ပိုင်တံခွန်ဆိုတာနဲ့ပရိသတ်တွေချစ်နေရသူ တစ်ယောက်ပါ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုတွေများစွာရရှိထားတာပါ။ နိုင်ငံတစ်ကာထိပါ အောင်မြင်မှုတွေများစွာရရှိထားတာပါ။လူမှုကွန်ရက်မှာလည်းသူ့ကိုအားပေးတဲ့ပရိသတ်တွေကလည်းများစွာရရှိထားတာပါ။ ခုနောက်ပိုင်းမှာတော့ပုံရိပ်လေးတွေသိပ်တင်လေ့ မရှိတော့ပဲ သူဝါသနာပါတဲ့ပန်းချီဆွဲတာတွေကိုလုပ်နေတာပါ။ အခုမှာလည်းသူ ပန်းချီဆွဲတဲ့ကိစ္စနဲ့ပတ်သတ်ပြီးခုလိုပြောပြခဲ့တာပါ။
ပန်းချီဆွဲတာက ကျွန်တော့ professional မဟုတ်ဘူး ဆိုတာ လူတိုင်းသိပါတယ် ။ အခု လူတွေပြောနေတဲ့ ပုံတချို့က မှန်ပါတယ် ။ တချို့ပန်းချီ တွေကို ကျနော် ကြိုးစားပြီး တတ်နိုင်သလောက် ဓာတ်ပုံကြည့်ဆွဲထားတာတွေ ရှိပါတယ်။တချို့ကို ကျနော့်စိတ်ကူးနဲ့ ပုံဖော်ဆွဲထားတာပဲ။ ကျနော့်ကို ပန်းချီဆရာထင်နေတာလား ။ကျွန်တော့ စိတ်ခံစားမှုနဲ့တူတဲ့ ပုံတွေဆို သဘောကျလို့ ကျနော်အလုပ်အားတဲ့ အချိန် မှာ သူများနိုင်ငံက ပန်းချီဆရာတွေ ဆွဲပြထားတဲ့ video တွေ လေ့လာပြီးပြန်ဆွဲထားတာ။
ပြီးတော့ ပုံတပုံဆွဲတော့မယ်ဆိုတိုင်း Paing Takhon ရဲ့ Facebook acc Myday မှာ ဘယ်ပုံကို ဘယ်လို ကြည့်ပြီးဆွဲထားလဲ အမြဲ video တင်ပေးခဲ့ပါတယ် ။ ခင်များတို့က စိတ်မှမဝင်စားတာ။ ပန်းချီပြခန်းတွေမှာ တင်ထားတာလဲ မဟုတ်ပါဘူး ။ ကျနော့်အခန်းမှာပဲ ဆွဲပြီးထားထားတာတွေပါ။ ကိုယ့်ဘာသာ ဆွဲပြီး သိမ်းထားတာတွေကိုဝယ်ချင်တဲ့ သူတွေ လာလာမေးလို့ အားလုံးထုတ်ရောင်းပေးတာ။ ဘယ်လောက်နဲ့ ဝယ်ဝယ် ဒါက သူ့အလုပ်ပါ။ လှူတာကို အကြောင်းပြတယ်ဖြစ်မှာစိုးလို့ ဘာမှ မရေးပါဘူး။အခုလဲ ကြိုက်လို့ဝယ်ချင်တဲ့ မိတ်ဆွေတွေကို ရောင်းပေးနေတုန်းပါပဲဆိုပြီး ပြောပြခဲ့တာပါ။ ပိုင်တံခွန်ရဲ့ပိုစ့်အောက်မှ မမအေသင်ကိုရ့ကော့မန့်တစ်ကြောင်းကြောင့် ပရိတ်သတ်တွေကြားပွဲဆူသွားခဲ့တာပဲဖြစ်ပါတယ်နော်။မမအေသင်ကိုတစ်ယောက်ဘယ်လိုရေးလိုက်လည်းဆိုတာတော့ အောက်ကစားလေးကိုကြည့်လိုက်ပါအုံးနော်…။
Credit ; Cele Thadin
zawgyi
Credit ; Cele Thadin