ကိုဗစ္-၁၉ တစ္ေၾကာ့ျပန္လည္ ေခါင္းေထာင္လာမည့္ ကိစၥ ႏိုင္ငံ အသီးသီးကို WHO ေျပာၿပီ

ယခုကာလေတြမွာ ႏိုင္ငံ အမ်ားစုက COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးနည္းလမ္းေတြကို တစ္စတစ္စျပန္လည္ေျဖေလွ်ာ့မႈေတြ ျပဳလုပ္လာခဲ့ရာ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ႏိုင္ငံအသီးသီးအေနနဲ႔ ဗိုင္းရပ္စ္အႏၲရာယ္ တစ္ေၾကာ့ျပန္လည္ေခါင္းေထာင္ လာမည့္ကိစၥ သတိမူၾကဖို႔ ေမလ ၁၁ ရက္ေန႕က တိုက္တြန္းႏႈိးေဆာ္ ေျပာၾကားလိုက္ပါတယ္။

သက္ဆိုင္ရာ စမ္းသပ္မႈေတြအရ လူအနည္းစု ရဲ႕ ခႏၶာကိုယ္မွာသာ ႏိုဗယ္ကို႐ိုနာ ဗိုင္းရပ္စ္ကို ခုခံႏိုင္တဲ့ ပဋိဇီဝပစၥည္း (antibody) ရွိေနၿပီး ယင္းဟာအမ်ားစုမွာေရာဂါပိုးကူးစက္လြယ္တာကို ေဖာ္ၫႊန္းေနတာျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတက္ဒေရာ့စ္ က ေမ ၁၁ ရက္က က်င္းပတဲ့ ဗြီဒီယို သတင္းစာရွင္းလင္းပြဲ မွာ ေျပာၾကားခဲ့ပါတယ္။

ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးနည္းလမ္းေတြ ေျဖေလွ်ာ့ၿပီးေနာက္ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြကို ေျဖရွင္းဖို႔ျပည္သူ႔က်န္းမာေရးအာမခံခ်က္ရွိမယ့္ အဓိကနည္းလမ္းေတြကို လုပ္ေဆာင္ႏိုင္ဖို႔ WHO က ႏိုင္ငံအသီးသီးရွိ အစိုးရေတြနဲ႔ နီးကပ္တဲ့ ပူးေပါင္း႐ြက္မႈေတြ လုပ္ေဆာင္ေနၿပီး ကာကြယ္ေဆးသုေတသနျပဳ ထုတ္လုပ္ႏိုင္ျခင္းမရွိမီ ဘက္စုံ ကာကြယ္ထိန္းခ်ဳပ္ျခင္းဟာ ဗိုင္းရပ္စ္အႏၲရာယ္ကို ကာကြယ္တဲ့ အထိေရာက္ဆုံးနည္းလမ္းျဖစ္တယ္လို႔ ၎က ဆိုပါတယ္။

ထိုမတိုင္မီ WHO က ထုတ္ျပန္တဲ့ လမ္းၫႊန္ခ်က္ မွာ ႏိုင္ငံအသီးသီးအေနနဲ႔ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးနည္းလမ္းေတြကို ေျဖေလွ်ာ့ျခင္းမျပဳမီ.. ၁။ ကပ္ေရာဂါရဲ႕အေျခအေန ထိန္းခ်ဳပ္ႏိုင္မႈ ရွိ မရွိ၊ ၂။ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးနည္းလမ္းေတြကို ေျဖေလွ်ာ့ၿပီးေနာက္ တစ္ေၾကာ့ျပန္လည္ ဆိုးဝါးလာမယ့္ ကပ္ေရာဂါ အေျခအေနကို ေဆးကုသမႈက်န္းမာေရးစနစ္က ေျဖရွင္းႏိုင္မႈရွိမရွိနဲ႔ ၃။ ျပည္သူ႔က်န္းမာေရးေစာင့္ၾကည့္မႈစနစ္ဟာ ေရာဂါအေျခအေန ေျပာင္းလဲမႈ လက္ဝယ္သိရွိႏိုင္ဖို႔ ေရာဂါစစ္ေဆးျခင္း၊ အတည္ျပဳလူနာေတြနဲ႔ အနီးကပ္ထိေတြ႕သူေတြကို ေျခရာ ခံေစာင့္ၾကည့္ႏိုင္စြမ္း ရိွ မရွိ စတဲ့ အဓိကအခ်က္ (၃) ခ်က္ကို ႀကိဳတင္ထည့္သြင္းစဥ္းစားရမွာ ျဖစ္တယ္လို႔ တက္ဒေရာ့စ္က ေျပာၾကားခဲ့ပါတယ္။

