ရန်ကုန်မြို့ က လူတွေ သတိမထား မိသေး တဲ့ ကိုဗစ် အစုလိုက် အပြုံလိုက် ကူးစက်နိုင်တဲ့ နေရာများ

မနေ့ က သင်္ဃန်းကျွန်းမြို့နယ် မှာ တိုက်ခန်းကို အဆောင်အနေနဲ့ အခန်းတွေ ကန့်ပြီးဖွဲ့ထားတဲ့ တအိမ်တည်းမှာတင် ပိုးတွေ့လူနာအတော်များများတွေ့ရတာ စိုးရိမ်စရာ‌အလွန်ကောင်းလှပါတယ်။ သူတို့တတွေဟာစားသောက်ဆိုင်လုပ်သားတွေပါ နောက်ဆက်တွဲကို စဉ်းစားသာကြည့် ကြပါတော့ လူနာတင်ကားတွေနဲ့ Quarantine ဝင်ဖို့ ဒုတိယအသုတ် လာခေါ်သွားတာကိုလဲတွေ့လိုက်ရပါတယ်။ ပြောချင်တာက ရန်ကုန်မြို့လည်ခေါင်ကြီးမှာတောင် တိုက်ခန်းကို (၆’ x ၃’) အခန်းသေးသေးလေးတွေ၊ အထပ်သားနဲ့ ဖွဲ့ပြီး အဆောင်ငှား စားနေကြတာကလဲ ဒုနဲ့ဒေးပါပဲ ဒီအဆောင်တွေကစိုးရိမ်စရာအလွန်ကောင်းပါတယ်။ ကျန်းမာရေးအရ ဘယ်လိုမှ မသင့်တော် သလို အလင်းရောင် လေဝင်လေထွက် လုံးဝ မရှိပါဘူး ကိုဗစ် အင်မတန်ကူးစက်လို့ကောင်းတဲ့ အနေအထားကို တမင်ဖန်တီးထားသလိုဖြစ်နေပါတယ် ပိုးမွေးတဲ့ ဌာနဖြစ်နေပါတယ်

ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိမ်ခန်းမရှိလို့ တိုက်ခန်းအဆောင်တွေမှာ ကျောတခင်းစာအတွက် ငရဲခန်းလို ဒုက္ခခံပြီး ငှားရမ်းနေထိုင်ကြရတဲ့သူတွေ အများကြီးရှိနေပါတယ်။ ဒီပုံထဲကတိုက်ခန်းတခန်းဆို (၆’ x ၃’) အခန်းပေါင်း (၅၀) လောက်ဖွဲ့ထားတာပါ ရန်ကုန်မြို့လယ်ကပါ (အခု အခန်းပြန်ဝယ်တဲ့သူက ဖျက်လိုက်ပါပြီ) ရန်ကုန်မြို့မှာ အလားတူတိုက်ခန်းအဆောင် မြောက်များစွာရှိနေပါတယ်။ ဒီ တိုက်ခန်းအဆောင်တွေဟာ စားသောက်ဆိုင် ကေတီဗီတွေထက် ကူးစက်နိုင်ခြေပိုမြင့်မားပါတယ် စားသောက်ဆိုင် ကေတီဗီတွေကို အာရုံစိုက်နေချိန်မှာ နောက်တန်းပေါက်နေတဲ့ ဟာကွက်ကြီးကို သတိပြုမိစေလိုပါတယ်။

မြို့တော်စည်ပင်က တရားဝင်ခွင့်ပြုထားတဲ့ အဆောင်တွေလဲ မဟုတ်သလို စည်ပင်သာယာ ရဲ့ စည်းကမ်းတွေနဲ့လဲ ဘာတခုမှမကိုက်ညီတဲ့ တိုက်ခန်းအဆောင်တွေပါပဲ စင်္ကာပူမှာဖြစ်တဲ့ လူပေါင်းရာထောင်ချီအပြုံလိုက် အပြွတ်လိုက်ကူးစက်မှု ဆိုတာက အလုပ်သမား အဆောင်တွေက စဖြစ်တာပါ ဆိုင်ရာမြို့နယ်ရပ်ကွက်အလိုက် အထူးဂရုစိုက်စစ်ဆေးကြပ်မတ်ဖို့လိုနေပါပြီ ရန်ကုန်အတွက်စိတ်ပူရပါတယ်။

