သီချင်းသံကြောင့် အပြင်ထွက်လိုက်၊ အထဲပြန်ဝင်လိုက် နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေတဲ့ လုလုအောင်ရဲ့အခွီ Tik Tok ဗီဒီယို

Model လုလုအောင်ကတော့ ကချင်တိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး မြင်သူငေး ရလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ လုလုအောင်က ရုပ်ရည်ချောမောလှပတဲ့အပြင် သွယ်လျလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် လုလုအောင်က ကလေးတစ်ယောက်မေမေလို့ မထင်မှတ် ရလောက်အောင်ကို အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။

လုလုအောင်က သီချင်းဗီဒီယိုလေးတွေနဲ့ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ Photo Shooting လေးတွေလည်း ရိုက်ကူးလေ့ရှိတဲ့ လုလုအောင်က ပရိသတ်တွေအားပေးမှုကိုပိုပိုပြီး ရရှိနေတာပဲ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ လုလုအောင်က အိမ်မှာနေရင်း အမိုက်စား ပုံရိပ်လေးတွေအပြင် အပျော်တမ်း Tik Tok Video လေးတွေကိုလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အခုလည်း လုလုအောင်က အခွီတလိုင်းပုံစံနဲ့ ပျော်ပျော်ပါးပါး Tik Tok ကစားထားတဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ လုလုအောင်တစ်ယောက် သီချင်းသံကြောင့် အပြင်ထွက်ရမလို၊ အိမ်ထဲပြန်ဝင်ရမလိုဖြစ်နေတဲ့ပုံစံလေးမျိုး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် လုလုအောင်ရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Lulu Aung’s FB Page

Add a Comment

Your email address will not be published. Required fields are marked *

fourteen + 8 =