မူဝါဒ ခ်မွတ္ဆုံးျဖတ္သူေတြအေနနဲ႔ စာသင္ေက်ာင္းေတြျပန္လည္ ဖြင့္လွစ္ဖို႔နဲ႔ မည္သို႔ေသာ နည္းလမ္းေတြနဲ႔ သင္ၾကားပို႔ခ်မယ္လို႔ ဆုံးျဖတ္ျခင္းမျပဳမီ ကေလးငယ္ေတြရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအေျခအေနနဲ႔ ကူးစက္ခံရပါက ဆိုးဝါးႏိုင္မႈအေျခအေနေတြကို ရွင္းရွင္း လင္းလင္း သိရွိထားဖို႔ စာသင္ေက်ာင္းတည္ေနရာဝန္းက်င္မွာ ကပ္ေရာဂါအေျခအေနဆိုးဝါးမႈရွိမရွိ ၊ စာသင္ေက်ာင္းေတြရဲ႕ ေရာဂါႀကိဳတင္ကာကြယ္ေရးနဲ႔ စီမံထိန္းခ်ဳပ္ႏိုင္မႈအေျခအေန စတဲ့အခ်က္ (၃) ခ်က္ကို ထည့္သြင္းစဥ္းစားရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

COVID-19 ကပ္ေရာဂါျဖစ္ပြား တဲ့အခါ ကမာၻတစ္ဝန္း ေဆးဘက္ဆိုင္ရာပစၥည္းေတြ ရဲ႕ျဖန႔္က်က္မႈ မညီမွ်တဲ့ လိုအပ္ခ်က္ ေပၚလြင္လာၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕အေနနဲ႕ ေမ ၁၂ ရက္က နည္းပညာရရွိမႈဆိုင္ရာ မိတ္ဖက္ဆက္ဆံေရး အစီအစဥ္ကို စတင္မွာျဖစ္ၿပီး ၎ဟာဖြံ႕ၿဖိဳးဆဲႏိုင္ငံေဒသေတြ မွာ အေရးႀကီး က်န္းမာေရးဆိုင္ရာပစၥည္းေတြျဖစ္တဲ့ႏွာေခါင္းစည္း နဲ႔ အသက္ရႉစက္ စတာေတြကိုပိုမိုထုတ္လုပ္ႏိုင္ေစမွာျဖစ္တယ္လို႔ ေဒါက္တာတက္ဒေရာ့စ္က ဆိုပါတယ္။

ဒီမိတ္ဖက္ ဆက္ဆံေရး ပုံစံသစ္ဟာ အျပန္အလွန္ စည္းလုံးညီၫြတ္စြာ ႐ိုင္းပင္းကူညီၾကတဲ့ နမူနာ တစ္ခုျဖစ္ၿပီး က်န္းမာေရးက႑ ဆန္းသစ္တီထြင္မႈနည္းပညာေတြ အလိုအပ္ဆုံး ေနရာေဒသေတြ မွာ အသုံးျပဳ လည္ပတ္ႏိုင္ေစဖို႔ရည္႐ြယ္ေဆာင္႐ြက္တာ ျဖစ္တယ္လို႔ ေဒါက္တာတက္ဒေရာ့စ္က ေျပာၾကားခဲ့ပါတယ္။

crd : whitesone

unicode

ယခုကာလတွေမှာ နိုင်ငံ အများစုက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကို တစ်စတစ်စပြန်လည်ဖြေလျှော့မှုတွေ ပြုလုပ်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံအသီးသီးအနေနဲ့ ဗိုင်းရပ်စ်အန္တရာယ် တစ်ကြော့ပြန်လည်ခေါင်းထောင် လာမည့်ကိစ္စ သတိမူကြဖို့ မေလ ၁၁ ရက်နေ့က တိုက်တွန်းနှိုးဆော် ပြောကြားလိုက်ပါတယ်။

သက်ဆိုင်ရာ စမ်းသပ်မှုတွေအရ လူအနည်းစု ရဲ့ ခန္ဓာကိုယ်မှာသာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ပဋိဇီဝပစ္စည်း (antibody) ရှိနေပြီး ယင်းဟာအများစုမှာရောဂါပိုးကူးစက်လွယ်တာကို ဖော်ညွှန်းနေတာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတက်ဒရော့စ် က မေ ၁၁ ရက်က ကျင်းပတဲ့ ဗွီဒီယို သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။

ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းတွေ ဖြေလျှော့ပြီးနောက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ပြည်သူ့ကျန်းမာရေးအာမခံချက်ရှိမယ့် အဓိကနည်းလမ်းတွေကို လုပ်ဆောင်နိုင်ဖို့ WHO က နိုင်ငံအသီးသီးရှိ အစိုးရတွေနဲ့ နီးကပ်တဲ့ ပူးပေါင်းရွက်မှုတွေ လုပ်ဆောင်နေပြီး ကာကွယ်ဆေးသုတေသနပြု ထုတ်လုပ်နိုင်ခြင်းမရှိမီ ဘက်စုံ ကာကွယ်ထိန်းချုပ်ခြင်းဟာ ဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ထိုမတိုင်မီ WHO က ထုတ်ပြန်တဲ့ လမ်းညွှန်ချက် မှာ နိုင်ငံအသီးသီးအနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကို ဖြေလျှော့ခြင်းမပြုမီ.. ၁။ ကပ်ရောဂါရဲ့အခြေအနေ ထိန်းချုပ်နိုင်မှု ရှိ မရှိ၊ ၂။ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကို ဖြေလျှော့ပြီးနောက် တစ်ကြော့ပြန်လည် ဆိုးဝါးလာမယ့် ကပ်ရောဂါ အခြေအနေကို ဆေးကုသမှုကျန်းမာရေးစနစ်က ဖြေရှင်းနိုင်မှုရှိမရှိနဲ့ ၃။ ပြည်သူ့ကျန်းမာရေးစောင့်ကြည့်မှုစနစ်ဟာ ရောဂါအခြေအနေ ပြောင်းလဲမှု လက်ဝယ်သိရှိနိုင်ဖို့ ရောဂါစစ်ဆေးခြင်း၊ အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေကို ခြေရာ ခံစောင့်ကြည့်နိုင်စွမ်း ရှိ မရှိ စတဲ့ အဓိကအချက် (၃) ချက်ကို ကြိုတင်ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့ တက်ဒရော့စ်က ပြောကြားခဲ့ပါတယ်။

မူဝါဒ ချမှတ်ဆုံးဖြတ်သူတွေအနေနဲ့ စာသင်ကျောင်းတွေပြန်လည် ဖွင့်လှစ်ဖို့နဲ့ မည်သို့သော နည်းလမ်းတွေနဲ့ သင်ကြားပို့ချမယ်လို့ ဆုံးဖြတ်ခြင်းမပြုမီ ကလေးငယ်တွေရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေနဲ့ ကူးစက်ခံရပါက ဆိုးဝါးနိုင်မှုအခြေအနေတွေကို ရှင်းရှင်း လင်းလင်း သိရှိထားဖို့ စာသင်ကျောင်းတည်နေရာဝန်းကျင်မှာ ကပ်ရောဂါအခြေအနေဆိုးဝါးမှုရှိမရှိ ၊ စာသင်ကျောင်းတွေရဲ့ ရောဂါကြိုတင်ကာကွယ်ရေးနဲ့ စီမံထိန်းချုပ်နိုင်မှုအခြေအနေ စတဲ့အချက် (၃) ချက်ကို ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

COVID-19 ကပ်ရောဂါဖြစ်ပွား တဲ့အခါ ကမ္ဘာတစ်ဝန်း ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ရဲ့ဖြန့်ကျက်မှု မညီမျှတဲ့ လိုအပ်ချက် ပေါ်လွင်လာပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ မေ ၁၂ ရက်က နည်းပညာရရှိမှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး အစီအစဉ်ကို စတင်မှာဖြစ်ပြီး ၎င်းဟာဖွံ့ဖြိုးဆဲနိုင်ငံဒေသတွေ မှာ အရေးကြီး ကျန်းမာရေးဆိုင်ရာပစ္စည်းတွေဖြစ်တဲ့နှာခေါင်းစည်း နဲ့ အသက်ရှူစက် စတာတွေကိုပိုမိုထုတ်လုပ်နိုင်စေမှာဖြစ်တယ်လို့ ဒေါက်တာတက်ဒရော့စ်က ဆိုပါတယ်။

ဒီမိတ်ဖက် ဆက်ဆံရေး ပုံစံသစ်ဟာ အပြန်အလှန် စည်းလုံးညီညွတ်စွာ ရိုင်းပင်းကူညီကြတဲ့ နမူနာ တစ်ခုဖြစ်ပြီး ကျန်းမာရေးကဏ္ဍ ဆန်းသစ်တီထွင်မှုနည်းပညာတွေ အလိုအပ်ဆုံး နေရာဒေသတွေ မှာ အသုံးပြု လည်ပတ်နိုင်စေဖို့ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒေါက်တာတက်ဒရော့စ်က ပြောကြားခဲ့ပါတယ်။

crd : whitesone