ချစ်ဇနီး နန္ဒာလှိုင် နဲ့ သူ့ရဲ့ မင်္ဂလာဦးည အတွေ့အကြုံလေး ကို အရွှန်းဖောက်ပြီး ပြောပြလာတဲ့ ဦးဇေသီဟ

ပရိတ်သတ်ကြီးရေ ဦးဇေသီဟနဲ့ မင်းသမီးကြီး နန္ဒာလှိုင်တို့ ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတွေ နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြတာပါ။ မိသားစုရဲ့ တနေ့တာ လုပ်ဆောင်ချက်တွေနဲ့ သမီးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကိုလည်း ပရိတ်သတ်ထံ မကြာခဏ မျှဝေလေ့ ရှိကြပါတယ်။ဦးဇေသီဟနဲ့ မင်းသမီး နန္ဒာလှိုင် တို့ တမိသားစုလုံးဟာ လက်ရှိမှာတော့ စောင့်ကြည့်လူနာများ အဖြစ် နေအိမ်မှာပဲ ကွာရန်တင်းဝင်နေရတာပဲ ဖြစ်ပါတယ်။ ဦးဇေသီဟကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ကိုဗစ်ကြောင့် စိတ်ညစ်နေသူ အားလုံးကို ရီစေချင်တာပါ ဆိုကာ သူ့ရဲ့ အဖြစ်အပျက် လေးများကို ဟာသနှောကာ တင်ပေးနေတာပါ။

အခုတခေါက်မှာလည်း ချစ်ဇနီးနဲ့ သူ့ရဲ့ မင်္ဂလာဦးည အတွေ့အကြုံလေးကို ဟာသနှောကာ ပြောပြခဲ့ပါသေးတယ်။ မင်္ဂလာဦးည ကျွန်တော်က တော်ရုံဖျားတာလောက်ဆို ဆေးမသောက်ဘူး။ ရေသောက်ပြီးပဲ ကုတာ။အဲ့ဒါကြောင့် အခုချိန်ထိ ဘာဆေးသောက်သောက် ကျွန်တော့အတွက် အရမ်းပြင်းသလို ဖြစ်နေတယ်။ နန္ဒာ နဲ့ ယူပြီး ပထမဆုံးညမှာ အိပ်ခါနီး နန္ဒာက ကျွန်တော့အရှေ့ မှာ ဝမ်းနှုတ်ဆေး သောက်လိုက်ရော။

ဆေးသောက်လေ့ မရှိတဲ့ ကျွန်တော်က ဘာလို့လဲ မေးတော့ မနက်က စားထားတာများလို့ လို့ဖြေတယ်လေ။ ကျွန်တော်လဲ သူနဲ့အတူ စားထားတာပဲ ဆိုပြီး ယူသောက်လိုက်ပါလေရော။ပုံမှန် မနက်မှ သွားမဲ့ ဝမ်းက သောက်ပြီး ခဏအကြာမှာ အစွမ်းတွေ ပြလိုက်တာ အိမ်သာထဲက မထွက်နိုင်တဲ့ ဘဝ ရောက် သွား လေရော….မင်္ဂလာဦးညကို အဲ့ဒီလိုသာ ကုန်ဆုံးသွား လေသတည်း ပေါ့ဗျာ။ ”ဆိုကာ ဟာသနှောပြီး ပြောပြခဲ့ပါတယ်။ပရိတ်သတ်ကြီးရော နန္ဒာလှိုင်တို့လို အလွဲလွဲအချော်ချော်နဲ့ ပြန်တွေးတိုင်း ရယ်နေရတဲ့ ဘဝရဲ့ အမှတ်တရလေးကို ပြောပြခဲ့ပါဦးနော်။ ကိုဗစ်ကြောင့် စိတ်ညစ်နေ ရတဲ့ အပူတွေ လျော့ကျနိုင်ပြီး ကျန်းမာရွှင်လန်းနိုင်ကြပါစေ။