crd

မေန႔ က သဃၤန္းကြၽန္းၿမိဳ႕နယ္ မွာ တိုက္ခန္းကို အေဆာင္အေနနဲ႔ အခန္းေတြ ကန႔္ၿပီးဖြဲ႕ထားတဲ့ တအိမ္တည္းမွာတင္ ပိုးေတြ႕လူနာအေတာ္မ်ားမ်ားေတြ႕ရတာ စိုးရိမ္စရာ‌အလြန္ေကာင္းလွပါတယ္။ သူတို႔တေတြဟာစားေသာက္ဆိုင္လုပ္သားေတြပါ ေနာက္ဆက္တြဲကို စဥ္းစားသာၾကည့္ ၾကပါေတာ့ လူနာတင္ကားေတြနဲ႔ Quarantine ဝင္ဖို႔ ဒုတိယအသုတ္ လာေခၚသြားတာကိုလဲေတြ႕လိုက္ရပါတယ္။ ေျပာခ်င္တာက ရန္ကုန္ၿမိဳ႕လည္ေခါင္ႀကီးမွာေတာင္ တိုက္ခန္းကို (၆’ x ၃’) အခန္းေသးေသးေလးေတြ၊ အထပ္သားနဲ႔ ဖြဲ႕ၿပီး အေဆာင္ငွား စားေနၾကတာကလဲ ဒုနဲ႔ေဒးပါပဲ ဒီအေဆာင္ေတြကစိုးရိမ္စရာအလြန္ေကာင္းပါတယ္။ က်န္းမာေရးအရ ဘယ္လိုမွ မသင့္ေတာ္ သလို အလင္းေရာင္ ေလဝင္ေလထြက္ လုံးဝ မရွိပါဘူး ကိုဗစ္ အင္မတန္ကူးစက္လို႔ေကာင္းတဲ့ အေနအထားကို တမင္ဖန္တီးထားသလိုျဖစ္ေနပါတယ္ ပိုးေမြးတဲ့ ဌာနျဖစ္ေနပါတယ္

ရန္ကုန္ၿမိဳ႕မွာ ကိုယ္ပိုင္အိမ္ခန္းမရွိလို႔ တိုက္ခန္းအေဆာင္ေတြမွာ ေက်ာတခင္းစာအတြက္ ငရဲခန္းလို ဒုကၡခံၿပီး ငွားရမ္းေနထိုင္ၾကရတဲ့သူေတြ အမ်ားႀကီးရွိေနပါတယ္။ ဒီပုံထဲကတိုက္ခန္းတခန္းဆို (၆’ x ၃’) အခန္းေပါင္း (၅၀) ေလာက္ဖြဲ႕ထားတာပါ ရန္ကုန္ၿမိဳ႕လယ္ကပါ (အခု အခန္းျပန္ဝယ္တဲ့သူက ဖ်က္လိုက္ပါၿပီ) ရန္ကုန္ၿမိဳ႕မွာ အလားတူတိုက္ခန္းအေဆာင္ ေျမာက္မ်ားစြာရွိေနပါတယ္။ ဒီ တိုက္ခန္းအေဆာင္ေတြဟာ စားေသာက္ဆိုင္ ေကတီဗီေတြထက္ ကူးစက္ႏိုင္ေျခပိုျမင့္မားပါတယ္ စားေသာက္ဆိုင္ ေကတီဗီေတြကို အာ႐ုံစိုက္ေနခ်ိန္မွာ ေနာက္တန္းေပါက္ေနတဲ့ ဟာကြက္ႀကီးကို သတိျပဳမိေစလိုပါတယ္။

ၿမိဳ႕ေတာ္စည္ပင္က တရားဝင္ခြင့္ျပဳထားတဲ့ အေဆာင္ေတြလဲ မဟုတ္သလို စည္ပင္သာယာ ရဲ႕ စည္းကမ္းေတြနဲ႔လဲ ဘာတခုမွမကိုက္ညီတဲ့ တိုက္ခန္းအေဆာင္ေတြပါပဲ စကၤာပူမွာျဖစ္တဲ့ လူေပါင္းရာေထာင္ခ်ီအၿပဳံလိုက္ အႁပြတ္လိုက္ကူးစက္မႈ ဆိုတာက အလုပ္သမား အေဆာင္ေတြက စျဖစ္တာပါ ဆိုင္ရာၿမိဳ႕နယ္ရပ္ကြက္အလိုက္ အထူးဂ႐ုစိုက္စစ္ေဆးၾကပ္မတ္ဖို႔လိုေနပါၿပီ ရန္ကုန္အတြက္စိတ္ပူရပါတယ္။

crd

Add a Comment

Your email address will not be published. Required fields are marked *

15 + five =