး ဆောက် တည်ပါ

၃။ နောက်ဆုံး အချက်ကတော့ ဒီဂါထာ ကို နေ့စဉ် မှန်မှန် စိပ်သွားပြီး လစဉ်ထီထိုးပေးပါက ၆ လအတွင်း ထီပေါက်နိုင်ပါတယ် …။

အဖိုးထိုက်တန်သော ထီပေါက် ဂါထာ “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္ဍ ဓာနောဧတေနသ စ္စ ဝဇ္ဆေ ဧဝံမေဟောတု” ရှားပါးပြီ အဖိုးမဖြတ် နိုင်တဲ့ ဗုဒ္ဓဘာသာ ဂါထာ တစ်ပုဒ်ပါ။ အာလုံးပဲ ထီပေါက်ကံကို ဆွတ်ခူး နိုင်ကြပါစေ သိန်းဆုတွေ ပေါက်ကြပါစေ ။ အမျိုးတစ်ယောက် ကတော့ ဒီဂါထာရွတ်ပြီး သိန်းဆု အမှန် တကယ် ပေါက်သွား တာကြောင့် ဒီဂါထာကို ဖော်ပြရခြင်း ဖြစ်ပါတယ် …။ ။

Writer ; Kwee (Jeeptoolay)
Source ; PanPyoeLat

Add a Comment

Your email address will not be published. Required fields are marked *

15 − 3 =