crd

ပရိတ္သတ္ႀကီးေရ ဦးေဇသီဟနဲ႔ မင္းသမီးႀကီး နႏၵာလႈိင္တို႔ ကေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးေတြ နဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားၾကတာပါ။ မိသားစုရဲ႕ တေန႔တာ လုပ္ေဆာင္ခ်က္ေတြနဲ႔ သမီးေလးေတြရဲ႕ ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးေတြကိုလည္း ပရိတ္သတ္ထံ မၾကာခဏ မွ်ေဝေလ့ ရွိၾကပါတယ္။ဦးေဇသီဟနဲ႔ မင္းသမီး နႏၵာလႈိင္ တို႔ တမိသားစုလုံးဟာ လက္ရွိမွာေတာ့ ေစာင့္ၾကည့္လူနာမ်ား အျဖစ္ ေနအိမ္မွာပဲ ကြာရန္တင္းဝင္ေနရတာပဲ ျဖစ္ပါတယ္။ ဦးေဇသီဟကေတာ့ သူ႔ရဲ႕ ဆိုရွယ္မီဒီယာကေနတဆင့္ ကိုဗစ္ေၾကာင့္ စိတ္ညစ္ေနသူ အားလုံးကို ရီေစခ်င္တာပါ ဆိုကာ သူ႔ရဲ႕ အျဖစ္အပ်က္ ေလးမ်ားကို ဟာသေႏွာကာ တင္ေပးေနတာပါ။

အခုတေခါက္မွာလည္း ခ်စ္ဇနီးနဲ႔ သူ႔ရဲ႕ မဂၤလာဦးည အေတြ႕အႀကဳံေလးကို ဟာသေႏွာကာ ေျပာျပခဲ့ပါေသးတယ္။ မဂၤလာဦးည ကြၽန္ေတာ္က ေတာ္႐ုံဖ်ားတာေလာက္ဆို ေဆးမေသာက္ဘူး။ ေရေသာက္ၿပီးပဲ ကုတာ။အဲ့ဒါေၾကာင့္ အခုခ်ိန္ထိ ဘာေဆးေသာက္ေသာက္ ကြၽန္ေတာ့အတြက္ အရမ္းျပင္းသလို ျဖစ္ေနတယ္။ နႏၵာ နဲ႔ ယူၿပီး ပထမဆုံးညမွာ အိပ္ခါနီး နႏၵာက ကြၽန္ေတာ့အေရွ႕ မွာ ဝမ္းႏႈတ္ေဆး ေသာက္လိုက္ေရာ။

ေဆးေသာက္ေလ့ မရွိတဲ့ ကြၽန္ေတာ္က ဘာလို႔လဲ ေမးေတာ့ မနက္က စားထားတာမ်ားလို႔ လို႔ေျဖတယ္ေလ။ ကြၽန္ေတာ္လဲ သူနဲ႔အတူ စားထားတာပဲ ဆိုၿပီး ယူေသာက္လိုက္ပါေလေရာ။ပုံမွန္ မနက္မွ သြားမဲ့ ဝမ္းက ေသာက္ၿပီး ခဏအၾကာမွာ အစြမ္းေတြ ျပလိုက္တာ အိမ္သာထဲက မထြက္ႏိုင္တဲ့ ဘဝ ေရာက္ သြား ေလေရာ….မဂၤလာဦးညကို အဲ့ဒီလိုသာ ကုန္ဆုံးသြား ေလသတည္း ေပါ့ဗ်ာ။ ”ဆိုကာ ဟာသေႏွာၿပီး ေျပာျပခဲ့ပါတယ္။ပရိတ္သတ္ႀကီးေရာ နႏၵာလႈိင္တို႔လို အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ျပန္ေတြးတိုင္း ရယ္ေနရတဲ့ ဘဝရဲ႕ အမွတ္တရေလးကို ေျပာျပခဲ့ပါဦးေနာ္။ ကိုဗစ္ေၾကာင့္ စိတ္ညစ္ေန ရတဲ့ အပူေတြ ေလ်ာ့က်ႏိုင္ၿပီး က်န္းမာ႐ႊင္လန္းႏိုင္ၾကပါေစ။

crd

Add a Comment

Your email address will not be published. Required fields are marked *

five + ten =