ကျွန်တော် တို့ ရန်ကုန်မြို့ ကြီးအတွက် ဆုတောင်း ပေးကြရအောင်ဗျာ
ဒီနေ့တော့ စစ်တာလျှော့ထား လို့ ပိုးတွေ့လူနာ လျော့သွားဖို့ ရှိပေမယ့် နောက်ရက်တွေက စပီး Antigen test တွေ စတင်တော့ မှာမို့လို့ လူနာတွေ ထောင်နဲ့ချီ ပေါ်ထွက် လာပါလိမ့်မယ်။ ထို့အတူ တိုးချဲ့ဆေးရုံတွေ၊ နေရာတွေ ပြင်ဆင် ထားပီးသလို တိုက်ပွဲဝင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေကိုလဲ မကွေး၊ ဧရာဝတီ၊ ရှမ်းတော
င်၊ မွန်ပြည်နယ် အစရှိတဲ့ နေရာအနှံ့ကနေ ရန်ကုန်ကို စေလွှတ်လိုက်ပါပီ။ မကြာခင် တိုက်မယ့် တိုက်ပွဲမှာ Volunteer ဆရာဝန်တွေလဲ အများကြီးလိုအပ်နေလို့ UM1YGN.edu.mm ကနေတဆင့် စာရင်းပေးသွင်းနိုင် ကြပါပီ။ တကျောင်းထဲအတူတက်ပီး အတူဆရာဝန်ဖြစ်လာကြတဲ့ တိုက်ပွဲဝင်နေတဲ့ ညီအကို မောင်နှမ ဆရာဝန်တွေ ကို ကူညီပီး တိုက်ပွဲဝင်ကြပါစို့။ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ သူနာပြုတွေ၊ အခြားကျွမ်းကျင်အားလုံးလဲ စာရင်းပေးလို့ရပါတယ်။ ကျန်းမာရေးကတော့ ရှိတဲ့
လူ အကုန်သုံးပီး တိုက်ပွဲဝင်ဖို့ အသင့်ပြင်လိုက်ပါပီ။ ရန်ကုန်မှာ နေထိုင်ကြတဲ့ လူ ၇ သန်းခန့်ဟာ စည်းကမ်း လိုက်နာခြင်းဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တဦးတယောက်ကျန် ပါဝင်ဆင်နွှဲရပါလိမ့်မယ်။ အင်အားကုန်၊ လူကုန်ထုတ်သုံးထားတဲ့ နောက်ဆုံးတိုက်ပွဲဟာ စတင် ပါတော့မယ်။ ရန်ကုန်ရဲ့ သေရေးရှင်ရေးဟာ ဒီတပတ်ထဲမှာ မူတည်နေပါတယ်။ ရှင်သန်မလား။ ကျရှုံးမလား။ နောက်ဆုံးတိုက်ပွဲရဲ့ စစ်ချီတေးကတော့ စတင်လိုက်ပါပီ။
( ဆောင်းပါးအရှည်ကို ယနေ့ည တင်ပေးသွားမည်။)
crd..
zawgyi
crd..
Add a Comment
Your email address will not be published. Required fields are marked *
18 − 7 =