ကိုဗစ်ပထမလှိုင်း နဲ့ ဒုတိယလှိုင်းဟာ နှိုင်းယှဉ်လိုက်ရင် အဆ ၉၀ ကွာပါတယ် ဘယ်လိုကြောင့် ပါလိမ့်ဆို ရှင်တမ်း(အများသိအောင် များများရှယ်ထားပေးပါအုံး …)

စာအရှည်ကြီးရေးဖို့လဲ မအားတာ ကြောင့် လိုတိုရှင်း ရေးလိုက် ပါတယ်. ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဟာ နှိုင်းယှဉ်လိုက် ရင် အဆ ၉၀ ကွာပါတယ်. ဘယ်လိုကြောင့် ပါလိမ့်ဆို ရှင်းပါ့မယ်ပထမလှိုင်းမှာ လူနာစတွေ့သည့် မတ်လ ၂၃ မှ လူနာ ၃၇၄ ယောက်ဖြစ်ဖို့ ၂၁ ပတ်ကြာပါတယ် တစ်ပတ်ကို ၁၆ ယောက်နှုန်း ဖြစ်ပါတယ်.

သို့သော် ဒုတိယလှိုင်း စတင်သည့် လူနာ ၃၇၅ မှ ၉၉၉၁ ဖြစ်ဖို့ ၆ ပတ်ပဲကြာပါတယ် တစ်ပတ်ကို ၁,၆၀၃ ယောက် ပိုးတွေ့ပါတယ် ဒါဆိုအဆ ၉၀ ကွာတာသိလောက်ပြီထင်ပါတယ်ထို့နည်းတူပထမလှိုင်းမှာ သေသူ ၆ ယောက်ပဲရှိပေမဲ့ ဒုတိယလှိုင်းမှာ ယခုအချိန်အထိသေသူ ၁၉၂ ယောက် ရှိပါတယ်.

သေသူ စုစုပေါင်း ၁၉၈ ယောက်ကို ခွဲခြမ်းစိတ်ဖြာ ကြည့်လျှင် ၆၀ အထက် ၁၃၇ ယောက်ရှိပြီး စုစုပေါင်းသေဆုံးသူ၏ ၆၉% ရှိနေတာကို တွေ့ရမှာပါ. အမျိုးသား သေဆုံးမှုက အများဆုံး ဖြစ်ပြီး ၁၂၈ ဦးရှိကာ ၆၅% ရှိ ပါတယ် အမျိုးသမီးသေဆုံးမှုက ၇၀ ဦးရှိပြီး ၃၅% ရှိပါတယ်. ကျားမ သေဆုံးမှုအချိုး ၂:၁ ဖြစ်ပါတယ်.

zawgyi




Add a Comment

Your email address will not be published. Required fields are marked *

five × five =